
သေကျေပျက်စီးမှုအနိဋ္ဌာရုံများနှင့်အတူ အလှည့် အပြောင်းများစွာနှင့် မပြီးဆုံးသေးသော ဆီးရီးယား ပြည်တွင်းစစ်
သမိုင်းရဲ့အကောင်းအဆိုး၊ အကျိုးအပြစ်ကို သိနေမှ အမှားကိုရှောင်၊ အမှန်ကိုဆောင်နိုင်မှာ ဖြစ်ပါ တယ်။ အတိတ်ရဲ့ ချို့ယွင်းအားနည်းချက်၊ အားသာ ချက်တွေကို သင်ခန်းစာယူနိုင်မှလည်း ပစ္စုပ္ပန်မှာ အကောင်းဆုံးလုပ်နိုင်မှာဖြစ်ပြီး အနာဂတ်အတွက် ပေးဆပ်ရကျိုးနပ်မှာဖြစ်တယ်လို့လည်း ဆိုထားပါ တယ်။ ဒါ့ကြောင့်လည်း အတိတ်ရဲ့ သမိုင်းသင်ခန်း စာများဆိုပြီး ရေးသားလာခဲ့တာ ယခု ဆောင်းပါး အပိုင်း (၃) ဆိုပြီး ဖြစ်လာပါတယ်။ စစ်ပွဲကို ခေါ်ခဲ့ကြလို့ ဆယ်စုနှစ်တစ်ခုကျော်ကြာအောင် ကိုယ်စိုက်တဲ့အသီး ကိုယ်ပြန်စားနေရတဲ့ မပြီး သေးတဲ့ ဆီးရီးယားပြည်တွင်းစစ်ရဲ့ ဆိုးကျိုးရလဒ် တွေကို အလေးအနက်ထား ဆန်းစစ်ကြည့်ကြရ အောင်ပါ။
ဒီမိုကရေစီအကြောင်းပြ လစ်ဘရယ်မက်လုံးပေး အုံကြွမှုမှ စတင်ခဲ့သော ပြည်တွင်းစစ် ၂၀၁၁ ခုနှစ် မတ်လကတည်းက စခဲ့တဲ့ ဆီးရီးယားစစ်ပွဲ၊ ကမ္ဘာပေါ်မှာ စစ်ကြောင့်ဒုက္ခသည် ဦးရေ သုံးပုံတစ်ပုံလောက်အထိ အများဆုံး ဖန်တီး ခဲ့တဲ့ စစ်ပွဲကြီး ယနေ့အထိ မပြီးဆုံးနိုင်သေးပါဘူး။ ဆယ်စုနှစ်တစ်ခုကျော်လာပြီဖြစ်တဲ့ ဒီစစ်ပွဲကြောင့် ဆီးရီးယားနိုင်ငံမှာ ပြည်သူ ၆ ဒသမ ၇ သန်း လူဦး ရေ ၄၅ ရာခိုင်နှုန်းလောက်ဟာ စစ်ဘေးဒုက္ခသည် ဖြစ်နေရပါတယ်။ ပြန်ကောက်ရရင် ၂၀၀၀ ပြည့်နှစ် ကတည်းက ဖခင်အရိုက်အရာကို ဆက်ခံပြီး ခေါင်းဆောင်ဖြစ်လာခဲ့တဲ့ ဆီးရီးယားသမ္မတ ဘာရှားအယ်လ်အာဆတ်ရဲ့အာဏာကို အန်တု ပုန်ကန်တဲ့ နိုင်ငံအနှံ့ ဒီမိုကရေစီလှုပ်ရှားမှုတွေကပဲ ပြည်တွင်းစစ်ကို စတင်ခဲ့တယ်လို့ ဆိုရပါလိမ့် မယ်။
လူထုလှုပ်ရှားမှုတွေက အိမ်နီးချင်း တူနီးရှားနဲ့ အီဂျစ်၊ လစ်ဗျားနိုင်ငံတွေဆီက ကူးစက်လာတာပါ။ ထုံးစံအတိုင်းပါပဲ၊ အမေရိကန်နိုင်ငံကြီးနဲ့ ပဏာ မစား၊ အမေရိကန်နဲ့ အနောက်အုပ်စုကို ဆန့်ကျင် တဲ့မူဝါဒကိုကိုင်စွဲပြီး ပမာမခန့်ပြုတဲ့နိုင်ငံတွေမှာ ရင်ဆိုင်ရလေ့ရှိတဲ့ ဒီမိုကရေစီအကြောင်းပြ လစ်ဘရယ်မက်လုံးပေးခံရတဲ့ လူထုအုံကြွမှုမျိုးလို ပါပဲ။ နိုင်ငံရဲ့ စီးပွားရေးအကျပ်အတည်းတွေကို အချိန်မီ မဖြေရှင်းနိုင်ခြင်းနဲ့ နိုင်ငံရေးပြုပြင် ပြောင်းလဲမှုတွေကို