လွတ်လပ်သည့် နိုင်ငံသူ နိုင်ငံသားအားလုံး၏ တာဝန်

 

ယနေ့သည် ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင် ကြီးများ ကျဆုံးခဲ့သည့် (၇၇) နှစ်မြောက် အာဇာနည်နေ့ဖြစ်သည်။ ဗိုလ်ချုပ်တို့ ဦးဆောင်အရယူပေးခဲ့သည့် မြန်မာ့လွတ်လပ်ရေးမှာမူ စိန်ရတုလွန်မြောက်၍  ၇၆  နှစ်တာကာလသို့   ရောက်ရှိခဲ့ပြီ ဖြစ်သည်။


ဗိုလ်ချုပ်အောင်ဆန်းသည်  နယ်ချဲ့လက်အောက်မှ  မြန်မာ နိုင်ငံကို  လုံးဝလွတ်လပ်ရေးရယူရန်  သန္နိဋ္ဌာန်အခိုင်အမာဖြင့်  တိုင်းရင်းသားစည်းလုံးညီညွတ်မှုကို တည်ဆောက်ခဲ့ပြီး အဆိုပါ ညီညွတ်မှုအင်အားဖြင့် လွတ်လပ်ရေးအတွက် ကြိုးပမ်းခဲ့သည်။ ကချင်၊ ကယား၊ ကရင်၊ ချင်း၊ ဗမာ၊ မွန်၊ ရခိုင်၊ ရှမ်း စသည်ဖြင့် တိုင်းရင်းသားများအားလုံး ဗိုလ်ချုပ်အောင်ဆန်း၏ ဦးဆောင် စည်းရုံးမှုတွင် တစ်ခဲနက်လိုက်ပါစည်းလုံးညီညွတ်ခဲ့ကြရာ မကြုံ စဖူး၊ ထူးထူးကဲကဲပင်ဖြစ်သည်ဟု သိမီသူတို့၏ စာပေမှတ်တမ်း များတွင် တွေ့ရသည်။ မြန်မာ့သမိုင်းတစ်လျှောက် ဤသို့သော စည်းလုံးညီညွတ်မှုမျိုးသည် အနော်ရထာမင်းလက်ထက်တွင် တစ်ကြိမ်၊ ဘုရင့်နောင်လက်ထက်တွင် တစ်ကြိမ်၊ အလောင်းဘုရား လက်ထက်တွင်   တစ်ကြိမ်နှင့်    ဆင်ဖြူရှင်လက်ထက်တွင် တစ်ကြိမ်၊     ဤလေးကြိမ်သာရှိခဲ့ဖူးကြောင်း     အာဇာနည် ခေါင်းဆောင်များကျဆုံးပြီး ထုတ်လွှင့်သည့် သခင်နု၏မိန့်ခွန်း တွင် ပါရှိခဲ့သည်။ အရှေ့တိုင်းသမိုင်းပါမောက္ခ ဂျီ ၊ အိတ်ချ်လုစ် ကလည်း    ဗိုလ်ချုပ်အောင်ဆန်းအား    “မြန်မာ့သမိုင်းတွင် ကျန်စစ်သားနောက်    တိုင်းရင်းသားစည်းလုံးညီညွတ်ရေးကို လက်နက်အင်အားမပါဘဲ ပထမဆုံးစွမ်းဆောင်ပေးခဲ့သူ” ဟူ၍ မှတ်ချက်ပြုခဲ့သည်။


အကယ်၍သာ ၁၉၄၇ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့  အဓမ္မ အကြမ်းဖက်  နိုင်ငံတော်လုပ်ကြံမှုကြီး    မပေါ်ပေါက်ခဲ့သလို ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ ဗမာများ၊ တိုင်းရင်းသားများပါဝင် သည့် ခေါင်းဆောင်များနှင့် ဖွဲ့စည်းထားသည့် ကြားဖြတ်အစိုးရ အဖွဲ့လည်း  အအုပ်အစည်းမပျက်  ရှိခဲ့ပါလျှင်   မြန်မာနိုင်ငံ၏ သမိုင်းကြောင်းသည်   တစ်မျိုးတစ်ဖုံဖြစ်ကောင်းဖြစ်နိုင်သည်။ ဤသို့သော အတွေးသည် နှစ်စဉ် အာဇာနည်နေ့ရောက်တိုင်း မျိုးဆက်သစ်မြန်မာတို့ တွေးလေ့ရှိသော အတွေးလည်းဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ တိုင်းရင်းသားခေါင်းဆောင်ကြီး များ  ချစ်ခင်ရင်းနှီးစွာ   ယုံယုံကြည်ကြည်   ညီညီညွတ်ညွတ် တည်ဆောက်ခဲ့သည့် တိုင်းရင်းသားစည်းလုံးညီညွတ်ရေးသည် ခေါင်းဆောင်များ ကျဆုံးခဲ့ရပြီးနောက် နိုင်ငံလွတ်လပ်ရေးရပြီး မကြာမီမှာပင် အက်ကြောင်းထင်ခဲ့သည်။ ဘိုးဘွားတို့၏ အသက်၊ သွေး၊ ချွေးတို့ဖြင့် ရယူခဲ့ရသည့်လွတ်လပ်ရေး၊ တိုင်းရင်းသားပြည်သူ လူထုတစ်ရပ်လုံး၏   စည်းလုံးညီညွတ်မှုဖြင့်   တည်ဆောက်ခဲ့ရ သည့် ပြည်ထောင်စုကြီး  ပြိုကွဲပျက်စီးဆုံးရှုံးမသွားစေရန် ခေတ် အဆက်ဆက်တွင်  ပြည်ထောင်စု၏ တစ်ခုတည်းသော တပ်မတော် နှင့် ပြည်သူတို့၏ စုပေါင်းအားဖြင့် ကာကွယ်ခဲ့ကြရသည်။


