
မင်းသူကျော်
=======
အဖွဲ့အစည်းတစ်ခု၊ နိုင်ငံတစ်နိုင်ငံတွင် လူ့စွမ်းအားအရင်းအမြစ်၊ လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှု၊ လူ့စွမ်းအားအရင်းအမြစ် ပြုစု ပျိုးထောင်မှု အစီအမံများနှင့် လူ့စွမ်းအားအရင်း အမြစ် စီမံခန့်ခွဲမှုများသည် လွန်စွာအရေးပါပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုအတွက် များစွာသက်ရောက်မှု ရှိသော၊ ဦးစားပေးဆောင်ရွက်ရန်လိုအပ်သော၊ အားပေးမြှင့်တင်ရန်ဖြစ်သော အရေးကြီးသည့် အခန်းကဏ္ဍတွင် ပါဝင်လျက်ရှိပါသည်။ မျက်မှောက် ခေတ်၌ ရှေ့တွင်ရောက်ရှိနေသော ဖွံ့ဖြိုးပြီးနိုင်ငံများ နှင့် နောက်ကျကျန်ရစ်ခဲ့သော ဖွံ့ဖြိုးဆဲနိုင်ငံများ၏ စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုကွာဟချက်အား ကျဉ်း နိုင်သမျှကျဉ်းနိုင်ရန်အတွက် လူ့စွမ်းအားအရင်း အမြစ်စီမံခန့်ခွဲမှုနှင့် လူ့စွမ်းအားအရင်းအမြစ် ဖွံ့ဖြိုးတိုးတက်မှုများသည် နိုင်ငံတိုင်း ဦးစားပေး ဆောင်ရွက်ကြရသည့်ကဏ္ဍတွင် ပါဝင်လျက်ရှိပြီး နိုင်ငံဖွံ့ဖြိုးတိုးတက်မှုတွင် အရေးပါနေပြီ ဖြစ်ပါ သည်။
မတူကွဲပြားလျက်ရှိ
အစိုးရအခန်းကဏ္ဍနှင့် ပုဂ္ဂလိကအခန်းကဏ္ဍ များတွင် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဆိုင်ရာ နည်းလမ်းများ မတူကွဲပြားလျက်ရှိနေပြီး အစိုးရ အခန်းကဏ္ဍတွင် နိုင်ငံ့ဝန်ထမ်းများလိုက်နာရမည့် နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေများအရ ပြုမူ ကျင့်ကြံ၍ လိုက်နာဆောင်ရွက်ကြရခြင်းဖြစ်ပါ သည်။ ရာထူးတိုးမြှင့်ခန့်ထားရာတွင် ရာထူးအဆင့် အလိုက် သတ်မှတ်ထားသော ပညာအရည်အချင်း၊ ကျွမ်းကျင်မှုအရည်အချင်း၊ ရာထူးသက်၊ လုပ်သက်တို့ ကိုက်ညီအောင် အရည်အချင်းစစ်ဆေးအကဲဖြတ် ရွေးချယ်ပြီး ရာထူးတိုးမြှင့်ခန့်ထားဆောင်ရွက် ကြရန် ဖြစ်ပါသည်။
ပြည်ထောင်စုအစိုးရအဖွဲ့၏ (၃၀.၇.၂၀၂၀) ရက်စွဲပါ အမိန့်ကြော်ငြာစာအမှတ် (၆၈/၂၀၂၀) ဖြင့် ပြည်ထောင်စုအဖွဲ့အစည်းများ၊ ပြည်ထောင်စု ဝန်ကြီးဌာနများသည် ဝန်ထမ်းဖွဲ့စည်းပုံအသစ် တင်ပြခြင်း၊ တိုးချဲ့ခြင်း၊ ပြင်ဆင်ဖွဲ့စည်းခြင်းတို့နှင့် စပ်လျဉ်း၍ ပြည်သူ့အကျိုးကိုရှေးရှုလျက် ပြည်သူ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်သော