ဘုရားသုံးဆူမြို့တွင် ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ပြည်သူများသိရှိနိုင်ရေး အသံချဲ့စက်များဖြင့် ကွင်းဆင်းဆောင်ရွက်
ကရင်ပြည်နယ်၊ ကော့ကရိတ်ခရိုင်၊ ဘုရာသုံးဆူမြို့တွင် ကိုဗစ် − ၁၉ ရောဂါ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများအား ပြည်သူများသိရှိနိုင်ရေးအတွက် ကျေးလက်ကျန်းမာရေးဌာနမှ ရပ်ကွက်အတွင်းသို့ အသံချဲ့စက်များဖြင့် ယမန်နေ့ညနေ ၅ နာရီအချိန်တွင် ကွင်းဆင်းဆောင်ရွက်ခဲ့သည်။