မြန်မြန်ဆန်ဆန် မပြုလုပ်နိုင် ခြင်း စတဲ့ပြည်သူတွေရဲ့ မကျေနပ်ချက်တွေကို အခြေခံပြီး ပြည်ပနိုင်ငံကြီးတွေရဲ့ မြှောက်ပင့် သွေးထိုးမှုတွေကြောင့် ဖြစ်လာတဲ့ အုံကြွမှုတွေအပေါ် မှာ သမ္မတအာဆတ်ရဲ့ ပြင်းပြင်းထန်ထန်နှိပ်ကွပ်မှု တွေကတစ်ဆင့် ပြည်တွင်းစစ်မီးထတောက်ခဲ့ရတာ ဖြစ်ပါတယ်။
ညီညွတ်မှုပြိုကွဲခြင်းသည် ပြည်တွင်းစစ်ကို
မီးမွှေးပေးသည်
တကယ်တမ်းက သမ္မတအာဆတ်ဟာ ခေတ်မီ တဲ့ပြုပြင်ပြောင်းလဲရေးဝါဒီတစ်ယောက်ပါ။ ယခင် အာဏာရှင်ဆန်လွန်းတဲ့ သူ့ဖခင်သမ္မတဟောင်း ဟာဖာ့ဒ်အယ်လ်အာဆတ်ထက် လစ်ဘရယ် ဆန်ချင်တဲ့ သားဖြစ်သူအပေါ်မှာ ပြည်သူတွေရဲ့ မျှော်လင့်ချက်ဟာ အတော်ကြီးမားခဲ့ပါတယ်။ ဒါပေမဲ့ ပြုပြင်ပြောင်းလဲရေးတစ်ခုမှာ အဓိက အဟန့်အတားတစ်ခုဖြစ်တဲ့ အဂတိတရားကိုလည်း အကြောင်းတရားတစ်ခုအဖြစ် ယှဉ်တွဲတွေ့ရပါ လိမ့်မယ်။
အာဏာပိုင်တွေနဲ့ ခရိုနီတွေအကြား အပေး အယူ လွန်ကဲမှုတွေကြောင့် စီးပွားရေးပြုပြင် ပြောင်းလဲမှုတွေ နှောင့်နှေးခဲ့ရပါတယ်။ မမျှတမှုတွေ ကြားမှာ ဆင်းရဲချမ်းသာကွာဟမှု ကြီးမားခဲ့ရပါ တယ်။ ရာသီဥတုဖောက်ပြန်ပြီး မိုးခေါင်ခြောက်သွေ့ မှုက ထပ်ဆင့်လိုက်တော့ လယ်သမားများစွာ ဆင်းရဲတွင်းနက်ပြီး မြို့ပြတွေဆီ အလုံးအရင်းနဲ့ ပြောင်းရွှေ့တာကို ရင်ဆိုင်ကြုံတွေ့ခဲ့ရခြင်းပဲဖြစ်ပါ တယ်။ နောက်တစ်ချက်က အများစုဆွန်နီနဲ့ အနည်းစု အယ်လာဝီလို့ခေါ်တဲ့ ဆီးရီးယားလူမျိုးစုနှစ်ခု အကြား ကြီးမားတဲ့ကွာဟချက်တစ်ခု ရှိနေခြင်းပါ။ အုပ်ချုပ်သူလူတန်းစားက အယ်လာဝီတွေဖြစ်နေပြီး အုပ်ချုပ်ခံက ဆွန်နီလူတန်းစားတွေဖြစ်နေတဲ့ အချက်ဟာ မညီမျှမှုနဲ့မကျေနပ်ချက်တွေကို ဖြစ်စေ ပြီး ဆီးရီးယားလူ့အဖွဲ့အစည်းမှာ ကြာရှည်အမြစ် တွယ်နေတဲ့ လူတန်းစားကွဲပြားခြားနားမှု ရလဒ်ကို ဖြစ်ပေါ်စေပါတယ်။ ဒီအချက်တွေကပဲ တကယ့် အရေးကြီးချိန်မှာ အုပ်ချုပ်သူအချင်းချင်းကြား၊ စစ်တပ်တွင်းနဲ့ ပြည်သူတွေကြားမှာ စည်းလုံး ညီညွတ်မှု ပြိုကွဲသွားခြင်းကို ဖြစ်စေခဲ့တယ်ဆိုတာတွေ့ရပါလိမ့်မယ်။ အဓိကမဏ္ဍိုင်ဖြစ်တဲ့ စစ်တပ် ပြိုကွဲမှုနောက်မှာတော့ ပြည်တွင်းစစ်ဖြစ်ဖို့ရန် များစွာမီးမွှေးဖို့ မလိုလောက်အောင် ဖြစ်သွားတဲ့ သဘောပါပဲ။
နိုင်ငံစုံအဖွဲ့စုံ ကိုယ့်အကျိုးစီးပွားနဲ့ကိုယ် ပါဝင် တိုက်ခိုက်ကြတဲ့ Proxy war
