နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး ဥတ္တရသီရိမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ အသင်းခွဲရုံးနှင့် ဖူဆယ်အားကစားကွင်းဖွင့်ပွဲအခမ်းအနား တက်ရောက်
ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ကြက်ခြေနီကြီးကြပ်မှုကော်မတီ၊ ဥတ္တရသီရိမြို့နယ် ကြက်ခြေနီအသင်းခွဲ၏ “အသင်းခွဲရုံးနှင့် ဖူဆယ်အားကစားကွင်းဖွင့်ပွဲ” အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းတွင် ကျင်းပရာ နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုး၊ နေပြည်တော်ကြက်ခြေနီကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးအောင်ချိုနှင့် ကြက်ခြေနီတပ်ဖွဲ့ဝင်များ၊ ဥတ္တရခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြသည်။