သဘာဝဘေးအန္တရာယ်ကို သတိမူကြိုတင်ပြင်ဆင်ကာကွယ်
ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကမ္ဘာ တစ်ဝန်းတွင် ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံသည်လည်း သဘာဝဘေးအန္တရာယ် အမျိုးမျိုးကို နှစ်စဉ် တစ်မျိုးမဟုတ်တစ်မျိုး ကြုံတွေ့လျက်ရှိသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်း ရပ်ဝန်းမှ မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည်ကို သိကြပြီးဖြစ်သည်။ ယမန် နေ့ကလည်း မထင်မှတ်ဘဲ မိုးသက်လေပြင်းတိုက်ခတ်မှုကို ကြုံတွေ့ခဲ့ရသေးသည်။