သမ္မတအာဆတ်နဲ့ သူ့အစိုးရက လူထုအုံကြွမှု အပေါ် အင်အားအဆမတန် အသုံးပြုပြီး အလွန် အကျွံတုံ့ပြန်မှုတွေဟာ ဝေဖန်စရာတွေ ဖြစ်ခဲ့ရ သလို အမေရိကန်နဲ့ အနောက်အုပ်စုရဲ့ ထောင်ချောက်ထဲ ရောက်မှန်းမသိလည်း ရောက်ခဲ့ရ ပါတယ်။ ပဋိပက္ခပြင်းထန်လာတာနဲ့အမျှ “နွားကွဲ တော့ ကျားဆွဲ” ဆိုသလို အချုပ်အခြာအာဏာနဲ့ ပိုင်နက်လဟာနယ်မှာ အလစ်ချောင်းနေရာ ယူသူတွေ ပေါ်လာတတ်တာ မဆန်းပါဘူး။
အာဆတ်ရဲ့ ယခင်ကတည်းက ဆန့်ကျင်ဘက် ဖြစ်တဲ့ အနောက်အုပ်စုလက်ဝေခံ အာရပ်နိုင်ငံတွေ၊ အယ်လ်ခိုင်ဒါပုံစံခွက်ထဲက ဆွန်နီအစွန်းရောက် စစ်သွေးကြွတွေနဲ့ အာဆတ်ထောက်ခံသူတွေ အကြား ဖားနဲ့ငါး ကွဲသွားရပါပြီ။ အာဆတ်ကို ဆန့်ကျင်တဲ့ အမေရိကန်၊ အီးယူ၊ ကာတာ၊ တူရကီ၊ ဆော်ဒီအာရေဗျ၊ အစ္စရေးနိုင်ငံတွေကတစ်ဖက်၊ အီရန်၊ ရုရှားနဲ့ တရုတ် စတဲ့ထောက်ခံတဲ့နိုင်ငံတွေက တစ်ဖက်စီ ဆီးရီးယားပြည်တွင်းစစ်မှာ သွယ်ဝိုက် ပြီး ပါဝင်ပတ်သက်တိုက်ခိုက်ခဲ့ကြပါတယ်။
ဆီးရီးယားတပ်မတော်ထဲက ခွဲထွက်ပုန်ကန်သွားတဲ့တပ်ဖွဲ့တွေ၊ အာဆတ်ကို ထောက်ခံတဲ့ လက်ဘနွန်စစ်သွေးကြွအဖွဲ့ ဟစ်ဇ်ဘိုလာအပါအဝင် ISIS ၊ အယ်လ်ခိုင်ဒါ၊ နျူဆာရာ စတဲ့ အမျိုးမျိုးသော အစ္စလာမ္မစ်စစ်သွေးကြွအဖွဲ့တွေကြားမှာ အပြန် အလှန် တိုက်ခိုက်မှုတွေဟာ မီးကုန်ယမ်းကုန်ပါပဲ။
ဘယ်လို နိုင်ငံတကာအဖွဲ့အစည်းကမှလည်း ပြေလည်အောင် ကြားဝင်ညှိနှိုင်းပေးနိုင်စွမ်း မရှိ သည်အထိ ဆိုးရွားခဲ့တယ်လို့ ဆိုရပါမယ်။ အစိုးရ နဲ့ အတိုက်အခံတွေအကြား ခဏတာရရှိခဲ့တဲ့ သဘောတူညီချက်တွေဟာလည်း အကြိမ်ကြိမ် ကျိုးပျက်ခဲ့ရသည်ချည်း ဖြစ်ပါတယ်။ အဖွဲ့မျိုးစုံ ဝင်တိုက်နေတဲ့စစ်ပွဲတွေကို ရပ်ဆိုင်းအောင်လုပ်ဖို့ ဆိုတာ ဘယ်လွယ်ပါ့မလဲ။ ပါဝင်ပတ်သက်နေတဲ့နိုင်ငံ တွေ အဖွဲ့တွေအားလုံးဟာ သူ့အကျိုးစီးပွားနဲ့သူ ကိုယ်လိုချင်တာရဖို့အတွက်သာ တိုက်ခိုက်နေကြ ခြင်းဖြစ်ပါတယ်။ ကိုယ့်အကျိုးစီးပွားအတွက် သူများနယ်မြေမှာ ဝင်ပြီးစစ်ခင်းနေကြတဲ့ သဘော ပါပဲ။ Proxy war ကိုယ်စားပြုစစ်ပွဲလို့ ခေါ်ပါတယ်။
b စာမျက်နှာ ၁၀ မှ
