ကချင်ပြည်နယ်

ကချင်ပြည်နယ်ဝန်ကြီးချုပ် အုပ်ချုပ်ရေးမှူးရုံးနှင့် ကုန်တင်ကုန်ချယာဉ်ရပ်နားစခန်း တည်ဆောက်နေမှုများအား ကြည့်ရှုစစ်ဆေး၊ မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် လုပ်ငန်းစီမံကိန်းများနှင့်စပ်လျဉ်း၍ ဌာနဆိုင်ရာများနှင့် ပေါင်းစပ်ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်၏ မြစ်ကြီးနားမြို့အား ပြည်နယ်၏ မြို့တော်အင်္ဂါရပ်နှင့်အညီ သန့်ရှင်းသာယာလှပပြီး စိမ်းလန်းစိုပြည်လာစေရေး၊ မြို့အင်္ဂါရပ်နှင့်အညီ ဖွံ့ဖြိုးတိုးတက်လာစေရေး စီမံဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက် ၇ နာရီခွဲ က ရွှေအိုက်(ရွှေပြည်သာ)ရပ်ကွက်အတွင်း ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။

ဖားကန့်မြို့နယ်တွင် တက္ကသိုလ်ဝင်စာမေးပွဲဖြေဆို

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်တွင် ယမန်နေ့နံနက်ပိုင်းက ဖွင့်လှစ်ထားရှိသည့် စာစစ်ဌာန(၂)ခု၌ ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာမေးပွဲကို ကျောင်းသား၊ ကျောင်းသူများ ဆက်လက်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

မိုးညှင်းမြို့နယ်၌ ဒုတိယနေ့(အင်္ဂလိပ်စာဘာသာရပ်) လာရောက်ဖြေဆိုသည့် ကျောင်းသား/ကျောင်းသူ(၁၆၄၀)ဦးရှိပြီး မိုးညှင်းဗဟိုအကျဉ်းထောင်မှ ပြင်ပဖြေဆိုသူ နှစ်ဦးပါဝင်

ကချင်ပြည်နယ်မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်ရှိ စာစစ်ဌာနသုံးခုတွင် တက္ကသိုလ်ဝင်ခွင့်စာမေးပွဲ Grade-12 ဒုတိယနေ့ (အင်္ဂလိပ်စာဘာသာရပ်)ကို ယမန်နေ့နံနက်(၉)နာရီမှ စတင်၍ မိုးညှင်းဗဟိုအကျဉ်းထောင်မှ ပြင်ပဖြေဆိုသူ နှစ်ဦးအပါအဝင် ကျောင်းသား ကျောင်းသူ စုစုပေါင်း (၁၆၄၀)ဦးရှိကြောင်း သိရသည်။

မြစ်ကြီးနားမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲ ကျောင်းသား/ကျောင်းသူ (၃၂၃၆)ဦးဝင်ရောက်ဖြေဆို

၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကို ယနေ့နံနက် ၉ နာရီက ပထမနေ့အဖြစ် မြန်မာစာဘာသာရပ်အား စတင်‌ဖြေဆိုရာ ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့နယ်အတွင်းရှိ သက်ဆိုင်ရာ စာစစ်ဌာနအသီးသီး၌ ကျောင်းသား/ကျောင်းသူ စုစုပေါင်း(၃၂၃၆)ဦး ဝင်ရောက်ဖြေဆိုကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ပေါ်စာစစ်ဌာနများ၌ တက္ကသိုလ်ဝင်စာမေးပွဲဖြေဆိုမှုအား လှည့်လည်ကြည့်ရှုအားပေး

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲကို နိုင်ငံတစ်ဝှမ်းရှိ စာစစ်ဌာနများတွင် မတ် ၁၇ ရက်မှစတင်၍ မတ် ၂၀ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ပြီး ကချင်ပြည်နယ်အတွင်းရှိ စာစစ် ဌာနများတွင်လည်း ကျောင်းသား/ကျောင်းသူများက ယနေ့နံနက်ပိုင်းတွင် မြန်မာဘာသာရပ်ကို စတင်ဖြေဆိုနေပြီဖြစ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တာဝန်ရှိသူများနှင့်အတူ မြစ်ကြီးနားမြို့ပေါ်ရှိစာစစ်ဌာနများ၌ ဖြေဆိုနေမှုကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သိရသည်။

