နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး နေပြည်တော်အတွင်း မိုးသည်းထန်စွာရွာသွန်း၍ ရေကျော်မှုများ ဖြစ်ပွားခဲ့သော လမ်းမများပေါ်တွင် သဲနုန်းများတင်ကျန်နေမှုအား ဖယ်ရှားရှင်းလင်းနေမှုနှင့် ကူညီကယ်ဆယ်ရေးလုပ်ငန်းများဆောင်ရွက်နေမှုကို ကြည့်ရှုအားပေး
နေပြည်တော်ကောင်စီဥက္ကဋ္ဌ၊ မြို့တော်ဝန် ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာ ယာရေးကော်မတီ ဒုတိယမြို့တော်ဝန် ဦးမောင်မောင်နှင့် သက်ဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့ နံနက်ပိုင်းက ပုဗ္ဗသီရိမြို့နယ်၊ အေးမြင့်သာယာတံတားနှင့် ပင်လောင်းလမ်းတစ်လျှောက် မိုးသည်း ထန်စွာရွာသွန်း၍ ရေကြီး ရေလျှံမှုကြောင့် တင်ကျန်နေသည့် နုန်းမြေများ၊ သစ်တုံး/သစ်ကိုင်းများနှင့် အမှိုက်သရိုက်များအား ဌာနဆိုင်ရာမှဝန်ထမ်းများ၊ တပ်မတော်သားများ၊ နေပြည်တော်စည်ပင် သာယာရေးကော်မတီမှ ဝန်ထမ်းများ၊ လုပ်သားများ၊ စက်ယန္တရားများဖြင့် ဖယ်ရှားရှင်းလင်းခြင်း လုပ်ငန်း ဆောင်ရွက်နေမှုအခြေအနေများကို လိုက်လံကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများအား မှာကြားသည်