ကြားကလက်နက်မဲ့ပြည်သူကတော့ ခံဘက်က ချည်းပဲပေါ့။ အတိုက်အခံတွေဟာ ပြည်ပမှာ စင်ပြိုင် အဖွဲ့များစွာ ဖွဲ့စည်းနိုင်ခဲ့ကြပေမယ့် ပြည်တွင်းက အတိုက်အခံအဖွဲ့တွေနဲ့ တိုက်ခိုက်ရေးသမားတွေကို စနစ်တကျ ထိန်းချုပ်ကိုင်တွယ်နိုင်မှုမရှိခဲ့ပါဘူး။ ရည်မှန်းချက် အသေအချာမရှိတဲ့ သူပုန်အဖွဲ့တွေ ကြားမှာ နိုင်ငံနဲ့ပြည်သူတွေမှာသာ အပျက်အစီးဆုံးရှုံးမှုကြီးမားခဲ့တာကိုတွေ့ရှိရပါတယ်။
စစ်ပွဲရဲ့အလှည့်အပြောင်းကို ဖြစ်စေတဲ့ ISIS တို့
ပါဝင်လာမှု
စစ်ပွဲအစ ၂၀၁၃ ခုနှစ်လောက်ကစပြီး ဆီးရီးယား သူပုန်တွေဟာ နိုင်ငံနယ်မြေတွေကို စတင် ထိန်းချုပ်နိုင်ခဲ့ကြပြီး အစိုးရတပ်တွေဟာ တဖြည်းဖြည်းဆုတ်ခွာခဲ့ရပါတယ်။ အယ်လ်ခိုင်ဒါ၊ နျူဆာရာတပ်ဦး စတဲ့ အစ္စလာမ္မစ်အစွန်းရောက် စစ်သွေးကြွအဖွဲ့တွေ စစ်ပွဲအတွင်းပါဝင်လာတာဟာ စစ်ဇုန်ကျယ်ပြန့်သွားစေတဲ့ အကျိုးဆက်တစ်ခု အဖြစ် မြင်ရပါတယ်။
အထူးသဖြင့် အယ်လ်ခိုင်ဒါမျိုးဆက်အဖွဲ့တစ်ခု ဖြစ်တဲ့ ISIS တိုက်ခိုက်ရေးအဖွဲ့ဟာ အင်အား ပိုကြီးမားလာပြီး ဒေသအတော်များများကို သိမ်းပိုက်နိုင်ခဲ့ခြင်းဟာ ရုတ်ခြည်းဆိုသလို စစ်ပွဲရဲ့ အလှည့်အပြောင်းကို ဖြစ်စေခဲ့ကြောင်း တွေ့ရပါ တယ်။ ISIS အဖွဲ့ရည်မှန်းချက်က ဆီးရီးယား တစ်နိုင်ငံတည်းတင် မကပါဘူး။ သူ့ရည်မှန်းချက်က အီရတ်နိုင်ငံထဲအထိ ဝင်ရောက်တိုက်ခိုက်သိမ်းပိုက် ဖို့ဖြစ်ပါတယ်။ ရက်စက်ကြမ်းကြုတ်လွန်းတဲ့ ISIS တို့ရဲ့ သတ်ဖြတ်မှုဒဏ်ကို ဆီးရီးယားပြည်သူတွေ၊ စစ်သားတွေသာမက အနောက်နိုင်ငံက အလုပ် သမား၊ သတင်းထောက်အများအပြားပါ ဓားစာခံ ဖြစ်ရရှာတဲ့ ဖြစ်စဉ်တွေကို ယဉ်ကျေးတဲ့ ကမ္ဘာကြီး အတွက် ခြိမ်းခြောက်မှုကြီးအဖြစ် ပုံဖော်လို့ရပါ တယ်။ ဆိုးရွားလွန်းတဲ့ ISIS အကြမ်းဖက်အဖွဲ့ကြီးကို မဖြစ်မနေ နှိမ်နင်းဖို့ လိုအပ်လာတဲ့အခါမှာတော့ အမေရိကန်အနေနဲ့ အာရပ်မဟာမိတ်တွေနဲ့ ပေါင်းပြီး ဆီးရီးယားနယ်မြေအတွင်းမှာ လေကြောင်းကနေ တရားဝင်ဗုံးကြဲခွင့်ကို ရယူ အသုံးချခွင့် ရရှိသွားပါတော့တယ်။
အမှန်က အိုက်ဆစ်တွေကို နှိမ်နင်းနေစဉ်မှာ အမေရိကန်က သူထောက်ခံနေတဲ့ ဆီးရီးယား မြောက်ပိုင်းက ကာဒစ်ရှ်အဖွဲ့နဲ့ ဆီးရီးယားအစိုးရကို ဆန့်ကျင်နေတဲ့တပ်ဖွဲ့တွေကို အကူအညီပေးဖို့ အမေရိကန်တပ်တွေကိုယ်တိုင် ဆီးရီးယားနိုင်ငံထဲ အထိ ဝင်ရောက်စွက်ဖက်ခွင့်ကို ရရှိလိုနေတာ ဖြစ်ပါတယ်။ ကာဒစ်ရှ်အဖွဲ့ဆိုတာကတော့ ဆီးရီး ယားမှာလည်း ကိုယ်ပိုင်နယ်မြေရရှိထားပြီး