မိုးကောင်းမြို့နယ်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆို

နိုင်ငံတစ်ဝန်းလုံး၌ ၂၀၂၄ ပညာသင်နှစ် တက္ကသိုလ်ဝင်စာမေးပွဲကို မတ်လ(၁၇)ရက်တွင် စတင်ဖြေဆိုပြီဖြစ်ရာ ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့နယ်တွင်လည်း ယမန်နေ့ နံနက်(၉)နာရီတွင် စတင်ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပူတာအိုခရိုင်၌ ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်တန်းစာမေးပွဲဖြေဆို

ကချင်ပြည်နယ်၊ ပူတာအိုခရိုင်တွင် မြန်မာနိုင်ငံတစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကျင်းပသော ၂၀၂၄-၂၀၂၅ ပညာသင်နှစ် Grade-12 တက္ကသိုလ်ဝင်တန်း မြန်မာစာဘာသာရပ်ကို စတင်ဖြေဆိုလျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက ပူတာအိုခရိုင်တွင် စာစစ်ဌာန(၃)ခုတွင် ကျောင်းသား၊ ကျောင်းသူများ ဖြေဆိုခဲ့ကြကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ မှန်ပြတောင်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသည့် ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီး တည်ဆောက်လျက်ရှိသည့် အခြေအနေများအား ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်၊ ဌာနဆိုင်ရာများနှင့် အလှူရှင်များ စုပေါင်း၍ ဝိုင်းမော်မြို့နယ်၊ မိုင်းနားကျေးရွာအုပ်စုအတွင်းရှိ အမြင့်ပေ ၁၄၀၀ ကျော်ရှိသည့် မှန်ပြတောင်ပေါ်တွင် တည်ထားကိုးကွယ်တော်မူသည့် မဟာအောင်ဘုန်းပွင့် ဗျာဒိတ်တော်ပေး ရပ်တော်မူ ရုပ်ပွားတော်မြတ်ကြီးနှင့် တောင်ထိပ်ရှိကာစမဏိသဘာ မှန်ပြတောင်စေတီတော် တည်ဆောက်လျက်ရှိသည့် အခြေအနေများအား ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ မွန်းလွဲ ၁ နာရီက သွားရောက် ကွင်းဆင်းစစ်ဆေး ကြည်ညိုခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် ဘောလုံးပွဲတော်သို့ တက်ရောက်အားပေး၊ လဝမ်ကထောင်နှင့် ဟိုးလော်ကျေးရွာများ မြစ်ရေတိုက်စားမှုမှကာကွယ်ရေး ကမ်းပါးထိန်းကျောက်စီမြေထိန်းနံရံများ တည်ဆောက်နေမှုအား ကြည့်ရှုစစ်ဆေး

၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်တန်း(Grade-12)စာမေးပွဲကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် မတ်လ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ ကျင်းပပြုလုပ်သွားမည်ဖြစ်ရာ ကချင်ပြည်နယ်အတွင်း အဆိုပါတက္ကသိုလ်ဝင်တန်း (Grade-12) စာမေးပွဲကို စာစစ်ဌာနပေါင်း(၂၂)ခု ဖွင့်လှစ်၍ ကျင်းပပြုလုပ်သွားမည်ရာ တက္ကသိုလ်ဝင်တန်း စာမေးပွဲအောင်မြင်စွာ ကျင်းပပြုလုပ်နိုင်ရေးအတွက် ကချင်ပြည်နယ်အစိုးရအဖွဲ့၊ မြောက်ပိုင်းတိုင်းစစ်ဌာနချုပ်နှင့် ပြည်နယ်အဆင့် ဌာနဆိုင်ရာများ၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

ပူတာအိုခရိုင် (Community Centre) ခန်းမ၌ အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါ (ပညာဒါန) သင်တန်းဖွင့်လှစ်

ကချင်ပြည်နယ်၊ ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကကြီးမှူး၍ ကျောင်းသား၊ ကျောင်းသူများ အခြေခံအင်္ဂလိပ်သဒ္ဒါကို တတ်မြောက်နိုင်ရန်၊ နွေရာသီကျောင်းပိတ်သည့်ကာလအတွင်း အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်အတွက် ပညာဒါနအဖြစ်ဖွင့်လှစ်သည့် အလယ်တန်းအဆင့် အခြေခံအင်္ဂလိပ်သဒ္ဒါသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ မွန်းလွဲ (၂)နာရီက ပူတာအိုခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမ၌ကျင်းပခဲ့သည်။
Subscribe to ကချင်ပြည်နယ်