ကြေးမုံ စာတည်းရှုထောင့်

ရောဂါကူးစက်မှုကင်းဝေးရေး စည်းကမ်းဥပဒေများလိုက်နာ

ကျန်းမာရေးဝန်ကြီးဌာနသည် လတ်တလောအသက်ရှူလမ်းကြောင်းဆိုင်ရာ ရောဂါ (ကိုဗစ်-၁၉)  ကြိုတင်ကာကွယ်ရေးလုပ်ငန်းများနှင့်စပ်လျဉ်း၍  ရောဂါ ကူးစက်ပြန့်ပွားမှုမရှိစေရန်အတွက် မတ်လ ၁၅ ရက်နေ့က ထုတ်ပြန်ချက်အရ ခြွင်းချက်ပြုဖော်ပြထားသော ကိစ္စရပ်များမှအပ မတ်လ ၁၆ ရက်နေ့မှစ၍ လူဦးရေ ၄၀၀ အထိ စုဝေးခွင့်ပြုကြောင်း ထုတ်ပြန်ခဲ့သည်။ 

သဘာဝဘေးအန္တရာယ်ကို သတိမူကြိုတင်ပြင်ဆင်ကာကွယ်

ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးအန္တရာယ်အမျိုးမျိုးကို ကမ္ဘာ တစ်ဝန်းတွင် ကြုံတွေ့နေရသည်။ မြန်မာနိုင်ငံသည်လည်း သဘာဝဘေးအန္တရာယ် အမျိုးမျိုးကို နှစ်စဉ် တစ်မျိုးမဟုတ်တစ်မျိုး ကြုံတွေ့လျက်ရှိသည်။ ပြီးခဲ့သည့် ရက်သတ္တပတ်က ဘင်္ဂလားပင်လယ်အော်တွင် ဖြစ်ပေါ်ခဲ့သော လေဖိအားနည်း ရပ်ဝန်းမှ မုန်တိုင်းငယ်တစ်ခု ဖြစ်ပေါ်ကြုံတွေ့ခဲ့ရသည်ကို သိကြပြီးဖြစ်သည်။ ယမန် နေ့ကလည်း မထင်မှတ်ဘဲ မိုးသက်လေပြင်းတိုက်ခတ်မှုကို ကြုံတွေ့ခဲ့ရသေးသည်။

တိုးတက်စိုက်ပျိုးထုတ်လုပ်၍ စီးပွားရေးမြင့်မားအောင်ကြိုးပမ်း

မြန်မာ့စီးပွားရေး ပြန်လည်ဦးမော့လာရေး၊ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးတွင် ပြည်သူများ နေ့စဉ်လူမှုဘဝ၌ လိုအပ်လျက်ရှိသည့် စားသောက်ကုန်များကို ပြည်တွင်း၌ လုံလောက်အောင် စိုက်ပျိုးထုတ်လုပ်ပြီး ဈေးနှုန်းတည်ငြိမ်ပိုလျှံရေး သည် အရေးပါသည့်အချက်ဖြစ်သည်။ မြန်မာနိုင်ငံရှိ ပြည်သူများ နေ့စဉ်စားသောက် မှုဘဝတွင် ဆန်နှင့်ဆီသည် အဓိကကျသည့်စားသောက်ကုန်ဖြစ်သည်။

အားနည်းသူကို အားပေးကူညီ စောင့်ရှောက်မြှင့်တင်

မြန်မာနိုင်ငံသည် လူ့အခွင့်အရေးကို တန်ဖိုးထားလေးစားပြီး အားနည်းသူများ ကိုလည်း ခွဲခြားဆက်ဆံခြင်းမပြုဘဲ အားပေးကူညီ စောင့်ရှောက်မြှင့်တင်ပေးလျက် ရှိသည်။ ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၃ ရက်က ကျင်းပခဲ့သည့် အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများနေ့ (IDPD) ၏ “အားလုံးအကျုံးဝင် လက်လှမ်းမီပြီး ရေရှည် တည်တံ့သည့် ကိုဗစ်-၁၉ အလွန်ကမ္ဘာဖြစ်ပေါ်ရေး မသန်စွမ်းသူများ ဦးဆောင် ပါဝင်ကြိုးစားပေး” ဆောင်ပုဒ်နှင့်အညီ မသန်စွမ်းသူများ၏ အခန်းကဏ္ဍကို တိုးတက် အောင် အလေးထားအကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသည်။

အဖျက်အန္တရာယ်များ အပြီးတိုင်ဖယ်ရှား

လက်တစ်ခုတွင် အတိုအရှည်အရွယ်အစားမတူ၊ သဘောသဘာဝ ဂုဏ်ရည် မတူသည့်   လက်ချောင်းငါးချောင်း ရှိသည်။  မိသားစုတစ်စု၏  မိသားစုဝင်များ တွင်လည်း  ထိုနည်းလည်းကောင်းဖြစ်သည်။  နိုင်ငံတစ်နိုင်ငံရှိ  တိုင်းရင်းသား ညီအစ်ကိုမောင်နှမများတွင်လည်း ထိုသဘောသွားအတိုင်းရှိသည်။ တစ်အူထုံ့ဆင်း မိသားစုဝင်များဖြစ်၍ စိတ်သဘောထား၊ ခံယူချက်မတိုက်ဆိုင်မှုများကို နားလည် ခွင့်လွှတ်ကြမည်ဖြစ်သော်လည်း မိသားစုချင်း စိတ်ဝမ်းကွဲပြီး မိသားစုကြီးတစ်ခုလုံး ပြိုကွဲပျက်စီးသွားမည့် ပြုလုပ်မှုများကိုမူ မိသားစုဝင်တိုင်းအနေဖြင့် မည်သို့မျှ လက်ခံနိုင်မည်မဟုတ်ပေ။

