ကချင်ပြည်နယ်ဝန်ကြီးချုပ် ပြည်နယ်အတွင်း နိုင်ငံ့စီးပွားမြှင့်တင်ရေး စီမံကိန်းကြီးကြပ်မှုကော်မတီ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့တက်ရောက်
ကချင်ပြည်နယ်အတွင်း နိုင်ငံတော်မှ ခွဲဝေချထားပေးသည့် နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေကျပ် (၈)ဘီလီယံကို ဒေသတွင်း ကိုဗစ်-၁၉ ကြောင့်ထိခိုက်ခဲ့ရသည့် စီးပွားရေးလုပ်ငန်းများ ပြန်လည် ကုစားပေးနိုင်ရေးနှင့် နိုင်ငံ့စီးပွားတိုးတက်မြင့်မားရေးအတွက် စိုက်ပျိုးမွေးမြူရေးနှင့် ကုန်ထုတ်လုပ် မှုလုပ်ငန်းများတွင် ရင်းနှီးမတည်ဆောင်ရွက်ပေးလျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယမန်နေ့ညနေ ၃ နာရီက တာဝန်ရှိသူများနှင့်အတူ ကချင်ပြည်နယ် နိုင်ငံ့စီးပွားမြှင့်တင်ရေးရန်ပုံငွေကြီးကြပ်မှုကော်မတီအစည်းအဝေးသို့ တက်ရောက်ကြကြောင်း သိရသည်။