ကြေးမုံ စာတည်းရှုထောင့်

ကိုဗစ်-၁၉ ရောဂါ မျိုးကွဲဗီဇသစ်ကို သတိပြုကာကွယ်

မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ ကူးစက်ဖြစ်ပွားနှုန်းမှာ သုံးရာခိုင်နှုန်းအောက် ကျဆင်းလာပြီး ယခုအခါ နှစ်ရာခိုင်နှုန်းဝန်းကျင်သာရှိတော့သည်။ ထိုကဲ့သို့ ရောဂါ ကူးစက်ခြင်းမှ လျော့ကျသက်သာလာပြီး  ကောင်းမွန်သောအခြေအနေတစ်ခုသို့ ရောက်ရှိနေချိန်တွင် ကမ္ဘာပေါ်၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲသစ်တစ်မျိုး ထပ်မံ ပေါ်ပေါက်လာရာ မြန်မာနိုင်ငံသို့ ဝင်ရောက်ကူးစက်ခြင်းမရှိအောင် ကာကွယ်ထား ရမည်ဖြစ်သည်။

စွက်ဖက်မှုကိုလက်မခံ ပြင်းထန်စွာကန့်ကွက်

၂၀၂၁ ခုနှစ် နိုဝင်ဘာလ ၂၆ ရက်နေ့က အမေရိကန်ပြည်ထောင်စုအပါအဝင် နိုင်ငံ အချို့က မြန်မာနိုင်ငံနှင့်ပတ်သက်သည့် ပူးတွဲကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။ အဆိုပါထုတ်ပြန်ကြေညာချက်ကို မြန်မာနိုင်ငံအနေဖြင့် ပြင်းထန်စွာကန့်ကွက်ကြောင်း ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နိုင်ငံခြားရေးဝန်ကြီးဌာနက နိုဝင်ဘာလ ၂၇ ရက်နေ့တွင် သတင်းထုတ်ပြန်ခဲ့သည်။ 

နိုင်ငံတော်အကျိုးရှေးရှုသည့်သတင်းမီဒီယာဦးတည်

“သတင်းမီဒီယာကောင်စီဖွဲ့စည်းရသည့်  ရည်ရွယ်ချက်သည်  သတင်းမီဒီယာ လွတ်လပ်ခွင့်နှင့် သတင်းမီဒီယာသမားများ၏ အကျိုးစီးပွားအတွက်သာမက ပြည်သူများ၏ အကျိုးစီးပွားနှင့် အခွင့်အရေးများကိုပါ အကာအကွယ်ပေးရန် ဖြစ်ပါကြောင်း၊ တစ်နည်းအားဖြင့် သတင်းမီဒီယာကောင်စီသည် သတင်းမီဒီယာ သမားများ သတင်းအချက်အလက် လွတ်လပ်စွာ ရယူဖြန့်ဖြူးခွင့်ရရှိရန်အတွက် ကူညီဆောင်ရွက်ပေးရမည်ဖြစ်သကဲ့သို့  မှန်ကန်တိကျသည့်  သတင်းအချက် အလက်များကို ပြည်သူများ ရရှိရေးအတွက်လည်း ကာကွယ်စောင့်ရှောက်ပေးရန် တာဝန်ရှိသည်” ဟု မြန်မာနိုင်ငံသတင်းမီဒီယာကောင်စီဝင်များ ကတိသစ္စာပြုခြင်း အခမ်းအနားတွင် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချု

ပြည်သူများသတိတရားဖြင့် ဘေးဘယာကင်းဝေး

ကမ္ဘာ့ပြည်သူများအား ခြိမ်းခြောက်ဖျက်ဆီးခဲ့သည့် ကိုဗစ်-၁၉ ကပ်ရောဂါဖြစ်ပွားမှုမှာ နှစ်နှစ်နီးပါး ကြာခဲ့ပြီဖြစ်သည်။ ကပ်ရောဂါဆိုးသည် နှစ်နှစ်တာကာလအတွင်း ကမ္ဘာ့ပြည်သူ ပြည်သား သန်းပေါင်းရာချီ ကူးစက်ခံခဲ့ရပြီး သန်းပေါင်းများစွာသော လူ့အသက်တို့ကို နုတ်ယူသွားခဲ့သည်။ မြန်မာနိုင်ငံတွင် လူဦးရေသန်းပေါင်း ၅၀ ကျော်ရှိသည့်အနက် ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူ ငါးသိန်းကျော်ရှိခဲ့ပြီး ပြည်သူ ပြည်သား နှစ်သောင်းနီးပါး အသက်သေဆုံးခဲ့သည်။

ညီညွတ်သောအားမာန်များဖြင့် ကြိုးပမ်းဆောင်ရွက်

ပြည်ထောင်စုမြန်မာနိုင်ငံတွင်  မှီတင်းနေထိုင်ကြသော တိုင်းရင်းသားလူမျိုးအပေါင်း တို့သည် ဘဝရှင်သန်ရပ်တည်နေထိုင်ရေး၊ လူမှုစီးပွားဘဝဖွံ့ဖြိုးရေးကို  မိမိတို့ အစိုးရနှင့်အတူ  မိမိတို့ကိုယ်တိုင်  ကြိုးပမ်းအားထုတ်နေကြသည်။  နိုင်ငံတော်နှင့် လူမှုအသိုက်အဝန်းများ တိုးတက်ဖွံ့ဖြိုးကောင်းမွန်လာရေးတွင် ပြင်ပမှ အကူအညီ အထောက်အပံ့များရှိခဲ့သော်လည်း     နိုင်ငံတိုးတက်ရေးကို မိမိတို့ကိုယ်တိုင် ဥစ္စာရင်လို ဥစ္စာရင်ခဲ ကြိုးစားအားထုတ်ခဲ့ရသည်။

