ငြိမ်းချမ်းမှု၊ တရားမျှတမှု၊ သာယာဝပြောမှုဖြည့်ဆည်း
“မြန်မာနိုင်ငံအနေဖြင့် ကုလသမဂ္ဂပဋိညာဉ်စာတမ်းပါ ရည်မှန်းချက်နှင့် မူဝါဒများ ကို အခိုင်အမာယုံကြည်ပြီး မိမိတို့လူသားများအားလုံးအတွက် ကျန်းမာချမ်းသာ ကြွယ်ဝ၍ တိုးတက်ရှင်သန်သော ကမ္ဘာကြီးတစ်ခုတည်ဆောက်နိုင်ရေးအတွက် ကုလသမဂ္ဂ၏အပြုသဘောဆောင် ကြိုးပမ်းအားထုတ်မှုများတွင် ပူးပေါင်းပါဝင် ဆောင်ရွက်သွားမည့် ကတိကဝတ်ကို ထပ်လောင်းအတည်ပြုအပ်ပါသည်” ဟု (၇၆) နှစ်မြောက် ကုလသမဂ္ဂနှစ်ပတ်လည်နေ့သို့ ပြည်ထောင်စုသမ္မတမြန်မာ နိုင်ငံတော် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် ပေးပို့သည့်သဝဏ်လွှာတွင် ဖော်ပြခဲ့သည်။