မော်လမြိုင်ကျွန်းမြို့၌ မဲရုံများတွင် မီးဘေးကြိုတင် ကာကွယ်ရေးဇာတ်တိုက် လေ့ကျင့်ခြင်းနှင့် သရုပ်ပြလက်တွေ့ဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ မဲရုံပြုလုပ်မည့် စာသင်ကျောင်းများတွင် မီးဘေးအန္တရာယ်ကာကွယ် ရေး ဇာတ်တိုက်လေ့ကျင့်မှုများကို အမှတ် (၄) ရပ်ကွက်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းရှိ မဲရုံ၌ ဆောင်ရွက်ခဲ့ရာ မြို့နယ် စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးခင်မောင်ဦးနှင့်အဖွဲ့ဝင်များ၊ မြို့နယ်ကော်မရှင်ဥက္ကဋ္ဌ၊ ဦးသီဟန်စီ၊ အတွင်းရေးမှူး ဦးရန်မျိုးအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆရာ/ဆရာမများအား မြို့နယ်မီးသတ်ဦးစီးဌာနက မီးဘေးအန္တရာယ်ကြိုတင် ကာကွယ်နိုင်ရေး မီးငြှိမ်းသတ်ရေးဇာတ်တိုက်လေ့ကျင့်မှုများအား သရုပ်ပြလက်တွေ့ ဆောင်ရွက်ခြင်းကို အောက်တိုဘာလ ၂၁ ရက်နေ့ မွန်းလွဲ (၃) နာရီက ဆောင်ရွက်ခဲ့သည်။