ကချင်ပြည်နယ်

ပူတာအိုမြို့နယ်၌ သမဝါယမအသင်းအမှုဆောင်များ စာရင်းရေး၊ စာရင်းကိုင်နှင့်မွမ်းမံ သင်တန်းဖွင့်လှစ်

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ပူတာအိုမြို့နယ်သမဝါယမဦးစီးဌာန ကကြီးမှူး၍ သမဝါယမအသင်းများ စာရင်းဇယားပြည့်စုံမှန်ကန်စွာရေးသွင်းထားရှိတတ်လာစေရန်၊ အသင်း လုပ်ငန်းများဆောင်ရွက်ရာတွင် စနစ်တကျဖြစ်လာစေရန်၊ သမဝါယမအသင်း ဥပဒေ၊ နည်းဉပဒေ၊ လုပ်ထုံးလုပ်နည်းများနှင့် ညွှန်ကြားချက်များကိုနားလည်လာစေရန်အတွက် သမဝါယမအသင်းအမှုဆောင်များ စာရင်းရေး၊ စာရင်းကိုင်နှင့် မွမ်းမံသင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ(၂၅)ရက် နံနက်(၉)နာရီခွဲက ပူတာအို မြို့နယ်သမဝါယမဦးစီးဌာနရုံး အစည်းအဝေး ခန်းမ၌ကျင်းပသည်။

ပူတာအိုမြို့ မူလာရှီးဒီရပ်ကွက်၌ အခြေခံမော်တော်ဆိုင်ကယ်ပြုပြင်ထိန်းသိမ်းနည်းပညာ သင်တန်းဆင်း

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အသေးစားစက်မှုလက် မှုလုပ်ငန်းဦးစီးဌာနကကြီးမှူး၍ အသေးစား၊ အငယ်စားစီးပွားရေးလုပ်ငန်းရှင်များပေါ်ထွန်းလာစေရန်၊ လူငယ်များ အလုပ်အကိုင်အခွင့်အလမ်းဖန်တီးပေးခြင်းအားဖြင့် ဒေသခံပြည်သူများဝင်ငွေတိုးပွားလာစေရန်၊ တစ်ပိုင်တစ်နိုင်ကိုယ်ပိုင်လုပ်ငန်းများထူထောင်လုပ်ကိုင်လာနိုင်စေရန်နှင့် အသက်မွေးဝမ်းကျောင်းအထောက်အကူပြု ဆိုင်ကယ်ပြင်နည်းပညာများ သင်ကြားပေးခြင်းအားဖြင့် ဆိုင်ကယ်ပြင်ဆိုင်များတိုးပွားလာကာ ခရီးသွားပြည်သူများအတွက် အထောက်အကူဖြစ်စေရန်ရည်ရွယ်ဖွင့်လှစ်ခဲ့သော အခြေခံမော်ဆိုင်ကယ်ပြုပြင်ထိန်း သိမ်းနည်းပညာသင်တန်းဆင်းပွဲအခမ်းအနားကို ဖေဖော်ဝါရီ (၂၄) ရက် နံနက်(၁၀)နာရီက ပူတာအိုမြို့ မူလာရှီးဒီရပ်ကွက်၊ လူထုအခြေပြုလေ့လာသင်ယူရေးစင်တာခန်းမ၌ ကျင်းပသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၏ (၂၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားတက္ကသိုလ်၏ (၂၈) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

မိုးညှင်းမြို့နယ်တွင် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် ကျောင်းများနှင့် နေအိမ်များ မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပေါ်စေရေး ကွင်းဆင်းစစ်ဆေး

ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ်အတွင်း ၂၀၂၅-၂၀၂၆ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲကျင်းပမည့် အခြေခံပညာအထက်တန်းကျောင်းများနှင့် အနီးပတ်ဝန်ကျင်ရှိ လူနေအိမ်များအား မီးလောင်မှု၊ မီးလန့်မှုမဖြစ်ပေါ်စေရေးအတွက် ယနေ့နံနက်ပိုင်းက မီးသတ်ဦးစီးဌာနမှ ဝန်ရှိသူများက ကွင်းဆင်းစစ်ဆေးကြကြောင်း သိရသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ဖြန့်ဖြူးပေးနိုင်ရေး ဘူးဂါးကုမ္ပဏီ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေး၊ တက္ကသိုလ်ဝင်တန်း Grade-12 အောင်မြင်စွာ ကျင်းပပြုလုပ် နိုင်ရေးလုပ်ငန်းညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားခရိုင်နှင့် မိုးညှင်းခရိုင်အတွက် လျှပ်စစ်ဓာတ်အားပိုမိုတိုးမြှင့် ဖြန့်ဖြူးပေးနိုင်ရေးအတွက် ဘူးဂါးကုမ္ပဏီမှ တာဝန်ရှိသူများနှင့် ယနေ့ နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌တွေ့ဆုံ၍ ညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် အင်ဂျန်းခချောင်းရေထိန်းတံခါး တည်ဆောက်နေမှုအား သွား‌ရောက်ကြည့်ရှုစစ်ဆေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် ရေလမ်းကြောင်းဖွံ့ဖြိုးရေးလုပ်ငန်းများအပြင် အဓိကကျသည့် ရေလျှံတားကမ်းထိန်းတမံ တည်ဆောက်ရေးလုပ်ငန်းများအပြင် ရေထိန်းတံခါးများ တည်ဆောက်ခြင်းလုပ်ငန်းကို ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့ညနေ ၃ နာရီခွဲက အင်ဂျန်းခချောင်းရေထိန်းတံခါး တည်‌ဆောက်ရေးလုပ်ငန်းများနှင့် မြေထိန်းတမံနှင့် ရေလျှံတားနံရံ တည်ဆောက်ရေးလုပ်ငန်းများအား ကွင်းဆင်းစစ်ဆေးခဲ့သည်။

မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) မှ ကချင်ပြည်နယ်အတွင်းရှိ အသင်းဝင်စေတနာ့ဝန်ထမ်းများအား MNCH & Data Training for Volunteer သင်တန်းဖွင့်လှစ်ပေး၊ ပြည်နယ်မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များနှင့် တွေ့ဆုံပွဲကျင်းပ

မြန်မာနိုင်ငံမိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်း (ဗဟို) မှ ကချင်ပြည်နယ်အတွင်းရှိ မိခင်နှင့် ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင် စေတနာ့ဝန်ထမ်းများအား High Impact Maternal, Newborn and Child Health Project (HI-MNCH) စီမံချက်သင်တန်းကို ယမန်နေ့ နံနက် ၉ နာရီက မြစ်ကြီးနားမြို့ရှိ Hotel MEDIRA အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ပေးခဲ့ကြသည်။

မိုးကောင်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း ဇာတ်တိုက်လေ့ကျင့်

ပူပြင်းချောက်သွေ့‌သော နွေရာသီရောက်ရှိလာသည့်အတွက် ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်းနှင့် လက်တွေ့မီးငြှိမ်းသတ်ဇာတ်တိုက်လေ့ကျင့်ခြင်းကို မိုးကောင်းမြို့မဈေး၌ ဖေဖော်ဝါရီ (၂၀) ရက် နေ့လယ် (၁) နာရီခွဲတွင် ဆောင်ရွက်သည်။

ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက်၌ သီးနှံအခြေခံတန်ဖိုးမြှင့် စားသောက်ကုန်ထုတ်လုပ်မှု နည်းပညာသင်တန်းဆင်း

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန ကချင်ပြည်နယ်၊ ပူတာအိုခရိုင်အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနက ကြီးမှူး၍ ဒေသထွက်သီးနှံများဖြစ်သည့် ဂရိတ်ဖရုသီး၊ ကျောက်ဖရုံသီး၊ သင်္ဘောသီး၊ ဘုရင်သီး၊ နာနတ်သီးစသည်တို့အား ကျန်းမာရေးနှင့်ညီညွတ်သော တန်ဖိုးမြှင့်စားသောက်ကုန်များထွက်ပေါ် လာစေရန်၊ တန်ဖိုးမြှင့်စားသောက်ကုန်များ ထုတ်လုပ်သည့်နည်းပညာများ ပြန့်ပွားခြင်းဖြင့် စိုက်ပျိုးတောင် သူနှင့်စားသောက်ကုန်လုပ်ငန်းရှင်များ ဝင်ငွေတိုးပွား၍ အလုပ်အကိုင်အခွင့်အလမ်းများ ပိုမိုရရှိလာနိုင်စေရန်အတွက် သီးနှံအခြေခံတန်ဖိုးမြှင့်စားသောက်ကုန် ထုတ်လုပ်မှုနည်းပညာသင်တန်းဖွင့်ပွဲအခမ်းအနားကို ဖေဖော်ဝါရီ(၂၀)ရက် မွန်းလွှဲ(၁)နာရီက ပူတာအိုမြို့ လေယာဉ်ကွင်းရပ်ကွက် ဘက်စုံသုံးခန်းမ၌ကျင်းပသည်။

စိုက်ပျိုးရေး မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင် မြစ်ကြီးနားမြို့၌ ဝန်ကြီးဌာနအောက်ရှိ ဌာနဆိုင်ရာများနှင့်တွေ့ဆုံ

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီး ဦးမင်းနောင်သည် ဖေဖော်ဝါရီ ၁၉ ရက်နေ့ ညနေပိုင်းက မြစ်ကြီးနားမြို့ရှိ ကချင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ဝန်ကြီးဌာနကွပ်ကဲမှုအောက်ရှိ ဌာနဆိုင်ရာ အရာထမ်း/ အမှုထမ်းများနှင့် တွေ့ဆုံသည်။
Subscribe to ကချင်ပြည်နယ်