နယ်စပ်ရေးရာဝန်ကြီးဌာန နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ အခြေခံ ပညာကျောင်း(၂)ကျောင်းအတွက် ကွန်ပျူတာ၊ Printer နှင့် မီးစက်များ ထောက်ပံ့ပေးအပ်
ကယားပြည်နယ်၊ လွိုင်ကော်ခရိုင်၊ ဖရူဆိုမြို့နယ်အတွင်းရှိ ဝေးလံပြီး လတ်တလော လျှပ်စစ်မီးမပေးနိုင် သေးသည့် အခြေခံပညာကျောင်း(၂)ကျောင်းအတွက် နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနမှ ယနေ့ နံနက်ပိုင်းက ကွန်ပျူတာ၊ Printer နှင့် မီးစက်များကို ထောက်ပံ့ပေး အပ်ခဲ့ကြောင်း သိရသည်။