ဆင်းရဲနွမ်းပါးခြင်းမှ ရုန်းထွက် ကလေးအလုပ်သမားပြဿနာတိုက်ဖျက်

၂၀၁၅ ခုနှစ်က ကောက်ယူခဲ့သည့် စစ်တမ်းတစ်ရပ်အရ မြန်မာ နိုင်ငံတွင် ကလေးဦးရေ ၁၂ သန်းကျော်ရှိသည့်အနက် ကလေး အလုပ်သမားဦးရေ ၁ ဒသမ ၁ သန်းကျော် ရှိနေသည်ဟုဆိုသည်။ အဆိုပါ အရေအတွက်ထဲတွင် အသက် ၁၂ နှစ်မှ ၁၄ နှစ်ကြား ၂၄ ဒသမ ၁   ရာခိုင်နှုန်းနှင့်   အသက် ၁၅ နှစ်မှ ၁၇ နှစ်ကြား ၇၄ ဒသမ ၆ ရာခိုင်နှုန်းပါဝင်သည်။ အဆိုပါကလေးအလုပ်သမား များသည်  လုပ်ငန်းခွင်များတွင်   အချိန်ကြာမြင့်စွာ  အလုပ် လုပ်နေကြရကြောင်းလည်း စစ်တမ်းတွင် ဖော်ပြထားသည်။
မြန်မာနိုင်ငံသည် စိုက်ပျိုးရေးအခြေခံစီးပွားရေးနိုင်ငံဖြစ် သည့်အလျောက် စိုက်ပျိုးရေးလုပ်ငန်းများတွင် ကလေးအလုပ် သမားဦးရေကို ၇၀ ဒသမ ၉ ရာခိုင်နှုန်းအထိ တွေ့ရပြီး စက်မှု ကုန်ထုတ်လုပ်ငန်းများတွင်    ၁၂   ရာခိုင်နှုန်းနှင့်    လက်လီ လက်ကား  ရောင်းဝယ်ရေး၊  ယာဉ်၊  စက်ပြုပြင်ရေးလုပ်ငန်း များတွင် ၁၁  ရာခိုင်နှုန်း လုပ်ကိုင်နေကြသည်။ ကလေးအလုပ် သမားဆိုသည်မှာ ကလေးသူငယ်များအား ၎င်းတို့ကလေးဘဝ၊ အလားအလာနှင့် ဂုဏ်သိက္ခာဆုံးရှုံးစေသောအလုပ်၊ သို့မဟုတ် ကလေးသူငယ်များ၏ ရုပ်ပိုင်း၊ စိတ်ပိုင်း သို့မဟုတ် ကိုယ်ကျင့် တရားဆိုင်ရာ ဖွံ့ဖြိုးတိုးတက်မှုကို ထိခိုက်အန္တရာယ်ပေးသော အလုပ်၊ သို့မဟုတ် ကျောင်းမတက်နိုင်အောင် ဟန့်တားခြင်း၊ ပညာရေးကို  စောစောရပ်လိုက်ရခြင်း  သို့မဟုတ်  ကျောင်းတက် ခြင်းနှင့်အတူ     ပြင်းထန်သော    အလုပ်ကို    အချိန်ကြာမြင့် စွာလုပ်ရခြင်းဖြင့် ကလေးသူငယ်များ၏ ပညာရေးကို အနှောင့် အယှက်ပေးသော အလုပ်ကို လုပ်ရခြင်းတို့ဖြစ်သည်ဟု အပြည် ပြည်ဆိုင်ရာ   အလုပ်သမားရေးရာအဖွဲ့က    အဓိပ္ပာယ်ဖွင့်ဆို ထားသည်။
