ခိုင်မြဲတဲ့မူဝါဒ၊ နွေးထွေးတဲ့စိတ်ဓာတ်နဲ့ မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်မှု
ဝင်းဇေယျာထွန်း
========
ယနေ့ကမ္ဘာပေါ်မှာ နိုင်ငံတွေအချင်းချင်း ဒေသအလိုက်သော်လည်းကောင်း၊ မူဝါဒအရသော်လည်းကောင်း ပူးပေါင်းဆောင်ရွက်တဲ့ ပူးပေါင်းဆောင်ရွက်မှုလုပ်ငန်း စဉ်များစွာဟာ အသွင်သဏ္ဌာန်အမျိုးမျိုးနဲ့ရှိနေကြပါတယ်။ ဒါဟာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှု(Multilateralism) ရဲ့ အစိတ်အပိုင်းတစ်ရပ်လည်းဖြစ်ပါတယ်။ နိုင်ငံ တွေဟာ ဘာဖြစ်လို့ အခုလိုအစုအဖွဲ့အလိုက် ပူးပေါင်းဆောင်ရွက်ကြတာလဲဆိုတာ သိသင့်တဲ့မေးခွန်းတစ်ခုဖြစ်ပါတယ်။