ပြည်သူ့ဝန်ဆောင် မှု၊ ကောင်းမွန်သည့်ဖွဲ့စည်းပုံများ ဖြစ်စေရေးအတွက် နိုင်ငံ့ဝန်ထမ်းဖွဲ့စည်းပုံဆိုင်ရာ မူဝါဒများတွင် လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုစီမံချက် (Human Resource Management Plan) ထားရှိ ဆောင်ရွက်ရန်အတွက် မူဝါဒများနှင့်အညီ လိုက်နာ ဆောင်ရွက်နိုင်ရန် ညွှန်ကြားထားပြီးလည်းဖြစ်ပါ သည်။
ပြည်သူ့ဝန်ထမ်းကောင်းများတွင် ရာထူး အဆင့်များအလိုက် အဓိကတန်ဖိုးများဖြစ်သော တာဝန်ယူမှု (Responsibility)၊ တာဝန်ခံမှု (Accountability)နှင့် ပေါင်းစပ်ညှိနှိုင်းမှု (Coordination) များ ရှိရမည်ဖြစ်ပါသည်။
နိုင်ငံ့ဝန်ထမ်းအဖွဲ့အစည်းများ သက်ဆိုင်သည့် ကျွမ်းကျင်မှုဆိုင်ရာ မူဘောင်ချမှတ်ထားရှိပြီး လုပ်ရည်ကိုင်ရည်မူဘောင်တွင် အဓိကအားဖြင့် လားရာလမ်းကြောင်းများ ချမှတ်ဆောင်ရွက်ခြင်း၊ လူထုနှင့်ထိတွေ့ဆက်ဆံအလုပ်လုပ်ခြင်း၊ လူအများ နှင့်ချိတ်ဆက်ဆောင်ရွက်ခြင်းနှင့် ရလဒ်ကောင်း များ ရရှိစေခြင်းတို့ပါဝင်သည်။ လမ်းကြောင်းများ ချမှတ်၍ ပူးပေါင်းဆောင်ရွက်ခြင်းနှင့် တွဲဖက် လုပ်ကိုင်ခြင်းများဖြင့် ရလဒ်ကောင်းများ ရရှိစေရန် ဖြစ်ပါသည်။
အက်(စ်) ခုနစ်လုံး လိုက်နာကျင့်သုံး
အဖွဲ့အစည်းတစ်ရပ်၏ အက်(စ်) ခုနစ်လုံးသည် (၁) ဖွဲ့စည်းတည်ဆောက်ပုံ (Structure)၊ (၂) စနစ် များ (System)၊ (၃) မဟာဗျူဟာ (Strategies)၊ (၄) ကျွမ်းကျင်မှု (Skills)၊ (၅) အတူထားရှိသော တန်ဖိုးများ (Shared Values) ၊ (၆) ခေါင်းဆောင်မှုပုံစံ (Style of Leadership) နှင့် (၇) ဝန်ထမ်းရေးရာ (Staff Development) များဖြစ်ပြီး အဖွဲ့အစည်း၏ အောင်မြင်မှုနှင့် ရလဒ်ကောင်းများ ရရှိနိုင်မှုသည် ၎င်းအက်(စ်)ခုနစ်လုံးအား လိုက်နာကျင့်သုံး ဆောင်ရွက်မှုများအပေါ် မူတည်နေပါသည်။
ဝန်ထမ်းအဖွဲ့အစည်းအတွင်း စိတ်ဓာတ်နှင့် အမူအကျင့်သစ်များ ထူထောင်ရာတွင် ဆောင်ရွက် သင့်သည့်အဆင့် ခြောက်ဆင့်ရှိပြီး (၁) လက်ရှိစိတ်နေ စိတ်ထားနှင့်ဓလေ့၊ အဖွဲ့အစည်းဆိုင်ရာ ဘယ်လို အကြောင်းအချက်တွေကြောင့် ဖြစ်လာခဲ့သလဲ၊ (၂) လိုချင်တဲ့စိတ်ဓာတ်နဲ့ ဓလေ့က ဘာလဲ၊ အကြောင်းအချက်တွေကို ဘယ်လိုတည်ဆောက် ကြမလဲ၊ (၃) အပြောင်းအလဲနှင့် အပြောင်းအလဲ မဟုတ်ဘူးဆိုတာတွေကဘာလဲ၊ (၄) အောင်မြင်တဲ့ ဇာတ်ကြောင်းတွေက ဘာတွေလဲ၊ ဘာကြောင့် အောင်မြင်တာလဲ၊ (၅) မဟာဗျူဟာလုပ်ငန်း စီမံချက်က ဘာကိုအခြေခံပြီး ရေးဆွဲမလဲ၊ (၆) ရေးဆွဲသည့် စီမံချက်တွေကို ဘယ်လိုနည်းလမ်း တွေသုံးပြီး အကောင်အထည်ဖော်မလဲဆိုတာတွေ ကို စဉ်းစားဆောင်ရွက်ကြရန် ဖြစ်ပါသည်။