လွတ်လပ်သည့် နိုင်ငံတစ်နိုင်ငံဖြစ်လာသည့်အခါ နိုင်ငံဖွံ့ဖြိုး တိုးတက်ရေးအတွက် နိုင်ငံသူနိုင်ငံသားတို့ အလုပ်လုပ်ကြရန် လိုသည်။ လွတ်လပ်သည့်နိုင်ငံသူ နိုင်ငံသားတို့ ကိုယ့်နိုင်ငံကို ကိုယ်ကာကွယ်ကြရန်လည်း တာဝန်ရှိသည်။ လွတ်လပ်ပြီးနောက် ဆယ်စုနှစ်များစွာ ကြာမြင့်လာသည့်တိုင် နိုင်ငံဖွံ့ဖြိုးတိုးတက်ရေး အတွက် ဆောင်ရွက်နိုင်ခြင်းမရှိခဲ့ဘဲ မိမိတို့နိုင်ငံနှင့် မရှေးမနှောင်း လွတ်လပ်ခဲ့ကြသည့် နိုင်ငံများ၊ ပြည်တွင်းတည်ငြိမ်အေးချမ်းမှု ရရှိခဲ့ကြသည့်နိုင်ငံများ တစ်နိုင်ငံပြီးတစ်နိုင်ငံ  ရှေ့သို့ရောက်ရှိ သွားခဲ့ကြပြီဖြစ်ရာ ကြာလေလေ နောက်ကျလေလေနှင့် နိမ့်ကျ သည့် နိုင်ငံအဖြစ်သို့ ရောက်ရှိမသွားစေရန် မိမိတို့၏ ခေတ်သမိုင်း က မိမိတို့ကိုတာဝန်ပေးအပ်နေပြီဖြစ်သည်။


ယနေ့ မိမိတို့နိုင်ငံသည်  ဒီမိုကရေစီနှင့်  ဖက်ဒရယ်စနစ်ကို ကျင့်သုံးသည့်    ပြည်ထောင်စုကိုတည်ဆောက်ရန်     ကြိုးပမ်း ဆောင်ရွက်နေပြီး လွတ်လပ်ပြီး တရားမျှတသော ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲကြီး ကျင်းပနိုင်ရန် လိုအပ်သည့်အခင်း အကျင်းအခြေအနေများကို ကြိုတင်ပြင်ဆင်ဆောင်ရွက်နေချိန် ဖြစ်သည်။ တစ်ဖက်တွင်လည်း နိုင်ငံတော်၏ အချုပ်အခြာအာဏာ ကို ထိပါးစေပြီး တိုင်းရင်းသားစည်းလုံးညီညွတ်မှုကိုပါ ပြိုကွဲစေ ရေး၊ ပြည်ထောင်စုကြီး  ပြိုကွဲရေးတို့အထိ   ဦးတည်နေသည့် အကြမ်းဖက်အဖျက်သောင်းကျန်းမှုများကိုပါ တိုက်ခိုက်နေရခြင်း ဖြစ်ရာ နိုင်ငံတစ်ဝန်း  တည်ငြိမ်အေးချမ်းရေးနှင့် ပြည်သူတို့၏ ဆန္ဒနှင့်အညီ ဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ပြန်လည်ရောက်ရှိ ရေးအတွက်    နိုင်ငံသူ နိုင်ငံသား   တိုင်းရင်းသားပြည်သူလူထု ကြီး၏   စည်းလုံးညီညွတ်မှုအားဖြင့်  ပေါင်းစည်းပါဝင်ကြပါရမည့် အကြောင်း။        ။