ခရီးသွားလုပ်ငန်းနှင့် အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှု

 

မူလသဘာဝအားဖြင့်    အစိမ်းရောင်ဟူသည်   မြက်ခင်းများ၊ သစ်ရွက်၊ သစ်တောများ၏ အရောင်ဖြစ်သည်။ သင်္ကေတအားဖြင့်မူ အစိမ်းရောင်ဟူသည်         “အသက်ဇီဝ”ကိုလည်းကောင်း၊   “သဘာဝပတ်ဝန်းကျင်” ကိုလည်းကောင်း ရည်ညွှန်းခြင်းဖြစ် သည်။ လူသားတို့က မိမိတို့၏ ရှင်သန်နေထိုင်မှုအတွက် တီထွင် ဖန်တီးမှုများ၊ ပြုပြင်တည်ဆောက်မှုများပြုလုပ်ခြင်းသည် အခြား တစ်ဖက်တွင် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်ပျက်စီးစေသည်။ ပထမစက်မှုတော်လှန်ရေး ကာလမှစ၍ အရှိန်အဟုန်နှင့် ဖွံ့ဖြိုး တိုးတက်လာသော   လူသားကမ္ဘာသည်  ဆန့်ကျင်ဘက်ရလဒ် အားဖြင့် ညစ်ညမ်းသော ရေ၊ မြေ၊ လေ ပတ်ဝန်းကျင်၊   ဖောက်ပြန် ပြောင်းလဲလာသည့်  ရာသီဥတုများနှင့် ကျန်းမာရေးချူချာလှစွာ သော   ဂြိုဟ်ကမ္ဘာကြီးသဖွယ်ဖြစ်လာခဲ့ပြီ ဖြစ်သည်။


လူ့ပယောဂကြောင့် ယိုယွင်းခဲ့ရသော မြေကမ္ဘာကြီး ပြန်လည် ကောင်းမွန်လာစေရန်မှာ လူသားတို့တွင် တာဝန်ရှိသည့်အလျောက် လူသားတို့၏     ရှင်သန်လှုပ်ရှားမှုတိုင်းတွင်   သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သဘာဝအရင်းအမြစ်များ ခြိုးခြံချွေတာရေး ဟူသော အစိမ်းရောင်အမြင်နှင့် ယှဉ်တွဲဆောင်ရွက်ကြရန် လိုအပ် လာသည်။ တစ်နည်းအားဖြင့်ဆိုရလျှင်    ဖွံ့ဖြိုးတိုးတက်မှုတိုင်းတွင်   သဘာဝပတ်ဝန်းကျင်   ပျက်စီးယိုယွင်းမှုဖြင့်  ပေးဆပ်ကြရစမြဲ ဖြစ်သည့်တိုင် အစိမ်းရောင်ဖွံ့ဖြိုးတိုးတက်မှုအနေဖြင့် ပတ်ဝန်း ကျင်ထိခိုက်မှုအနည်းဆုံးဖြစ်အောင် ထည့်သွင်းစဉ်းစားဆောင် ရွက်သွားကြရမည်ဖြစ်သည်။ ပတ်ဝန်းကျင် ထိန်းသိမ်းရေးအတွက် စွန့်ပစ်ပစ္စည်းများ လျှော့ချခြင်း၊ ကာဗွန်ထုတ်လွှတ်မှု၊ ညစ်ညမ်းမှု၊ ယိုယွင်းမှုများ လျှော့ချရေးတို့ကို အလေးထားဆောင်ရွက်သွား ကြရန် လိုအပ်သလို သဘာဝအရင်းအမြစ်များ ခြိုးခြံချွေတာနိုင် ရေးအတွက် စွမ်းအင်သုံးစွဲမှု‌၊ ရေနှင့်  အခြားအရင်းအမြစ်များ သုံးစွဲမှုများတွင် အလေအလွင့်မရှိ အကျိုးရှိစွာ သုံးစွဲကြရန်လည်း လိုအပ်သည်။