ဝန်ထမ်းအဖွဲ့အစည်းအတွင်း စွမ်းဆောင်ရည် တိုးမြှင့်စေရေးဆောင်ရွက်ရမည့် လုပ်ငန်းနယ်ပယ် သုံးခုသည် (၁) အဖွဲ့အစည်းအတွင်း ဖွဲ့စည်း ဆောင်ရွက်မှုပုံစံပြောင်းလဲခြင်း၊ အခြားအဖွဲ့အစည်း များနှင့် ပူးပေါင်းဆောင်ရွက်မှုခိုင်မာအားကောင်းစေခြင်း၊ သင်တန်းများပေးခြင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ ပြဿနာများကို ပြန်လည်သုံးသပ်ဖြေရှင်းခြင်း၊ (၂) ဆုံးဖြတ်ဆောင်ရွက်ရမည့် လုပ်ငန်းစဉ်များ အတွက် စံနှုန်းများချမှတ်ခြင်း၊ မူဝါဒဆိုင်ရာများကို ပြန်လည်သုံးသပ်ခြင်း၊ (၃) ဝန်ထမ်းများ လိုက်နာ စောင့်ထိန်းရမည့် ကျင့်ဝတ်များ၊ ထုတ်ပြန်ထားသည့် ဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံးလုပ်နည်း၊ အမိန့် ညွှန်ကြားချက်များနှင့်အညီ စစ်ဆေးဆောင်ရွက်စေ ခြင်းများ ဖြစ်ကြပြီး လိုက်နာကျင့်သုံးဆောင်ရွက် ခြင်းဖြင့် ခိုင်မာအားကောင်းသော၊ စွမ်းဆောင်ရည် ပြည့်ဝသော အဖွဲ့အစည်းများအဖြစ် ရပ်တည် ဆောင်ရွက်နိုင်မည် ဖြစ်ပါသည်။
ကျွမ်းကျင်မှု (Skill)နှင့် လုပ်ရည်ကိုင်ရည် (Competency) သည် ကွဲပြားမှုရှိပြီး Competencies ဟု ဆိုရာတွင် လုပ်ငန်းအောင်မြင်စွာဆောင်ရွက် နိုင်စေမည့် အတတ်ပညာ၊ အသိပညာနှင့် ပြုမူ ဆောင်ရွက်မှုများ ပါဝင်သည်။ Competency သည် အသိပညာ (ဉာဏ်ရည်)၊ အပြုအမူ (နှလုံးရည်) နှင့် ကျွမ်းကျင်မှု (လက်ရုံးရည်) ဆိုပြီး နယ်ပယ် သုံးခု ဖြစ်ပါသည်။ တစ်နည်းအားဖြင့် လုပ်ရည် ကိုင်ရည် (Competency) တွင် ရှိရမည့် အဓိက နယ်ပယ်သုံးခုသည် လုပ်ငန်းခွင်များအတွင်း၌ ရှိရ မည့် အရည်အချင်းများလည်း ဖြစ်ပါသည်။
ရာထူးအလိုက် လိုအပ်သောကျွမ်းကျင်မှုက ဘာတွေလဲ၊ လိုအပ်တဲ့ကျွမ်းကျင်မှုတွေက လုပ်ငန်း ဌာနတွေအပေါ်မူတည်၍ ကွဲပြားမည်ဖြစ်သဖြင့် လုပ်ငန်းအလိုက်၊ ဌာနအလိုက် သတ်မှတ်ဆောင်ရွက် ရန်ဖြစ်ပါသည်။ အတွေးအမြင်များ (Mindsets)၊ ကျွမ်းကျင်မှုအစုများ (Skillsets)နှင့် ကိုယ်ရေး ဂုဏ်ဒြပ်များသည် လုပ်ငန်း၊ ဌာနအလိုက် သတ်မှတ် ဆောင်ရွက်နိုင်ရေး ထည့်သွင်းစဉ်းစားရမည့် အချက် များ ဖြစ်ပါသည်။
