ဦးစီးဌာန(ရုံးချုပ်)

ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ် ဦးတင်မောင်းဝင်း ပုသိမ်မြို့၊ သူနာပြုသင်တန်းကျောင်း သစ်လွင်သူနာပြုများ ခန့်အပ်လွှာပေးအပ်ပွဲ အခမ်းအနားတက်ရောက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာန၊ အစည်းအဝေးခန်းမတွင် ပုသိမ်မြို့၊ သူနာပြုသင်တန်းကျောင်း သစ်လွင်သူနာပြု ခန့်အပ်လွှာပေး အပ်ပွဲအခမ်းအနားကို ယမန်နေ့က ကျင်းပပြုလုပ်ရာ အခမ်းအနားသို့ တိုင်းဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာလှိုင်၊ စီးပွားရေးရာဝန်ကြီး ဦးတင်အေး၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်၊ လမ်းပန်းဆက်သွယ်ရေး ဝန်ကြီး ရဲမှူးကြီး တင်ဇော်ထွန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ အတွင်းရေးမှူး ဦးဝေဇင်ထွန်း၊ တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးမှူး ဒေါက်တာဇော်မင်းထွန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊   သစ်လွင်သူနာပြုများ တက်ရောက်ခဲ့ကြသည်။ 

ပွင့်ဖြူမြို့နယ်၌ ကိုဗစ် - ၁၉ ဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်ရောဂါ ကြိုတင်ကာကွယ်ရေး အသိပေးနှိုးဆော်

မကွေးတိုင်းဒေသကြီး ၊ ပွင့်ဖြုမြို့နယ်အတွင်းရှိ ဒေသခံပြည်သူများအား ကိုဗစ်-၁၉ရောဂါဗီဇပြောင်း မျိုးကွဲသစ် အိုမီခရွန်(Omicron)ရောဂါပိုး ကူးစက်မှုအန္တရာယ် ကင်းဝေးစေရန်နှင့် ကြိုတင်ကာကွယ် ထိန်းချုပ်နိုင် ရန်အတွက် ဖေဖော်ဝါရီ ၂၇ ရက် ၊ နံနက် ၈ နာရီက ကိုဗစ် - ၁၉ ရောဂါကာကွယ် ထိန်းချုပ်ရေးနှင့် အရေးပေါ် တုံ့ပြန်ရေးကော်မတီ၏ ဦးဆောင်မှုဖြင့် ဌာနဆိုင်ရာများ ပူးပေါင်းအဖွဲ့က အသံချဲ့စက်ယာဉ်ဖြင့် အနောက်ကိုင်းကျေးရွာသို့ ကွင်းဆင်းပြီး အသိပညာပေးနှိုးဆော် ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက်ရွှေဇားဂုံးနားကျေးရွာအတွင်းရှိ နေအိမ်များ မီးဘေးလုံခြုံရေး ကွင်းဆင်း စစ်ဆေး

ရခိုင်ပြည်နယ် မောင်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ရွှေဇား ဂုံးနားကျေးရွာ အတွင်းရှိ နေအိမ်များ မီးဘေး လုံခြုံရေး စစ်ဆေးခြင်းကို မြို့နယ်မီးသတ်ဦးစီးဌာနမှ တပ်ဖွဲ့ဝင် များက ယမန်နေ့ နံနက်ပိုင်းက ကွင်းဆင်း ဆောင်ရွက်ခဲ့ကြသည်။

အောက်ဆီဂျင်အိုးများ လှူဒါန်းပေးအပ်

ရှမ်းပြည်နယ်၊ ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ နမ့်ဆန်မြို့နယ်ကို ယမန်နေ့ညနေပိုင်းက မူဆယ်မြို့နယ်၊ ခိုလုံလီရှောတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးကျော်မြင့်မှ ဦးဆောင်၍ ဦးအိုက်ရင် မိသားစုက အောက်ဆီဂျင် အသင့်ပါဝင်သော (၄၀)လီတာ ဆန့်အိုးများအား ပလောင်ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ ဒေသရှိ နမ့်ဆန်မြို့နယ် စေတနာလုပ်အားရှင် လူငယ်များ

