အမြို့မြို့အနယ်နယ်သတင်းများ

ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၁၈)သင်တန်း ဖွင့်ပွဲကျင်းပ

ပြည်သူ့စစ်မှုထမ်း အမှတ်စဉ်(၁၈)သင်တန်းဖွင့်ပွဲ အခမ်းအနားကို အောက်တိုဘာ  ၂၁ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ တိုက်ကြီးမြို့နယ်၊ ဂျိုးဖြူဒေသရှိ နယ်မြေခံသင်တန်းကျောင်းတွင် ကျင်းပပြုလုပ်ရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ် ဒုတိယတိုင်းမှူး ဗိုလ်မှူးချုပ် ထွန်းထွန်းဦး၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ နယ်မြေခံ သင်တန်းကျောင်း၊ ကျောင်းအုပ်ကြီး ဗိုလ်မှူးချုပ် မျိုးမင်းသန်း၊ တပ်မတော်အရာရှိကြီးများ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် အုပ်ချုပ်သူနည်းပြများ တက်ရောက်ကြသည်။

မိတ္ထီလာခရိုင် လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကျင်းပ

မိတ္ထီလာခရိုင်၏ လူမှုစီးပွားဘဝစဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့   နံနက် ၉ နာရီအချိန်က ပန်းလေပြေဟိုတယ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး၌ ခရိုင်များအလိုက်ဖြစ်ပွားခဲ့သည့် မှုခင်းဖြစ်စဉ်များနှင့်ပတ်သက်၍ တွေ့ဆုံဆွေးနွေးပွဲကျင်းပ

ရှမ်းပြည်နယ်(မြောက်ပိုင်း) လားရှိုးမြို့တွင် ခရိုင်များအလိုက်ဖြစ်ပွားခဲ့သည့် မှုခင်းဖြစ်စဉ်များနှင့်ပတ်သက်၍ တွေ့ဆုံ‌ဆွေးနွေးပွဲကို ယမန်နေ့က ပြည်နယ်ဒုတိယရဲတပ်ဖွဲ့မှူးရုံး (လားရှိုး) ရှိ ရဲရန်အောင်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကလောခရိုင်ပြည်သူ့ဆေးရုံကြီးတွင် သုံးထပ်လူနာဆောင်အသစ် ဆောက်လုပ်နိုင်ရေးကွင်းဆင်းဆောင်ရွက်

ကလောခရိုင်ပြည်သူ့ဆေးရုံကြီး ဆေးကုသမှုလုပ်ငန်းများပိုမိုအဆင့်မြှင့်တင်နိုင်ရေးအတွက် ကျန်းမာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးလမ်းညွှန်ချက်အရ ပြည်သူ့ဆေးရုံကြီးတွင် သုံးထပ်လူနာဆောင်အသစ်ဆောက်လုပ်နိုင်ရေး အောက်တိုဘာ ၁၉ ရက် နံနက်ပိုင်းက  တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုဆောင်ရွက်ခဲ့ကြောင်းသိရသည်။

နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နောင်ပလိန်ကျေးရွာအုပ်စု သုတပညာ စာကြည့်တိုက်သစ်ဖွင့်လှစ်

လာမည့်နိုဝင်ဘာ(၇)ရက်တွင်ကျရောက်မည့် နှစ်(၇၀)ပြည့် ကရင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ဘားအံမြို့နယ် နောင်ပလိန်ကျေးရွာအုပ်စု၊ သုတပညာစာကြည့်တိုက်သစ်ဖွင့်ပွဲကို အောက်တိုဘာ ၂၁ ရက် နံနက်ပိုင်းက ကျင်းပသည်။

သထုံမြို့၊ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြင့်မား‌ရေး လူငယ်စကားဝိုင်းကျင်းပ

မွန်ပြည်နယ်၊ သထုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား‌၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားပြီး အသိပညာဗဟုသုတဖွံ့ဖြိုးစေရေးအတွက် လူငယ်စကားဝိုင်းကို အောက်တိုဘာ  ၂၁  ရက်နေ့ မွန်းလွဲပိုင်းက လိပ်အင်းရပ်ကွက်ရှိ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း၊ နဝဒေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ဟိုပုံးမြို့နယ်၌ (ပဉ္စမအကြိမ်မြောက်) မြန်မာနိုင်ငံလုံးဆိုင်ရာ နာဂပုရသာသနာလင်္ကာရ သာမဏေကျော်စာမေးပွဲကျင်းပ

ရှမ်းပြည်နယ်(တောင်ပိုင်း) ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် နာဂပုရ သာသနာလင်္ကာရအသင်းမှ ကြီးမှူးကျင်းပသည့်  မြန်မာနိုင်ငံလုံးဆိုင်ရာ (ပဉ္စမအကြိမ်မြောက်) နာဂပုရ သာသနာလင်္ကာရသာမဏေကျော်စာမေးပွဲ ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီခွဲက နောင်တောင်းပရဟိတတပ်ဦးကျောင်းတွင် ကျင်းပသည်။

(၃၅)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအား ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်း သွားရောက်ကြည့်ရှုအားပေး

ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းသည် အစိုးရအဖွဲ့တာဝန်ရှိသူများ၊ ဌာနဆိုင်ရာများနှင့်အတူ အောက်တိုဘာလ(၂၁)ရက်နေ့ နံနက်ပိုင်းက ပဲခူးမြို့၊ အထွေထွေရောဂါကုဆေးရုံကြီးသို့ သွားရောက်၍ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှုဖြင့် (၃၅)ကြိမ်မြောက် လစဉ်အငြိမ်းစားနိုင်ငံ့ ဝန်ထမ်းများ ကျန်းမာရေးစောင့်ရှောက်မှုဆောင်ရွက်ပေးနေမှုအပေါ် သွားရောက်ကြည့်ရှုအားပေးခဲ့သည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် e-Government လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးမြှင့်တင်ရေးသင်တန်း အပတ်စဉ်(၃)ဖွင့်ပွဲ အခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် e-Government လူ့စွမ်းအားအရင်းအမြစ် အရည်အသွေးမြှင့်တင်ရေးသင်တန်း အပတ်စဉ်(၃) ဖွင့်ပွဲအခမ်းအနားသို့ အောက်တိုဘာလ ၂၁ ရက် နံနက်ပိုင်းတွင် ကွန်ပျူတာတက္ကသိုလ်(မုံရွာ)ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင်ကျင်းပပြုလုပ်ရာ ဖွင့်ပွဲအခမ်းအနားသို့ တိုင်းဒေသကြီး e-Government စနစ် အကောင်အထည်ဖော်ရေးလုပ်ငန်းကော်မတီ နာယက၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ကွန်ပျူတာတက္ကသိုလ်(မုံရွာ)မှ ပါမောက္ခချုပ်နှင့် ဆရာ၊ ဆရာမများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ကြသည်။
Subscribe to အမြို့မြို့အနယ်နယ်သတင်းများ