ယနေ့ (စက်တင်ဘာ ၂၇ ရက်)တွင် ကျရောက်သည့် “၂၀၂၃ ခုနှစ် ကမ္ဘာ့ခရီးသွားလုပ်ငန်းနေ့”၏ ဆောင်ပုဒ်မှာ “ခရီးသွား လုပ်ငန်းဖွံ့ဖြိုးရေး၊ အစိမ်းရောင်ရင်းနှီးမြှုပ်နှံမှုများ မြှင့်တင်ပေး” (Tourism & Green Investment) ဟူ၍ဖြစ်ပြီး ခရီးသွားလုပ်ငန်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် မြှင့်တင်ဆောင်ရွက်ရာတွင် သဘာဝ ပတ်ဝန်းကျင်နှင့် ဒေသခံများအပေါ် ထိခိုက်မှုမရှိစေရန် ရည်ရွယ် ထားခြင်းဖြစ်သည်။ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုအပေါ် ကမ္ဘာ့ နိုင်ငံအသီးသီးတို့တွင် ထိန်းချုပ်နိုင်လာခဲ့သည့်အခြေအနေတွင် နိုင်ငံတိုင်းက ပြီးခဲ့သည့် ကပ်ရောဂါ ကာလအတွင်း ထိခိုက်ဆုံးရှုံးခဲ့ ရသည့် စီးပွားရေးကို ပြန်လည်ကုစားရာတွင် ခရီးသွားလုပ်ငန်းများ ကို        ဦးစားပေးကဏ္ဍအတွင်း   ထည့်သွင်းဆောင်ရွက်လျက်ရှိ ကြသည်။ ခရီးသွားလုပ်ငန်းသည် စီးပွားရေးကို လျင်လျင်မြန်မြန် ဖွံ့ဖြိုးစေပြီး ဒေသတွင်း အလုပ်အကိုင်အခွင့်အလမ်းများ ဖန်တီး ပေးနိုင်ခြင်း၊ လမ်းပန်းဆက်သွယ်ရေးနှင့် အခြေခံအဆောက်အအုံ များ   တိုးတက်ကောင်းမွန်လာစေခြင်း၊   နိုင်ငံနှင့်   လူမျိုး၏ ယဉ်ကျေးမှုကို သိနားလည်စေခြင်းနှင့် နိုင်ငံ၏ ကောင်းသတင်း ကို     ထွက်ပေါ်စေနိုင်ခြင်း စသည့်  အားသာချက်များရှိသလို  ပတ်ဝန်းကျင်ကို   ထိခိုက်စေခြင်း၊   သဘာဝအရင်းအမြစ်များ ပျက်စီးစေခြင်း၊ ဒေသခံပြည်သူများ၏ ဓလေ့ထုံးစံ၊ ယဉ်ကျေးမှု နှင့် လူနေမှုဘဝတို့အပေါ် ထိခိုက်စေနိုင်ခြင်းစသည့် အားနည်း ချက်များလည်းရှိသည်။


ခရီးသွားလုပ်ငန်းများ ရေရှည်တည်တံ့ရေးနှင့် ဖွံ့ဖြိုးတိုးတက် ရေးအတွက် ရင်းနှီးမြှုပ်နှံရာတွင် ခရီးသွားလုပ်ငန်းမှ အားသာ ချက်များနှင့် အကျိုးစီးပွားဖြစ်ထွန်းရေးအတွက် ဆောင်ရွက်သွား ကြရမည်ဖြစ်သကဲ့သို့ပင် ခရီးသွားလုပ်ငန်းများကြောင့် ပတ်ဝန်း ကျင်ထိခိုက်ပျက်စီးမှု၊ ဒေသခံပြည်သူများ၏ ယဉ်ကျေးမှု၊ ဓလေ့ ထုံးစံများနှင့် နေ့စဉ်လူမှုဘဝများအပေါ် ဆိုးကျိုးများ သက်ရောက် စေမှုတို့    အနည်းဆုံးအထိလျှော့ချနိုင်ရန်  အလေးအနက်စီမံ ဆောင်ရွက်ကြရပါမည့်အကြောင်း။      ။