အလုပ်တစ်ခု၊ ရာထူးတစ်ခုအတွက် ဘာတွေ ဆောင်ရွက်မှာလဲ၊ ဘယ်လိုနည်းလမ်းတွေ အသုံးပြု ပြီး ဆောင်ရွက်မှာလဲဆိုတာကို ခွဲခြမ်းစိတ်ဖြာ သရုပ်ခွဲရန်ဖြစ်ပြီး အလုပ်ကို ခွဲခြမ်းစိတ်ဖြာခြင်း ဆောင်ရွက်ရန် ဖြစ်ပါသည်။ ထိုသို့ပြုလုပ်ရာတွင် လူတွေ့မေးမြန်းခြင်း၊ ရေးသားဖြေဆိုရမည့် မေးခွန်းများ၊ စောင့်ကြည့်လေ့လာခြင်းများနှင့် နေ့စဉ်မှတ်တမ်းများ၊ စာရင်းစာအုပ်များဖြင့် အချက် အလက်များစုဆောင်းရန် နည်းလမ်းများ အသုံးပြု ဆောင်ရွက်ရမည်ဖြစ်ပါသည်။
အလုပ်တစ်ခုအတွက် လုပ်ငန်းတာဝန် သတ်မှတ်ချက်တွင် သက်ဆိုင်ရာမှ သတ်မှတ်တာဝန် ပေးအပ်ထားသော အလုပ်တစ်ခု၏ တာဝန်ဝတ္တရား များကို ရာထူး၊ ဌာန၊ လုပ်ငန်းတာဝန်အကျဉ်း၊ ဆောင်ရွက်ရသည့် လုပ်ငန်းအသေးစိတ်၊ ကိုင်တွယ် ရသည့် စက်နှင့် စက်ပစ္စည်းကိရိယာများ၊ အသုံးပြု ရသည့် ကုန်ကြမ်း၊ လုပ်ငန်းခွင်အခြေအနေ၊ ဘေးအန္တရာယ်၊ လုပ်ပိုင်ခွင့်အာဏာနှင့် အခြားသော လုပ်ငန်းတာဝန်များနှင့် ဆက်စပ်ဆောင်ရွက်ရမှု များဖြစ်ပြီး စက်ရုံအလုပ်ရုံများတွင် လက်တွေ့ တာဝန်ထမ်းဆောင်လျက်ရှိသော အမှုထမ်းများ အတွက် နမူနာအချက်များဖြစ်ပါသည်။
အလုပ်အတွက် လိုအပ်သည့်အရည်အချင်း သတ်မှတ်ချက်သည် လုပ်ငန်းတစ်ခု၏ လူ့စွမ်းအား လိုအပ်ချက်များဖြစ်ပြီး ပညာအရည်အချင်း၊ အသက်မွေးဝမ်းကျောင်းပညာရပ်ဆိုင်ရာ အရည် အချင်းများ၊ လုပ်ငန်းအတွေ့အကြုံ၊ တက်ရောက် ထားသည့် သင်တန်းများ၊ ကျွမ်းကျင်မှုအရည် အသွေးများ၊ စိတ်အားထက်သန်မှု၊ ဦးဆောင်ဦးရွက် ပြုနိုင်မှု၊ ဆန်းစစ်လေ့လာနိုင်မှုနှင့် အကဲဖြတ်နိုင်မှု အရည်အသွေး၊ လိုက်လျောညီထွေစွာ လုပ်ဆောင် နိုင်မှု၊ ကိုယ်ရည်ကိုယ်သွေး စသည်တို့ အဓိကပါဝင် ခြင်းဖြစ်ပါသည်။
သိမြင်မှု ဉာဏ်ရည်ဆိုင်ရာအဆင့်
ပညာရေးဆိုင်ရာပညာရှင်များ၏ သိမြင်မှု ဉာဏ်ရည်ဆိုင်ရာအဆင့် ခုနစ်ဆင့်တွင် (၁) သိရှိ မှတ်သားနိုင်ခြင်း၊ (၂) နားလည်နိုင်စွမ်းရှိခြင်း၊ (၃) လက်တွေ့အသုံးပြုနိုင်ခြင်း၊ (၄) ခွဲခြမ်းစိတ်ဖြာခြင်း၊ (၅) တန်ဖိုးဖြတ်ခြင်းနှင့် (၆) တီထွင်ဖန်တီးခြင်းများ ပါဝင်ပြီး ကျွမ်းကျင်မှုဆိုင်ရာ အဆင့် ခုနစ်ဆင့်တွင် (၁) သိမြင်နားလည်နိုင်ခြင်း၊ (၂) ပြဋ္ဌာန်းချက် များကိုလုပ်ဆောင်ရန် အဆင်သင့်ဖြစ်နေခြင်း၊ (၃) နက်နဲရှုပ်ထွေးသည့် ညွှန်ကြားချက်များအပေါ် တုံ့ပြန်နိုင်ရေးအတွက် စမ်းသပ်ခြင်း၊ အမှားပြင်ဆင် ခြင်းနည်းလမ်းဖြင့် စတင်၍ ဖြေရှင်းဆောင်ရွက်လာ နိုင်ခြင်း၊ (၄) သင်ယူလေ့လာခဲ့သော ကျွမ်းကျင်မှု များသည် ပုံမှန်ဖြစ်လာပြီး လှုပ်ရှားမှုတိုင်းသည် ယုံကြည်မှုနှင့် ကျွမ်းကျင်မှုအချို့ပေါင်းစပ်၍ လုပ်ဆောင်နိုင်ခြင်း၊ (၅) ကျွမ်းကျင်တတ်မြောက် သည့် ပညာရှင်အဆင့် ဖြစ်လာခြင်း၊ (၆) ကျွမ်းကျင် မှုသည် ပိုမိုကောင်းမွန်လာပြီး တစ်ဦးချင်းစီတွင် ရှိရမည့် အထူးလိုအပ်ချက်များနှင့် ကိုက်ညီစေရန် လှုပ်ရှားမှုပုံစံများကို ပြုပြင်ပြောင်းလဲလာနိုင်ခြင်း နှင့် (၇) မူလဇာစ်မြစ်ကို ဖန်တီးပုံဖော်နိုင်သည့် တီထွင်ကြံဆဖန်တီးနိုင်သူ ဖြစ်လာခြင်းတို့ ပါဝင်ပါ သည်။ နှလုံးရည်ဆိုင်ရာ အပြုအမူအဆင့် ငါးဆင့် တွင် (၁) လက်ခံရယူ၍ သိရှိနားလည်နိုင်ခြင်း၊ (၂) တက်ကြွစွာ ပူးပေါင်းပါဝင်ဆောင်ရွက်နိုင်ခြင်း၊ (၃) တန်ဖိုးထားခြင်း၊ (၄) ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ခြင်းနှင့် (၅) အဖွဲ့အစည်းအတွင်း၌ ၎င်းတို့၏ အပြုအမူများကို တန်ဖိုးထားသည့်စနစ်နှင့် ထိန်းချုပ် နိုင်သည့် ဝိသေသလက္ခဏာများရှိခြင်းတို့ဖြင့် အဆင့်ဆင့်ပြုမူ ဆောင်ရွက်ခြင်းဖြစ်ပါသည်။ ယခု တင်ပြသည့် ပညာရှင်များ၏ သိမြင်မှု၊ ကျွမ်းကျင်မှု နှင့် နှလုံးရည်ဆိုင်ရာအဆင့်များကို ပညာရေး နယ်ပယ်တွင် ပညာရေးရည်မှန်းချက် ချမှတ်ရန် လက်တွေ့အသုံးချ၍ လူ့စွမ်းအားအရင်းအမြစ် စီမံခန့်ခွဲမှုဆောင်ရွက်ခြင်းဖြင့် ခေတ်မီဖွံ့ဖြိုးတိုးတက် သည့် ပညာရေးကဏ္ဍကို အကောင်အထည်ဖော် ဆောင်ရွက်နိုင်မည်ဖြစ်ပါသည်။
အချုပ်အားဖြင့် နိုင်ငံတစ်နိုင်ငံ ဖွံ့ဖြိုးတိုးတက်မှု တွင် လူ့စွမ်းအားအရင်းအမြစ်စီမံခန့်ခွဲမှုသည် ပဓာန ကျပြီး အရည်အချင်းပြည့်ဝသော၊ စွမ်းဆောင်ရည် ရှိသော၊ လုပ်ငန်းကျွမ်းကျင်သော၊ တာဝန်ယူမှု၊ တာဝန်ခံမှုရှိသော၊ ရလဒ်ကောင်းများ ရရှိရန်အတွက် ပူးပေါင်းဆောင်ရွက်တတ်သော၊ လူ့စွမ်းအား အရင်းအမြစ်များ တည်ထောင်ဆောင်ရွက်ခြင်းဖြင့် အောင်မြင်သောဘဝများ ရယူပိုင်ဆိုင်ကြနိုင်ရေး တိုက်တွန်းလိုက်ရပါသည်။ ။
- Log in to post comments