ကလေးလုပ်သားများ ဖြစ်ပေါ်လာရခြင်း၏ အကြောင်းရင်း များတွင် အဓိကအကျဆုံးသော အကြောင်းရင်းမှာ ဆင်းရဲ နွမ်းပါးခြင်းပင်ဖြစ်သည်။ ဆင်းရဲသော မိသားစုများ၏ မိသားစု ဝင်ငွေတွင် က‌လေးများရှာဖွေသည့် ဝင်ငွေက မိသားစုဝင်ငွေ၏ ၂၅ ရာခိုင်နှုန်းမှ ၄၀ ရာခိုင်နှုန်းအထိ ရှိနေကြသည်။ ဆင်းရဲ နွမ်းပါးခြင်းနှင့်အတူ  ပညာရေး  အရည်အသွေး  နိမ့်ကျခြင်း၊ ကျောင်းများ လုံလောက်စွာမရှိခြင်းတို့ကလည်း ကလေးများကို ကလေးအလုပ်သမားများအဖြစ်သို့ရောက်အောင် တွန်းပို့သည့် အကြောင်းအရာများဖြစ်သည်ဟု အပြည်ပြည်ဆိုင်ရာ အလုပ် သမားရေးရာအဖွဲ့က ဆိုသည်။ အရည်အသွေးမမီ နိမ့်ကျသော ပညာရေးစနစ်ကြောင့်      ပညာသင်ယူမှု      ပြီးဆုံးချိန်တွင် တတ်မြောက်သည့် ပညာဖြင့် ဝင်ငွေ၊ အလုပ်အကိုင်  အခွင့် အလမ်းတို့  နည်းပါးမှုအပေါ် မိဘတို့က ယုံကြည်မှုမရှိခြင်း၊ ကျောင်းများရှိသည့်တိုင်  အလွန်ဝေးသည့်  နေရာဒေသတွင် ရှိနေခြင်း စသည်တို့ကြောင့် ကလေးများ အလုပ်သမားဘဝသို့ ရောက်ရှိသွားကြရသည်။
ကမ္ဘာ့နိုင်ငံပေါင်း ၇၀ ကျော်တွင် ကလေးအလုပ်သမား ပြဿနာ  ကြီးမားလျက်ရှိရာ မြန်မာနိုင်ငံလည်း ပါဝင်သည်။ အခြားကမ္ဘာ့နိုင်ငံများကဲ့သို့ပင်  မြန်မာနိုင်ငံတွင်လည်း ကလေး အလုပ်သမားပပျောက်ရေး   အစီအစဉ်ချမှတ်၍   အကောင် အထည်ဖော်လျက်ရှိသည်။ ကလေးအလုပ်သမား ပြဿနာတွင် အခြေခံအကြောင်းမှာ ဆင်းရဲနွမ်းပါးမှုပင်ဖြစ်ရာ ဆင်းရဲနွမ်းပါး မှုကို  တိုက်ဖျက်ခြင်းဖြင့်  ကလေးအလုပ်သမား   ပြဿနာမှာ အလိုအလျောက် ပြီးပျောက်သွားမည်ဖြစ်သည်။ ဆင်းရဲနွမ်းပါး ခြင်းမှ ရုန်းထွက်ခြင်းသည် မိသားစုအလိုက်၊ တစ်ဦးချင်းအလိုက် ကြိုးပမ်းအားထုတ်ကြရန်ဖြစ်သကဲ့သို့   နိုင်ငံတော်အစိုးရ၏ မူဝါဒနှင့်  စီးပွားရေးလုပ်ငန်းစဉ်များ ‌အောင်မြင်စွာ အကောင် အထည်ဖော်နိုင်ရေး၊         နိုင်ငံတည်ငြိမ်အေးချမ်းရေးတို့နှင့် ဆက်စပ်လျက်ရှိရာ   ယခုနှစ်   ကမ္ဘာ့ကလေးအလုပ်သမား ဆန့်ကျင်တိုက်ဖျက်ရေးနေ့၏ ဆောင်ပုဒ် ဖြစ်သော Let's out on our commitment: End Child Labour! ‘‘ကလေးအလုပ် သမား  အဆုံးသတ်ရေး   ကျွန်ုပ်တို့၏  ကတိကဝတ်အတိုင်း ဆောင်ရွက်ကြစို့’’    ဟူသည်နှင့်အညီ    အားထုတ်ကြိုးပမ်း ဆောင်ရွက်ကြရပါမည့်အကြောင်း။           ။