ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီး မင်းလှမြို့နယ်တွင် ကျွန်းသစ်ဟောင်း တူးဖော်တွေ့ရှိမှုအား ကြည့်ရှု
ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတနှင့်သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး ဝန်ကြီး ဦးကျော်ကျော်လင်းနှင့် တာဝန်ရှိသူများသည် ယမန်နေ့ နေ့လယ် ၂ နာရီခွဲချိန်က သာယာဝတီခရိုင်၊ မင်းလှမြို့နယ်၊ လှည်းကူးအုပ်စု၊ အင်းမတန်းကျေးရွာ၊ မြစိမ်းဘုန်းတော်ကြီးတိုက်၏ ရှေ့ရွာလယ်လမ်းမတည့်တည့် မြေပြင်အောက် (၆) ပေခန့်အကွာမှ အလျား (၄၀) ပေ၊ လုံးပတ် (၉) ပေ၊ တန်ချိန် (၄.၀၅) တန်ရှိ ကျွန်းသစ်လုံး တစ်လုံးအား တူးဖော်ရရှိမှုအခြေအနေအား ကြည့်ရှုခဲ့ကြောင်း သိရသည်။