တူရကီ မှာလည်း ရှိကြပါတယ်။ တူရကီက ကာ့ဒ်တွေ ကတော့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တူရကီကို တော်လှန်နေတဲ့အဖွဲ့ဖြစ်ပါတယ်။ ကာ့ဒ်တွေကို နှိမ်နင်းနေတဲ့ အိမ်နီးချင်းတူရကီအနေနဲ့လည်း ဆီးရီးယားပြည်တွင်းစစ်မှာ ပါဝင်ခြေရှုပ်ပြီး အခြေချ သိမ်းပိုက်ခွင့်ရတဲ့ အနေအထားတစ်ရပ်ကို ပိုင်ဆိုင် သွားပါတော့တယ်။
အမေရိကန်ဝင်ရောက်မှုရဲ့ နောက်ဆက်တွဲ အဖြစ် ၂၀၁၅ ခုနှစ်မှာ ရုရှားနိုင်ငံကလည်း တပ်ဖွဲ့ နဲ့လက်နက်တွေကို ဆီးရီးယားနယ်မြေထဲအရောက် ပို့ပြီး ISIS နဲ့ အစိုးရကို ဆန့်ကျင်တဲ့သူပုန်တွေကို ဗုံးကြဲခွင့်ရရှိသွားခဲ့ပါတယ်။ သို့သော် အကြမ်းဖက် ဆန့်ကျင်ရေး ISIS တွေကို ဗုံးကြဲတိုက်ခိုက်တဲ့ အမေရိကန်နဲ့ ရည်ရွယ်ချက်ချင်းတူတာ မှန်ပေမယ့် အကျိုးစီးပွားချင်းတော့ မတူကြပါဘူး။ ရုရှားက သမ္မတအာဆတ်ဘက်က ထောက်ခံကူညီတိုက်ခိုက် ပေးတာဖြစ်ပြီး US ကတော့ အာဆတ်ကိုဆန့်ကျင် တဲ့အဖွဲ့တွေဘက်က ကူညီပေးခဲ့တာဖြစ်ပါတယ်။
နယ်မြေအများအပြား သူပုန်ထိန်းချုပ်မှုအောက် ရောက်လေလေ အရပ်သားပြည်သူသေဆုံးမှု တရိပ်ရိပ်တက်လာတာကလွဲပြီး ပြိုင်ဘက်တွေ အကြား ဘယ်ဘက်ကမှ အဆုံးအဖြတ်အောင်ပွဲကို မရယူနိုင်ခဲ့ကြပါဘူး။ အကြမ်းဖက်သူပုန်တွေကို ဗုံးကြဲတိုက်ခိုက်တယ်ဆိုပေမယ့် အရပ်သားတွေ မထိခိုက်မသေဆုံးအောင် ရှောင်လွှဲတိုက်ခိုက်ခြင်း မျိုးလည်း မရှိခဲ့ကြပါဘူး။ ကြဲချတဲ့ဗုံးတွေကြောင့် အရပ်သားတွေအပြင် ဆေးဘက်ဆိုင်ရာ ဝန်ထမ်း တွေ၊ ရှာဖွေကယ်ဆယ်ရေးအဖွဲ့တွေနဲ့ အကူအညီ ပေးလုပ်သားတွေ များစွာထိခိုက်သေကျေပျက်စီး ခဲ့ကြရပါတယ်။
စစ်ကြောင့် အရပ်သား ထိခိုက်သေကျေပျက်စီးမှုများ UN စုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခုရဲ့ ယခင် နှစ်အတွင်း အစီရင်ခံစာ တစ်ခုအရဆိုရင် နိုင်ငံတွင်း မှာ ရုရှားကျောထောက်နောက်ခံမှုနဲ့အတူ အစိုးရ တပ်ရဲ့အောင်မြင်မှုတွေ ရရှိနေတယ်ဆိုပေမယ့် နိုင်ငံအနှံ့ မညှာမတာတိုက်ခိုက်မှုတွေနဲ့ သေဆုံးမှု တွေကတော့ ယခု၂၀၂၂ ခုနှစ်အထိ ဆက်လက်ရှိနေ ဆဲဖြစ်ကြောင်း သိရှိရပါတယ်။ ဒီအချက်ကို အရပ် သားအပါအဝင် ထိခိုက်သေဆုံးမှုစာရင်းတွေအရ သိနိုင်ပါတယ်။
