မင်းလှမြို့နယ်၌ ကျေးလက်ဒေသ အမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေး စီမံချက်လုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်
မကွေးတိုင်းဒေသကြီး သရက်ခရိုင် မင်းလှမြို့နယ်အမျိုးသမီးရေးရာအဖွဲ့မှ ဦးဆောင်ပြီး ကျေးလက်ဒေသအမျိုးသမီးများဖွံ့ဖြိုးတိုးတက်ရေးစီမံချက်လုပ်ငန်းများအဖြစ် ယမန်နေ့ နံနက်က မင်းလှမြို့နယ် ကိုင်းစံပြ ကျေးရွာအတွင်း၌ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။