ထာဝရငြိမ်းချမ်းရေးသည် တပ်မတော်၏အဓိကရည်မှန်းချက်

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအနေဖြင့် နိုင်ငံ့တာဝန်စတင်ထမ်းဆောင် ခဲ့သည့်ကာလတွင်  ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို  စဉ်ဆက်မပြတ်အကောင် အထည်ဖော်နိုင်ရန် ချမှတ်ထားသော ရှေ့လုပ်ငန်းစဉ်(၅)ရပ်နှင့် ဦးတည်ချက်(၉) ရပ်တွင် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို  ဦးစားပေးထည့်သွင်းပြီး  အလေးထား အကောင်အထည်ဖော်လျက်ရှိသည်။ ထာဝရငြိမ်းချမ်းရေးသည်  နိုင်ငံအတွက် အသက်တမျှအရေးကြီးပြီး   ငြိမ်းချမ်းရေးရရှိမှသာ     နိုင်ငံဖွံ့ဖြိုးတိုးတက်ကာ တိုင်းဒေသကြီးနှင့်ပြည်နယ်အားလုံး တန်းတူညီမျှ ဖွံ့ဖြိုးတိုးတက်လာမည်ဖြစ်သည်။

နိုင်ငံကိုအစဉ်ကာကွယ်စောင့်ရှောက် စွမ်းရည်ထက်မြက်သည့်တပ်မတော်

ပြည်ထောင်စုမြန်မာနိုင်ငံတော်တွင်  တိုင်းရင်းသားလူမျိုးများ   နှစ်ပေါင်း ထောင်ချီ အေးအတူပူအမျှ အတူတကွ လက်တွဲနေထိုင်ခဲ့ကြသည်။   နှစ်ပေါင်း ထောင်ချီကာလအတွင်း တိုင်းပြည်အန္တရာယ် ရန်စွယ်များကို တိုင်းရင်းသားလူမျိုး များသည် သတ္တိစွမ်းရည်ပြည့်ဝစွာဖြင့် အတူပူးပေါင်းလက်တွဲ တွန်းလှန်ကာကွယ် ခဲ့ကြသည်။ ၁၉ ရာစု ကာလတွင် ကမ္ဘာကြီးသည် တိုးတက်ပြောင်းလဲလာခဲ့သည်။ 

သမိုင်းတစ်ခေတ်ထွန်းသစ်အောင်ကြိုးပမ်း

ခေတ်သမိုင်းအဆက်ဆက်တွင် အနစ်နာခံ၊ စွန့်လွှတ်စွန့်စား စွမ်းဆောင်နိုင် သောအဖွဲ့အစည်းကို ဖော်ပြမည်ဆိုပါလျှင် တပ်မတော်ကိုသာ ညွှန်းဆိုရမည် ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် နိုင်ငံတော်ကြီး အဓွန့်ရှည်ကြာ တည်တံ့ခိုင်မြဲ စေရေးနှင့် ပြည်ထောင်စုကြီးအတွင်း၌ တိုင်းရင်းသားပြည်သူများ လုံခြုံစိတ်ချ တိုးတက်ကောင်းမွန်စွာ   နေထိုင်နိုင်ရန်အတွက်   တပ်မတော်သားများသည် စွန့်လွှတ်စွန့်စား၊ အသက်၊ သွေး၊ ချွေးများ မနှေးပေးဆပ်၍ ကာကွယ်စောင့်ရှောက် ပေးနေသောကြောင့်ဖြစ်သည်။  

သဘာဝဘေးအန္တရာယ်ကို ညီညွတ်သောစွမ်းအားဖြင့် ကျော်လွှား

မြန်မာနိုင်ငံတွင် သဘာဝဘေးအန္တရာယ်၊ ရောဂါကပ်ဘေးအန္တရာယ်၊ အကြမ်း ဖက်အဖျက်သမားအန္တရာယ် စသည့် ဘေးအန္တရာယ်အမျိုးမျိုးကို နိုင်ငံတော်အစိုးရ နှင့်အတူ ပြည်သူများ၏ ညီညွတ်သော ပူးပေါင်းလက်တွဲဆောင်ရွက်မှုများဖြင့် ကျော်လွှားနိုင်ခဲ့ပါသည်။

စားသောက်ကုန်များ အရည်အသွေးပြည့်မီရေးကြိုးပမ်း

မြန်မာနိုင်ငံတွင်   အသေးစား၊    အလတ်စားစီးပွားရေးလုပ်ငန်းများ  မြောက်မြားစွာရှိသည်။ မြောက်မြားစွာရှိသောလုပ်ငန်းငယ်လေးများက ပြည်တွင်း လိုအပ်ချက်၊   စားသုံးကုန်၊   လူသုံးကုန်လိုအပ်ချက်များကို   တစ်တပ်တစ်အား ဖြည့်ဆည်းပေးလျက်ရှိသည်။ ထို့ကြောင့်  အသေးစား၊  အလတ်စားစီးပွားရေး လုပ်ငန်းများအား နိုင်ငံတော်က အားပေးမြှင့်တင် ထောက်ပံ့ကူညီပေးလျက်ရှိသည်။ 

Subscribe to ကြေးမုံ စာတည်းရှုထောင့်