အိမ်ထောင်စုများအဆင်ပြေရေး လျှပ်စစ်ကိုချွေတာပေး
ယနေ့ကာလတွင် နိုင်ငံရေး၊ လူမှုရေး၊ စီးပွားရေးဂယက်ရိုက်ခတ်မှုအမျိုးမျိုး ရှိသည်။ လက်ရှိတွင် ကိုဗစ်-၁၉ ဂယက်ရိုက်ခတ်မှုကြောင့် လူမှုစီးပွားဘဝများတွင် အခက်အခဲများရှိသည်။ အလုပ်အကိုင်မလည်ပတ်မှု၊ ငွေကြေးဂယက်ရိုက်ခတ်မှုတို့ကြောင့် နိုင်ငံတော်နှင့် ပြည်သူလူထုစီးပွားရေးဘဝတွင် အခက်အခဲများရှိသည်။ ထို့ကြောင့် အစစအရာရာတွင် ခြိုးခြံချွေတာခြင်းဖြင့် တည်ငြိမ်မှုရှိအောင် ပြုလုပ် ရမည်ဖြစ်သည်။