ပြည်ထောင်စုစိတ်ဓာတ်ရှင်သန်မှ တိုင်းပြည်ငြိမ်းချမ်း

“တစ်နိုင်ငံလုံး ငြိမ်းချမ်းရေးရရှိရေးအတွက်  နိုင်ငံသားတိုင်းတွင်   ပြည်ထောင်စု စိတ်ဓာတ်ထားရှိမွေးမြူသွားကြရန်    အလွန်အရေးကြီးကြောင်း”      နိုင်ငံတော်စီမံ အုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် က ပြည်ထောင်စုတိုင်းရင်းသားလူမျိုးများဖွံ့ဖြိုးရေးတက္ကသိုလ် ပညာရေးဘွဲ့ ငါးနှစ် သင်တန်း အမှတ်စဉ်(၄) ကျောင်းဆင်းမည့် ကျောင်းသား ကျောင်းသူများအား တွေ့ဆုံစဉ်မှာကြားခဲ့သည်။

အားလုံးအနာဂတ်အတွက် ဦးတည်ဆောင်ရွက်

သတ္တဝါတို့သည် ပင်ကိုအသိဉာဏ်ဖြင့် အသက်ရှင်သန်ရပ်တည်နေကြသည်။ လူတို့သည်    သင်ယူလေ့လာမှုအသိဉာဏ်   (ပညာ)  ဖြင့်    ဘဝတိုးတက်ရေးကို ဆောင်ရွက်နေကြသည်။ မွေးကင်းစလူဖြစ်လာသည့်အရွယ်မှစ၍ ပတ်ဝန်းကျင်ကို လေ့လာ၍ သင်ယူတတ်မြောက်လာကြသည်။ အရွယ်ရောက်စအချိန်တွင် အသက် အရွယ်အလိုက် အသိပညာတိုးပွားစေမည့်ပညာတို့ကို လေ့လာသင်ယူကြရသည်။ လူလားမြောက်သောအရွယ်တွင် အသိပညာ၊ အတတ်ပညာ၊ တီထွင်ကြံဆ၊ ဆင်ခြင် တုံတရားများ မြင့်မားလာအောင် ကြိုးပမ်းအားထုတ်ကြရသည်။ ပြီးလျှင် မိမိအကျိုး၊ တိုင်းပြည်အကျိုး တိုးတက်ဖွံ့ဖြိုးအောင် လုပ်ဆောင်ကြသည်။

သူတော်ကောင်းတရားထွန်းကားရာမြန်မာ့မြေ

မြန်မာနိုင်ငံသည် ယဉ်ကျေးမှုအစဉ်အလာကြီးမားသောနိုင်ငံဖြစ်သည်။ သမိုင်းအစဉ် အဆက် နှစ်ပေါင်းထောင်ချီ၍ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ မရှိအတူ ရှိအတူ အေးအတူပူအမျှနေထိုင်ကြသည်။ အစဉ်အဆက်ကျင့်သုံးခဲ့သော ယဉ်ကျေးမှု ဓလေ့ထုံးတမ်းစဉ်လာများနှင့် နှစ်လိုဖွယ်နေထိုင်ခဲ့သည်။ ဗုဒ္ဓသာသနာသည် မြတ်စွာဘုရားရှင် ပေါ်ထွန်းပြီးနောက် ပုဂံခေတ်မှစ၍ ဘာသာ၊ သာသနာထွန်းကား လာခဲ့သည်။

တန်ဆောင်မုန်းလပြည့် သာမညဖလအခါတော်နေ့

သုံးလောကထွတ်ထား သဗ္ဗညုတမြတ်စွာဘုရားရှင်သည် သာမညဖလသုတ္တန် ဒေသနာတော်ကို တန်ဆောင်မုန်းလပြည့်နေ့ညတွင် အဇာတသတ်မင်းကြီးအား ဟောတော်မူသည်ကို အကြောင်းပြု၍ တန်ဆောင်မုန်းလပြည့်နေ့ကို သာမညဖလ အခါတော်နေ့ဟု အထူးပြုခဲ့ပါသည်။ သာမညသည် ရဟန်း၊ သာမဏေပြုလုပ်ခြင်း၊ ဖလသည် အကျိုးကျေးဇူးဖြစ်သည်။ ရဟန်းသာမဏေ၏ အကျိုးကျေးဇူးကို စတင် သိရသောနေ့ဖြစ်သည်။

လွတ်လပ်တရားမျှတသည့် ရွေးကောက်ပွဲဖော်ဆောင်

နိုင်ငံတကာနှင့်  အွန်လိုင်းမျက်နှာစာများ၌ ၂၀၂၀ ပြည့်နှစ်  နိုဝင်ဘာလ ၈ ရက်နေ့ တွင်    ပြုလုပ်သည့်   ရွေးကောက်ပွဲနှင့်ပတ်သက်၍    လွတ်လပ်သည့်ရွေးကောက်ပွဲ ဖြစ်ကြောင်း       ရေးသားဖော်ပြနေသည်ကိုတွေ့ရသည်။      ယနေ့မြန်မာ့နိုင်ငံရေး ပြောင်းလဲမှုဖြစ်စဉ်သည် ရွေးကောက်ပွဲမဲမသမာမှုကို အကြောင်းပြု၍ ဖြစ်ပေါ်လာ သည့်အခြေအနေဖြစ်သည်။  တစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့် အရေးကြီးသည့်ကိစ္စ သည် ခိုင်မာတိကျသည့်အချက်အလက်များဖြင့် ဆောင်ရွက်ခြင်းဖြစ်သည်ကို သတိ ပြုသင့်ပေသည်။

Subscribe to ကြေးမုံ စာတည်းရှုထောင့်