ကမ‌မောင်းမြို့၌  ကိုဗစ်-၁၉ ထပ်ဆောင်းကာကွယ်ဆေး Booster Dose စတင်ထိုးနှံပေး

ကရင်ပြည်နယ်၊ ဖာပွန်ခရိုင်၊ ကမ‌မောင်းမြို့၌ ကိုဗစ်-၁၉ရောဂါ ကာကွယ်ဆေး နှစ်ကြိမ်ထိုးနှံပြီး သူများအား ကိုဗစ်၁၉ ထပ်ဆောင်း ကာ ကွယ်ဆေး Booster Dose ပြန်လည်ထိုးနှံပေးခြင်းကို ယနေ့နံနက်(၈)နာရီ အချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ စတင်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ် ငရုပ်စိုက်ပျိုးတောင်သူများ ငရုပ်သီးမျိုးပေါ်မူတည်ပြီးဈေကွာခြားမှုများ ရှိနေ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးမြို့နယ် လက်ပံခြေပေါ်အုပ်စုကျေးရွာများသည် ငရုပ်သီးအမြောက်အများ စိုက်ပျိုးသည့် ကျေးရွာများဖြစ်ကြကာ ငရုပ်သီးများရင့်မှည်ဆွတ် ခူးရောင်းချချိန် ငရုပ်မျိုးပေါ်မူတည်ကာ ဈေးနှုန်းကွာခြားမှုဖြင့် ရောင်းချနေရကြောင်း လက်ပံခြေပေါ် ကျေးရွာအုပ်စု ၊ရွာသစ်ကုန်းကျေးရွာ ဦးမင်းညိုထံက သိရသည်။

လယ်ဝေးမြို့နယ်ရုံး Community Center တွင် လူငယ်နှင့်မီဒီယာအကြောင်းသိကောင်းစရာများ Talk Show ကျင်းပ

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော် လယ်ဝေးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊ Community Center (လူထုအခြေပြုဗဟိုဌာန)တွင် ယနေ့ နံနက်(၁၀)နာရီက လူငယ်နှင့်မီဒီယာအကြောင်း သိကောင်းစရာများ Talk Show ကျင်းပခဲ့သည်။

နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာငွေများ စတင် ထုတ်ပေး

မကွေးတိုင်းဒေသကြီး၊ နတ်မောက်မြို့နယ် မြန်မာ့စီးပွာရေးဘဏ်တွင် ပင်စင်စားများအား ပင်စင်လစာ ငွေများကို ယနေ့နံနက် (၇) နာရီအချိန်ခန့်ကစတင်ပြီး ထုတ်ပေးလျက်ရှိသည်။

သထုံမြို့နယ်အတွင်း နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေးဆိုင်ရာများ ညှိနှိုင်းဆွေးနွေးပွဲ ကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၊ ဌာနဆိုင်ရာများနှင့် ရပ်/ကျေးအုပ်ချုပ်ရေးအဖွဲ့များ တွေ့ဆုံကာ နယ်မြေလုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးနှင့် ဒေသဖွံ့ဖြိုးရေး စသည့်ကိစ္စရပ်များအတွက် လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့၊ နံနက်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်သည်။

ပင်းတယမြို့၌ အိုမီခရွန် (Omicron) ကိုဗစ်-၁၉ မျိုးရိုးဗီဇပြောင်းရောဂါ ကူးစက် ပြန့်ပွားမှု ကြိုတင်ကာကွယ်ရေး အသိပညာပေး နှိုးဆော်ခြင်းများ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့၌ ကိုဗစ်-၁၉ ရောဂါ မျိုးကွဲ သစ် အိုမီခရွန်ကူးစက်ပြန့်နှံ့မှု မရှိစေရေး အတွက် အသိပညာပေးနှိုးဆော်မှုများအား အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန၊
Subscribe to ဦးစီးဌာန(ရုံးချုပ်)