ကယားပြည်နယ်

မယ်စဲ့မြို့နယ်တွင် လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲ ကျင်းပ

ကယားပြည်နယ်၊ မယ်စဲ့ခရိုင်၊ မယ်စဲ့မြို့နယ်တွင် အနာဂတ် မျိုးဆက်သစ် ကျောင်းသား၊ ကျောင်းသူများ နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ် ရှိလာစေရေး၊ ယဉ်ကျေးလိမ္မာသည့် လူငယ်လူရွယ်များ ဖြစ်လာစေရေး ရည်ရွယ်၍ လူငယ်ရေးရာအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက် ၁၁ နာရီခွဲက အထက(မယ်စဲ့)၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ် ​​​​​​​​​​​မြောက်ပိုင်းရပ်ကွက်၌ အိုမီခရွန်မျိုးရိုးဗီဇ​​ပြောင်း ကိုဗစ်-၁၉​ရောဂါ ကာကွယ်​ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေး အကြိမ်ပြည့်ထိုးနှံ​ရေး အသိပညာ​ပေးနှိုး​ဆော်

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇ​ပြောင်း ကိုဗစ်-၁၉ ​ရောဂါ ကြိုတင်ကာကွယ် သတိပြုနိုင်ကြ​စေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်​ဆေးအကြိမ်ပြည့်ထိုးနှံ​ရေးအတွက် အသိပညာ​ပေးနှိုး​ဆော်ခြင်းကို ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့်​ စေတနာ့ဝန်ထမ်းများက ယ​နေ့ နံနက်(၁၀)နာရီက မြောက်ပိုင်း ရပ်ကွက်၌ အသိပညာ​ပေး နှိုး​ဆော်ခြင်းများ ဆောင်ရွက်ခဲ့​ကြောင်း သိရသည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ (အိုမီခရွန်) ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက် ၁၀ နာရီက မြောက်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖား​ဆောင်းမြို့နယ်၊ မြို့​ပေါ်ရပ်ကွက်ရှိ စျေးဆိုင်များတွင် အရည်အ​သွေးပြည့်မှီသည့် အိုင်အိုဒင်းဆား​ရောင်းခြင်း ရှိ၊မရှိ ကွင်းဆင်းစစ်​ဆေး

ကယားပြည်နယ်၊​ ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ် မြို့​ပေါ်ရပ်ကွက်များတွင် စားသောက်ကုန်များ​ ရောင်းသည့်​စျေးဆိုင်များ၌ အရည်အ​သွေးပြည့်မှီသည့် အိုင်အိုဒင်းဆား​ရောင်းခြင်း ရှိ/မရှိကို ယ​နေ့ နံနက် ၁၁ နာရီအချိန်က ကျန်းမာ​ရေးဦးစီးဌာနမှ တာဝန်ရှိသူများက ကွင်းဆင်းလိုက်လံစစ်​​ဆေးခဲ့​ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်တွင် အသက်(၅)နှစ်အောက် ကလေးငယ်များအား အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ် ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေး

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်အတွင်းရှိ အသက်(၅)နှစ်အောက် ကလေးများအား အာဟာရဖွံ့ဖြိုးရေးရက်သတ္တပတ် ဗီတာမင်(A)နှင့် သံချဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက် (၈)နာရီအချိန် က ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ တိုက်ကျွေးပေးခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ် တောင်ပိုင်းရပ်ကွက်၌ အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကာကွယ်ရေးနှင့် ကိုဗစ်-၁၉ ကာကွယ်ဆေး အကြိမ်ပြည့်ထိုးနှံရေး အသိပညာပေးနှိုးဆော်

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်တွင် အိုမီခရွန်မျိုးရိုးဗီဇပြောင်း ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ် သတိပြုနိုင်ကြစေရန်နှင့် ကိုဗစ်-၁၉ ကာကွယ်ဆေးအကြိမ်ပြည့်ထိုးနှံရေး အတွက် အသိပညာပေးနှိုးဆော်ခြင်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနနှင့် စေတနာ့ဝန်ထမ်းများက ယနေ့နံနက် (၁၀)နာရီက တောင်ပိုင်းရပ်ကွက်၌ အသိပညာပေး နှိုးဆော်ခြင်းများဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများ စာဖတ်ဝိုင်းကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဖားဆောင်းမြို့နယ်၌ စာပေချစ်သူများမှ စာရေးဆရာ အောင်သင်း ရေးသားသည့် မျိုးဆက်သစ်ရဲ့မဟာမိတ် စာအုပ်ဖြင့် စာဖတ်ဝိုင်းကို ယမန်နေ့က ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Center)၌ ပြုလုပ်ခဲ့သည်။

မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

ကယားပြည်နယ်၊ မယ်စဲ့မြို့နယ်တွင် ကိုဗစ်-၁၉ ‌ရောဂါနှင့် မျိုးဗီဇပြောင်းရောဂါ (အိုမီခရွန်) ကူးစက်ဖြစ်ပွားမှု မရှိစေရေးအတွက် ရောဂါကာကွယ် ကုသ၊ ထိန်းချုပ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မပြတ် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက တောင်ပိုင်းရပ်ကွက်၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဘောလခဲမြို့နယ်တွင် ၂၀၂၁ -၂၀၂၂ တက္ကသိုလ်ဝင်တန်းအောင်နှင့် ဂုဏ်ထူးရကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းအခမ်း အနား ကျင်းပ

ကယားပြည်နယ်၊ ဘောလခဲခရိုင်၊ ဘောလခဲမြို့နယ် နယ်စပ်ရေးရာဝန်ကြီးဌာန၊ ပညာရေးနှင့်လေ့ကျင့်ရေးဦးစီးဌာန နယ်စပ်ဒေသတိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်း အစည်းအဝေးခန်းမ၌ ၂၀၂၁-၂၀၂၂ ခုနှစ်ပညာသင်နှစ်တွင် တက္ကသိုလ်ဝင်တန်းအောင် ကျောင်းသား/သူများနှင့် ဂုဏ်ထူးရ ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းနှင့် ဂုဏ်ပြုမှတ်တမ်းလွှာပေးအပ်ခြင်း အခမ်းအနား ကျင်းပ

ဖား​ဆောင်းမြို့ ​မြောက်ပိုင်းရပ်ကွက် (အထက)​​ကျောင်းတွင် အသက်(၅)နှစ်မှ အသက်(၁၈)နှစ်ထိ ​ကျောင်းသား၊​ ကျောင်းသူများအား ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ဆေးများ ဆက်လက်ထိုးနှံ​

ကယားပြည်နယ်၊ ​ဘောလခဲခရိုင်၊ ဖား​ဆောင်းမြို့နယ်၊​တွင်​ကျောင်းသား/သူများ ကျန်းမာစွာဖြင့် ပညာသင်ကြားနိုင်ရန်၊ ကိုဗစ်-၁၉​ ရောဂါ ကွင်းဆက်ပြတ်​တောက်နိုင်ရန်နှင့်​ ရောဂါကာကွယ်ထိန်းချုပ်နိုင်ရန်အတွက် ရည်ရွယ်၍ ယ​​နေ့ နံနက်(၉)နာရီက အသက်(၅)နှစ်မှ အသက်(၁၈)နှစ်အထိ ကိုဗစ်-၁၉​ ရောဂါ ကာကွယ်​ဆေးများကို​​​ မြောက်ပိုင်းရပ်ကွက်ရှိ အ​ခြေခံပညာ​အထက်တန်းကျောင်းတွင် ထိုးနှံ​ပေးလျက်ရှိ​ကြောင်း သိရသည်။
Subscribe to ကယားပြည်နယ်