စစ်ပွဲနောက်ပိုင်းကာလ သေဆုံးစာရင်းတွေအရ ၂၀၁၉ ခုနှစ်က ၁၀၀၀၀ ခန့်၊ ၂၀၂၀ ပြည့်နှစ်က ၆၈၀၀ ခန့်၊ ၂၀၂၁ ခုနှစ်က အရပ်သား ၁၅၀၅ ဦး (ကလေးငယ် ၁၆၀၀) အပါအဝင် သေဆုံးမှုပေါင်း ၃၇၄၆ ဦးနဲ့ နှစ်အလိုက် တိုက်ခိုက်မှုတွေကြောင့် သေဆုံးခဲ့ကြရတယ်လို့ သိရပါတယ်။ ၁၀ နှစ် အတွင်း ကလေးငယ်ပေါင်း ၅၅၀၀၀ ခန့်အထိ သေဆုံးခဲ့ကြရပြီး ၂ ဒသမ ၅ သန်းလောက်က ကျောင်းပညာရေးနဲ့ ဝေးသွားခဲ့ကြရပါတယ်။ မိသားစုတွေ ဖရိုဖရဲကွဲကွာသွားကြရပြီး မိဘမဲ့ ကလေးသူငယ်ဦးရေ တိုးပွားလာခဲ့ပါတယ်။
ယခုစာရင်းတွေက စစ်ပွဲကာလ ၁၁ နှစ်အတွင်း ငါးသိန်းနဲ့ ခြောက်သိန်းအကြားရှိခဲ့တဲ့ သေဆုံးမှုတွေ အနက် အနည်းဆုံးပမာဏတစ်ခုလို့ ဆိုပေမယ့် ငြိမ်းချမ်းရေးနဲ့တည်ငြိမ်ရေး တိုးတက်မှုလက္ခဏာ အဖြစ်တော့ မြင်လို့မရသေးတဲ့ အခြေအနေမှာ ရှိနေဆဲဖြစ်ပါတယ်။ လူပေါင်းသုံးသန်းလောက်ဟာ မစွမ်းမသန်ဘဝနဲ့ ဒုက္ခိတဘဝရောက်ကြရတယ်။ ၅ ဒသမ ၅ သန်းလောက်က မိမိနေရပ်တွေကနေ စွန့်ခွာထွက်ပြေးကြရပြီး စိတ်ဒဏ်ရာဗရပွနဲ့ အိုးမဲ့ အိမ်မဲ့ဖြစ်ကာ အိမ်နီးချင်းနိုင်ငံတွေဆီ မျက်နှာငယ် စွာနဲ့ ပြောင်းရွှေ့ခိုလှုံခဲ့ကြရတယ်။ စစ်ပွဲကာလ တစ်လျှောက် လေကြောင်းက ဗုံးကြဲတိုက်ခိုက်မှု တွေကြောင့် အရပ်သား သေဆုံးရမှုပေါင်းဟာ ၁၂၅၂၆ ဦးအထိ ရှိခဲ့တယ်လို့ သိရှိရပါတယ်။ မကြာခင်က အမေရိကန်လွှတ်တော်ကာကွယ်ရေးကော်မတီတစ်ခုရဲ့ စုံစမ်းဖော်ထုတ်စစ်ဆေးချက်အရ ၂၀၁၉ ခုနှစ် အမေရိကန်လေကြောင်းတပ်ဖွဲ့ရဲ့ မှားယွင်းဗုံးကြဲချခဲ့မှုကြောင့် အရပ်သား ၇၀ ခန့် သေဆုံးခဲ့ရတဲ့ဖြစ်စဉ်ဟာ သာဓကတစ်ရပ် ဖြစ်ပါ တယ်။
နိုင်ငံခြားစွက်ဖက်မှုခံရတိုင်းမှာ
အချုပ်အခြာ ပျက်ယွင်းရသည်ချည်းသာ
ယခုနောက်ဆုံးအခြေအနေအရတော့ ဆီးရီးယား မှာ ယခင်လိုအခြေအနေမဆိုးတော့ပေမယ့် နိုင်ငံတွင်း မှာ အခြေစိုက်နေတဲ့ ပြိုင်ဘက်နိုင်ငံခြားတပ်ဖွဲ့တွေ ရှိနေဆဲဖြစ်ပြီး မတည်မငြိမ်ရှိနေဆဲဖြစ်ပါတယ်။ အဓိကပြိုင်ဘက်တွေအနေနဲ့ အာဆတ်ကိုထောက်ခံ တဲ့ အီရန်၊ ရုရှားတပ်ဖွဲ့တွေ၊ ပြိုင်ဘက်အမေရိကန်နဲ့ ကာ့ဒ်တပ်ဖွဲ့တွေ၊ တူရကီနဲ့ တူရကီထောက်ခံတဲ့ အစ္စလာမ္မစ်တပ်ဖွဲ့တွေ ဆီးရီးယားနယ်မြေအချို့မှာ အခြေပြုထားဆဲဖြစ်ပြီး ဗုံးကြဲတိုက်ခိုက်မှုတွေ နေရာအနှံ့ရှိနေဆဲ ဖြစ်ပါတယ်။ နိုင်ငံနယ်မြေ အတော်များများကတော့ ဆီးရီးယားအစိုးရတပ်ဖွဲ့ တွေရဲ့ ထိန်းချုပ်မှုအောက်ကို