အသက်ရှည်ရာ အနာမဲ့ကြောင်း

နိုင်ငံကို တည်ဆောက်ရာတွင် နိုင်ငံသားတိုင်း ကျန်းမာကြံ့ခိုင်စေ ရန်နှင့် ဉာဏ်ပညာပြည့်စုံစေရန် အရေးကြီးသည့်အလျောက် နိုင်ငံ၏ ကျန်းမာရေးကဏ္ဍနှင့် ပညာရေးကဏ္ဍတို့ မြင့်မားဖို့လို သည်။ နိုင်ငံသားတိုင်း ရောဂါဘယကင်းရှင်းစွာဖြင့် ကျန်းမာကြ စေရန်အတွက်   လိုအပ်ချက်မှာ ကျန်းမာရေးဆိုင်ရာ အသိသုတ မြင့်မားကြစေရန်နှင့် လက်တွေ့လိုက်နာကျင့်သုံးကြစေရန်ပင် ဖြစ်သည်။
နိုင်ငံ‌တော်စီမံအုပ်ချုပ်ရေးကောင်စီသည် ပြည်သူတစ်ရပ်လုံး ၏  ကျန်းမာရေးအဆင့်အတန်း တိုးတက်မြင့်မားရေးအတွက် စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ     ပြည်သူ့ကျန်းမာရေး စောင့်ရှောက်မှုလုပ်ငန်းများဖြစ်သည့် မိခင်နှင့်မျိုးဆက်ပွား ကျန်းမာရေး၊ မွေးကင်းစနှင့် ကလေးကျန်းမာဖွံ့ဖြိုးရေး၊ ကျောင်း ကျန်းမာရေးနှင့် အာဟာရဖွံ့ဖြိုးရေး၊ ကူးစက်ရောဂါနှင့် မကူးစက် ရောဂါများ ကာကွယ်တိုက်ဖျက်ရေး၊ လုပ်ငန်းခွင်နှင့် ပတ်ဝန်း ကျင်ကျန်းမာရေးလုပ်ငန်းများနှင့် ကာကွယ်ဆေးထိုးရေးလုပ်ငန်း များကို  ဆောင်ရွက်ပေးလျက်ရှိသည်။   ကျန်းမာရေးကဏ္ဍကို မြှင့်တင်ရာတွင်    ကျန်းမာရေးစောင့်ရှောက်ကုသမှုပြုသည့် နည်းတူပင် ကြိုတင်ကာကွယ်ရေးနှင့် ပြည်သူလူထုကို ကျန်းမာ ရေးအသိပညာဗဟုသုတမြှင့်တင်ပေးရေးတို့ကလည်း အရေးပါ သည်။ ပြည်သူတစ်ဦးချင်း ကျန်းမာရေးအသိပညာမြင့်မားသည် နှင့်အမျှ ကျန်းမာရေးနှင့် ညီညွတ်သည့် လူနေမှုပုံစံကို ကျင့်သုံး လာကြမည်ဖြစ်ပြီး မိသားစုနှင့် ပတ်ဝန်းကျင်တို့ကိုပါ အကျိုးပြု သွားနိုင်မည်ဖြစ်သည်။
မိမိတို့နိုင်ငံတွင်  အကြောင်းအမျိုးမျိုးကြောင့်  ကျန်းမာရေး အဆင့်အတန်းမှာ ဒေသတွင်း နိုင်ငံများနှင့် နှိုင်းယှဉ်ပါက နိမ့်ကျ လျက်ရှိခဲ့သည်။ ၂၀၂၀ ပြည့်နှစ် ထုတ်ပြန်ချက်များအရ မြန်မာ နိုင်ငံ၏ မျှော်မှန်းသက်တမ်း (Life Expectancy at Birth) သည် ၆၇ နှစ်ဖြစ်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် တစ်နှစ်အောက်  ကလေးသေဆုံးနှုန်း ကလေးအရှင် ၁၀၀၀ မွေးတိုင်း ၁၂ ဦး၊ ငါးနှစ်အောက်    ကလေးသေဆုံးနှုန်း   ကလေးအရှင်   ၁၀၀၀ မွေးတိုင်း ၁၅ ဦး၊ မိခင်သေဆုံးနှုန်း ကလေးအရှင် တစ်သိန်းမွေး တိုင်း ၁၀၂ ဒသမ ၇ ဦး ရှိနေသည်။  တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ငါးနှစ်အောက်ကလေးငယ်များ အာဟာရချို့တဲ့မှု  ၂၆ ဒသမ ၇ ရာခိုင်နှုန်းရှိနေသည်။   ကျန်းမာရေးဆိုင်ရာ  လူ့စွမ်းအားအရင်း အမြစ်အနေဖြင့်ဆိုလျှင်လည်း    ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ သတ်မှတ်ချက်အရ လူဦးရေ ၁၀၀၀ တွင် အနည်းဆုံး ဆရာဝန် တစ်ဦးနှင့် အနည်းဆုံး ကျန်းမာရေးဝန်ထမ်း ၂ ဒသမ ၃ ဦး ရှိသင့် သည်ဟုဆိုသော်လည်း   မြန်မာနိုင်ငံတွင်   လူဦးရေ  ၁၀၀၀  ၌ ဆရာဝန် ၀ ဒသမ ၃၇ ဦး၊ ကျန်းမာရေးလုပ်သား ၁ ဒသမ ၄၇ဦး သာရှိနေရာ  ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏   သတ်မှတ်ချက် အောက် လျော့နည်းလျက်ရှိသည်။
“ကျန်းမာရေးနှင့်ပတ်သက်၍ ဆေးရုံရှိလျှင် ဆရာဝန်ရှိရမည် ဟူသည့် မူဝါဒနှင့်အညီ ဆရာဝန်များအား ခန့်အပ်တာဝန်ပေး ထားကြောင်း၊ နိုင်ငံအဝန်း  ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်း များ ဆောင်ရွက်နိုင်ရန်အတွက် နိုင်ငံတော်အနေဖြင့် ကျန်းမာရေး ဝန်ထမ်းများ စဉ်ဆက်မပြတ် ခန့်အပ်ပေးလျက်ရှိကြောင်း၊ နိုင်ငံ တော်မှ ထိုသို့ဆောင်ရွက်ပေးလျက်ရှိသကဲ့သို့ ပြည်သူများအနေ ဖြင့်လည်း ကျန်းမာရေးအသိပညာများရှိရန်လိုပြီး ကျန်းမာရေး နှင့်လျော်ညီသည့် နေထိုင်စားသောက်မှုများ ရှိရန်လိုကြောင်း”၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ နိုင်ငံတော်ဝန်ကြီး ချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များအား    တွေ့ဆုံအမှာစကား    ပြောကြားရာတွင် ထည့်သွင်းပြောကြားခဲ့သည်။
ပြည်သူများ၏ မျှော်မှန်းသက်တမ်း မြင့်မားလာရေး၊ ပြည်သူ များစိုက်ထုတ်သုံးစွဲရသည့် ငွေကြေးသက်သာစွာဖြင့် အားလုံး လက်လှမ်းမီ     အရည်အသွေးပြည့်ဝသော      ကျန်းမာရေး စောင့်ရှောက်မှုစနစ်ဖြစ်ပေါ်လာရေး  နိုင်ငံတော်က  ဆောင်ရွက် ပေးနေသည့်နည်းတူ ပြည်သူတစ်ဦးချင်းတို့ကလည်း ကျန်းမာ ရေးအသိပညာ   ဗဟုသုတပြည့်ဝစွာဖြင့်    အသက်ရှည်ရာ  အနာမဲ့ကြောင်း       နေထိုင်စားသောက်       ကျင့်သုံးကြရပါမည့် အကြောင်း။    ။