ကိုဗစ်-၁၉ ရောဂါကို တက်ညီလက်ညီတုံ့ပြန်ကြိုးပမ်း
မြန်မာနိုင်ငံတွင် ကိုဗစ်-၁၉ ရောဂါ တတိယလှိုင်းကြုံတွေ့ရစဉ်က ကုသရေး ပိုင်းဆိုင်ရာနှင့် အောက်ဆီဂျင်လိုအပ်ချက် စသည့်အခက်အခဲများကြောင့် ရောဂါ ကူးစက်ခံရသည့် ပြည်သူများကြား စိုးရိမ်ဖွယ်ရာအခြေအနေများနှင့် ကြုံခဲ့ရသည်။ သို့သော်နိုင်ငံတော်အစိုးရ၏ စီမံညွှန်ကြားဆောင်ရွက်မှုများ၊ ကျန်းမာရေးဝန်ထမ်း များ၏ ကြိုးပမ်းအားထုတ်မှုနှင့် ပြည်သူများ၏ ပူးပေါင်းပါဝင်လိုက်နာဆောင်ရွက် မှုများကြောင့် ကိုဗစ်-၁၉ ရောဂါကူးစက်မှုမှာ တစ်နေ့တခြားကျဆင်းလာပြီး ရောဂါကူးစက်မှုနှုန်း တစ်ရာခိုင်နှုန်းဝန်းကျင်သာရှိခဲ့သည်။