ရောက်ရှိသွားပါပြီ။ ဆီးရီးယားတပ်မတော်ကြီး အလုံးစုံမပြိုကွဲအောင်နဲ့ နိုင်ငံမပြိုကွဲအောင် တားဆီးထိန်းချုပ်နိုင်ခဲ့တဲ့ တပ်မတော်တစ်ရပ်ရဲ့ စုစည်းညီညွတ်မှုစွမ်းပကားနဲ့ မျိုးချစ်စိတ်ဓာတ်ကိုတော့ ဒီနေရာမှာအတုယူ လေ့လာနိုင်ပါတယ်။ နိုင်ငံခြားတပ်ဖွဲ့တွေရဲ့အလိုကျ ကြားခံ buffer zone တစ်ခုကို အစိုးရအနေနဲ့ ခွင့်ပြုလိုက်ရတဲ့ အချုပ်အခြာအာဏာ တစ်စိတ် တစ်ပိုင်း ပျက်ယွင်းမှုကတော့ စစ်ပွဲရဲ့အကျိုးဆက် တစ်ခုအဖြစ် ဆက်လက်ရှိနေပါလိမ့်ဦးမယ်။
အဆုံးမှာတော့
အလုံးစုံပျက်စီးမှုသို့သာဦးတည်
လက်ရှိအခြေအနေမှာတော့ ဆီးရီးယားနိုင်ငံနဲ့ ဆီးရီးယားပြည်သူတွေရဲ့ ဘဝတွေဟာ မသေချာ မရေရာတဲ့ အခြေအနေဆိုးအောက်မှာ ရုန်းကန်နေရ ဆဲရှိနေပါသေးတယ်။ လူငယ်တွေရဲ့အနာဂတ်နဲ့ ကလေးတွေရဲ့ရှေ့ရေး မှုန်ပျပျနဲ့လမ်းပျောက်နေဆဲ ပါ။ အိုးမဲ့အိမ်မဲ့ဘဝနဲ့ ပြည်သူတွေဟာ လုံခြုံရေး အာမခံချက်မရှိလို့၊ ခြိမ်းခြောက်နှိပ်စက် အနိုင်ကျင့် ခံကြရလို့ အိမ်မပြန်ရဲကြသေးသလို သူတို့ရဲ့ကိုယ်ပိုင် အိုးအိမ်တိုက်တာတွေလည်း မရှိကြတော့ပါဘူး။ စာရင်းအရ စွန့်ခွာထွက်ပြေးပြည်သူ ၅ ဒသမ ၅ သန်းအနက် ၇၅ ရာခိုင်နှုန်းခန့်ဟာ သူတို့နေရပ်တွေ ဆီ ပြန်လာချင်ပေမယ့် သုံးသောင်းခန့်သာ အရဲစွန့် ပြီး ပြန်လာနိုင်ကြတယ်လို့ ဆိုပါတယ်။ အခြေခံ အဆောက်အအုံအားလုံးနီးပါး ပျက်စီးယိုယွင်းခဲ့ရတဲ့ အခြေအနေမှာ လျှပ်စစ်ဓာတ်အားက ၇၀ ရာခိုင် နှုန်း ပျက်စီးသွားပြီး ကျောင်းတွေမှာ လက်နက်ကိုင် တပ်ဖွဲ့အသီးသီးက တပ်စွဲထားလို့ ကျောင်းတွေ မဖွင့်နိုင်၊ ကျန်းမာရေးလုပ်သား ၇၀ ရာခိုင်နှုန်းခန့်က အလုပ်ကနေ စွန့်ခွာထွက်ပြေးသွားကြလို့ ဆေးရုံ ဆေးခန်း ၅၈ ရာခိုင်နှုန်းခန့်သာ အပြည့်အဝ ဖွင့်ပေးထားရတဲ့ စသည့်အခြေအနေအားလုံးဟာ ဆီးရီးယားနိုင်ငံရဲ့ အလုံးစုံပျက်သုဉ်းမှု အခြေအနေ ကို ပြသနေခြင်းပဲဖြစ်ပါတယ်။
ကိုဗစ်ပြဿနာက ထပ်ဆောင်းနေတဲ့
အငတ်ဘေးနဲ့ ဆင်းရဲမှုဒဏ်
စီးပွားရေးချွတ်ခြုံကျမှုနဲ့အတူ လူတွေရဲ့ အငတ်ဘေးကို ဖြေရှင်းရမယ့် အခက်အခဲ၊ ကာကွယ်ကုသလို့ရနိုင်တဲ့ ရောဂါတွေကိုတောင် မကာကွယ်နိုင်လို့ နေ့စဉ်သေဆုံးနေကြရတဲ့ ပြဿနာတွေ စသည်ဖြင့် ဖြေရှင်းဖို့ရာလိုအပ်နေပြီး နိုင်ငံတကာရဲ့ကူညီထောက်ပံ့မှုကိုသာ မျှော်ကိုးနေ ရတဲ့ ပြည်သူတွေရဲ့ဘဝဟာ သနားစရာအလွန် ကောင်းလှပါတယ်။
