ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့် အပ်နှင်းခြင်းခံထိုက်သည့် ပုဂ္ဂိုလ်များမှာ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်သော နိုင်ငံတော်ကို တည်ဆောက်ရာ တွင် စွမ်းစွမ်းတမံဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ နိုင်ငံတော် နှင့် ချစ်ကြည်ရင်းနှီးစွာ ပူးပေါင်းဆောင်ရွက်ရေးအတွက် ကြိုးပမ်းဆောင်ရွက်ကြသည့် နိုင်ငံခြားတိုင်းပြည်များမှ ခေါင်း ဆောင်များ၊ သံတမန်များနှင့် ပုဂ္ဂိုလ်များ၊ အမျိုးသားရေးမူဝါဒ ဖြစ်သော ဒို့တာဝန်အရေးသုံးပါးကို ကာကွယ်စောင့်ရှောက်ရာ ၌ သက်စွန့်ကြိုးပမ်းဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ ရပ်ရွာ အေးချမ်းသာယာရေးနှင့် တရားဥပဒေစိုးမိုးရေး၊ ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ဖြစ်ပေါ်လာစေရေးအတွက် နိုင်ငံ ရေး၊ စီးပွားရေး၊ လူမှုရေးဦးတည်ချက်များနှင့်အညီ ထူးခြား စွာ အားထုတ်ကြိုးပမ်းဆောင်ရွက်ကြသည့် ပုဂ္ဂိုလ်များ၊ သိပ္ပံ ပညာ၊ ဝိဇ္ဇာပညာနှင့် အခြားသောပညာရပ်တစ်ခုခုတွင် ကမ္ဘာ့ အဆင့်မီ အောင်မြင်စွာ တီထွင်ဖန်တီးစွမ်းဆောင်နိုင်သော ပုဂ္ဂိုလ်များ၊ စာပေနှင့်အနုသုခုမ ပညာရပ်များတွင် ထူးခြား ကောင်းမွန်စွာ တတ်မြောက်သူပုဂ္ဂိုလ်များဟူ၍ ပြဋ္ဌာန်းထား သည်နှင့်အညီ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက အမိန့် ကြော်ငြာစာအမှတ် ၂၁၁/၂၀၂၂ နှင့် အမိန့်ကြော်ငြာစာအမှတ် ၂၁၂/၂၀၂၂ တို့ဖြင့် ဂုဏ်ထူးဆောင်တံဆိပ်များကို ချီးမြှင့် အပ်နှင်းလိုက်သည်။
၁၀၂ နှစ်မြောက် အမျိုးသားအောင်ပွဲနေ့ဖြစ်သော ၁၃၈၄ ခုနှစ်၊   တန်ဆောင်မုန်းလပြည့်ကျော်     ၁၀   ရက်နေ့တွင်  ကျက်သရေမင်္ဂလာရှိစွာ ပေါ်ထွက်လာသည့် အမိန့်ကြော်ငြာစာ များဖြင့် အထက်တွင်ဖော်ပြခဲ့သော ဂုဏ်အရည်အချင်းများနှင့် ပြည့်စုံသည့်ပုဂ္ဂိုလ်များကို ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူး ဆောင်တံဆိပ်များ အသီးသီး ချီးမြှင့်အပ်နှင်းလိုက်ခြင်းဖြစ် သည်။ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ၏ အမိန့်ကြော်ငြာ စာအမှတ် ၂၁၂/၂၀၂၂  ဖြင့်  ဂုဏ်ထူးဆောင်ဘွဲ့များ၊ ဂုဏ်ထူး ဆောင်တံဆိပ်များချီးမြှင့်ရာတွင်  ၂၀၁၁  ခုနှစ်မှ  ၂၀၂၁  ခုနှစ် ကာလအတွင်း နိုင်ငံတော်တာဝန်များကို ထမ်းဆောင်ခဲ့သော ပုဂ္ဂိုလ်များကို  ချီးမြှင့်အပ်နှင်းခြင်းဖြစ်ရာ ပါတီစုံဒီမိုကရေစီ စနစ်ကျင့်သုံးသည့်ခေတ် ပထမအစိုးရအဖွဲ့နှင့် ဒုတိယအစိုးရ အဖွဲ့တို့တွင်  တာဝန်ထမ်းဆောင်ခဲ့ရသည့် ပုဂ္ဂိုလ်များ ပါဝင်သည်။
ဂုဏ်ထူးဆောင်ဘွဲ့များနှင့်   ဂုဏ်ထူးဆောင်တံဆိပ်များ ချီးမြှင့်အပ်နှင်းခြင်း   ခံယူရသူအားလုံးကို    ကြည့်မည်ဆိုပါက တပ်မတော်မှ ပုဂ္ဂိုလ်များနှင့်  တိုင်းရင်းသားစုံ၊  ပါတီစုံနှင့် ဘာသာပေါင်းစုံတို့မှ ပုဂ္ဂိုလ်များ၊    စာပေပညာရှင်၊   အနုပညာ ရှင်များ၊ အားကစားသမားများ၊  သိပ္ပံ/  ဝိဇ္ဇာထူးချွန်ပညာရှင် များနှင့် တပ်မတော်၊   မြန်မာနိုင်ငံရဲတပ်ဖွဲ့နှင့်   ဌာနဆိုင်ရာ၊ ရပ်ကွက်/ကျေးရွာ    အုပ်ချုပ်ရေးယန္တရားများတွင်   တာဝန် ထမ်းဆောင်ခဲ့ရသူများ စသည်တို့ပါဝင်ကြပြီး အားလုံးသော ပုဂ္ဂိုလ်တို့မှာ  နိုင်ငံတော်နှင့်     ပြည်သူလူထုအကျိုးအတွက် စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသဖြင့်    ဂုဏ်ပြုထိုက်သူများ အဖြစ် ဂုဏ်ပြုခြင်းကို ခံယူကြရခြင်းဖြစ်သည်။
မိမိတို့နိုင်ငံသည်   အမျိုးသားရေးလုပ်ငန်းစဉ်  နှစ်ရပ်ဖြစ် သည့် တိုင်းပြည်သာယာဝပြောရေးနှင့်   စားရေရိက္ခာဖူလုံရေး၊ နိုင်ငံရေး လုပ်ငန်းစဉ်နှစ်ရပ်ဖြစ်သည့် စစ်မှန်၍စည်းကမ်းပြည့်ဝ သည့် ပါတီစုံဒီမိုကရေစီစနစ် ခိုင်မာစေရေးနှင့် ဒီမိုကရေစီနှင့် ဖက်ဒရယ်စနစ်ကို  အခြေခံသည့်  ပြည်ထောင်စုတည်ဆောက် ရေးတို့ကို အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိရာ  နိုင်ငံ့ အကျိုး၊ ပြည်သူ့အကျိုးအတွက်  ထူးထူးကဲကဲ၊  စွမ်းစွမ်းတမံ ကြိုးပမ်းအားထုတ်သူပုဂ္ဂိုလ်များ  ပေါ်ထွန်းလာသည်နှင့်အမျှ နိုင်ငံ့အတွက်   ကြီးမားသည့်   အင်အားအဖြစ်   အကျိုးပြုနိုင် မည် ဖြစ်သည့်အလျောက် အားကျဂုဏ်ယူစွာဖြင့် စွမ်းဆောင် ကြိုးပမ်းနိုင်ကြပါစေကြောင်း။          ။
 
      