စစ်မဖြစ်ခင်ကထက် အစားအသောက်ဈေးနှုန်းဟာ ၃၃ ဆ မြင့်တက်သွားတဲ့အတွက် လူဦးရေ ၈၀ ရာခိုင်နှုန်းဟာ ဆင်းရဲမှုပြမျဉ်းအောက် ရောက်နေ ရပြီး အစာရေစာပြတ်လပ်မှုဒဏ်ကို အပြင်းအထန် ခံစားနေရတဲ့အရေအတွက်ဟာလည်း ကိုးသန်းခန့် အထိ ရှိနေပါတယ်။
ရိက္ခာပြတ်နေတဲ့ လူ ၁၃ သန်းခန့်ဟာ အရေးပေါ်ကယ်ဆယ်ရေးအကူအညီတွေ အပူ တပြင်း လိုအပ်နေပြီး လူဦးရေရဲ့ ၆၀ ရာခိုင်နှုန်းဟာ မသန့်ရှင်းစိတ်မချရတဲ့၊ ကျန်းမာရေးနဲ့လည်း မညီညွတ်တဲ့ အစာရေစာတွေကိုသာ စားသောက် နေကြရပါတယ်။ ကလေးသုံးယောက်တိုင်းမှာ တစ်ယောက်ဟာ အာဟာရချို့တဲ့တဲ့ ရောဂါတွေ ခံစားနေရပါတယ်။ ဒီကြားထဲ ကိုဗစ်ဝင်လာတော့ ပိုဆိုးသွားတာပါတယ်။ ဆိုးဆိုးရွားရွား ဆင်းဆင်းရဲရဲ စားသောက်နေထိုင်နေရတဲ့ဘဝမှာ အနောက်နိုင်ငံ တွေရဲ့ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုတွေကြားက ကိုဗစ်ကို အန်တုရင်ဆိုင်ဖို့ ဘယ်လိုမှမဖြစ်နိုင်တဲ့ အခြေအနေပါ။ ရောဂါ ရှိ၊ မရှိ လုံလုံလောက်လောက် မစစ်ဆေးနိုင်တဲ့ အခြေအနေမှာ ကိုဗစ်ကြောင့် ဘယ်လောက် သေဆုံးသွားကြတယ်ဆိုတာကိုလည်း ဘယ်လိုမှမှန်းဆလို့မရနိုင်ပါဘူး။
အချုပ်ဆိုရရင် စစ်ပွဲဆိုတာ ဘယ်နေရာမှာမှ မကောင်းပါဘူး။ အမြောက်ဆန် ဗုံးဒဏ်တွေကြောင့် ပြိုကျပျက်စီးကြေမွနေတဲ့ လမ်းတွေ၊ တံတားတွေ၊ ကျောင်းတွေ၊ ဆေးရုံတွေ၊ အထပ်မြင့်တိုက်တာတွေ ကို မြင်ကြည့်ပါ။ စစ်ပွဲရဲ့အနိဋ္ဌာရုံတွေကို စစ်ပွဲဖန်တီး သူရော ကာယကံရှင်ပါဝင်တိုက်ခိုက်နေသူတွေသာမက အပြစ်မဲ့ပြည်သူတွေပါ ခံစားရပြီး အလုံးစုံ ပျက်သုဉ်းမှုဆီကိုသာ ဦးတည်တယ်ဆိုတဲ့အချက်ကို ဖော်ထုတ်နိုင်ပါလိမ့်မယ်။
ဆူပူမှုတွေဖြစ်စေတဲ့ အကြောင်းတရားတွေနဲ့ အကြမ်းဖက်မှုဖြစ်အောင် လှုံ့ဆော်ကြပုံ၊ မတူညီတဲ့ တုံ့ပြန်ပုံနဲ့ ရလဒ်ကွာခြားပုံ စတဲ့အတိတ်ရဲ့အဖိုးတန် သင်ခန်းစာတွေကို အထူးစိတ်ဝင်စားသင့်ပါ တယ်။ မညီမျှမှုတွေအတွက် ခံစားမှုတွေနဲ့အတူ ဖြစ်ပေါ်လာတဲ့ တော်လှန်ရေးတစ်ရပ်ဟာ မညီမျှ မမျှတမှုဆိုတဲ့ ရလဒ်တွေကိုသာ ဖြစ်ပေါ်စေပြီး အလုံးစုံပျက်သုဉ်းမှုတွေနဲ့သာ အဆုံးသတ်ခဲ့ပုံကို ဆီးရီးယားပြည်တွင်းစစ်က သင်ခန်းစာပေးလျက် ရှိနေကြောင်းပါ။ ။
n
- Log in to post comments