ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၅) ကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီ အစည်းအဝေး အမှတ်စဉ် (၂/၂၀၂၅) ကို ဖေဖော်ဝါရီလ ၂၈ ရက်၊ နံနက်ပိုင်းတွင် တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ အစည်းအဝေးသို့ တိုင်းဒေသကြီးရင်းနှီးမြှုပ်နှံမှုကော်မတီဥက္ကဋ္ဌ၊ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကျော်၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး ရင်းနှီးမြှုပ်နှံမှုကော်မတီအဖွဲ့ဝင်များ တက်ရောက်ကြသည်။

အမရပူရမြို့နယ်အတွင်း ရာဂီမုန်တိုင်းကြောင့် ပျက်စီးသွားသည့် ကျေးလက်လမ်း/တံတား ပြုပြင်ဆောင်ရွက်ပြီးစီးမှု အခြေအနေအား ကွင်းဆင်းကြည့်ရှုစစ်ဆေး

မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်အတွင်းရှိ စားတော်-လိပ်ဆံခွန်-ဘနော-ဖရဲကျွန်းလမ်းမှာ ရာဂီမုန်တိုင်းကြောင့် မိုးသည်းထန်စွာ ရွာသွန်းပြီး ရေတိုက်စား၍ ပျက်စီးခဲ့သည့် မြေကာနံရံအပိုင်းကို ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ် ပြည်ထောင်စု (အထွေထွေပိုလျှံ)ရန်ပုံငွေကျပ် သန်း ၄၄ ဒသမ ၆၀၁ ဖြင့် ဌာနမှ Box Culvert (၁)စင်းနှင့် ကျောက်ရိုးစီမြေကာနံရံတည်ဆောက်ခြင်းလုပ်ငန်းများကို ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

တောင်ဥက္ကလာပမြို့နယ် ရပ်ကွက်စာကြည့်တိုက်များသို့ စာအုပ်၊ စာစောင်များပေးအပ်လှူဒါန်း

ရန်ကုန်တိုင်းဒေသကြီးစာကြည့်တိုက်များ ကြီးကြပ်ရေးကော်မတီမှ လှူဒါန်းရရှိခဲ့သော စာအုပ်စာစောင်များအား သင်္ဃန်းကျွန်းခရိုင် တောင်ဥက္ကလာပမြို့နယ်အတွင်းရှိ ရပ်ကွက်စာကြည့်တိုက်များသို့ စာအုပ်စာစောင်များ ထပ်ဆင့်လှူဒါန်းပွဲကို ယမန်နေ့နံနက် (၉) နာရီအချိန်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန တောင်ဥက္ကလာပမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

တံတားမြို့လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်း‌ဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် စာပေဝါသနာရှင်များနှင့် (Book Club) အဖွဲ့ဝင်များပူးပေါင်း၍ စာရေးဆရာ ကျော်ကျော်လှိုင်ရေးသားသည့် “တန်ဖိုးရှိ‌သောနေ့” စာအုပ်ဖြင့် ယမန်နေ့နံနက် (၁၀) နာရီအချိန်က စာဖတ်ဝိုင်းကျင်းပခဲ့သည်။ ‌

လသာမြို့နယ်လူထုအ​ခြေပြုဗဟိုဌာန၌ လူသုံးကုန်ပစ္စည်းဘက်စုံသုံးဆပ်ပြာခဲ ပြုလုပ်နည်းသင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်း​ဒေသကြီး၊​ ကျောက်တံတားခရိုင်၊ လသာမြို့နယ် ပြန်ကြား​ရေးနှင့်ပြည်သူ့ဆက်ဆံ​ရေးဦးစီးဌာနှင့် မြို့နယ်အမျိုးသမီး​ရေးရာအဖွဲ့တို့ပူး​ပေါင်း၍ ရပ်ကွက်​နေပြည်သူများအား အိမ်တွင်းမှုလုပ်ငန်းအဖြစ် တစ်နိုင်တစ်ပိုင်လုပ်ကိုင်အသုံးပြုတတ်​စေရန်အတွက် လူသုံးကုန်ပစ္စည်း ဘက်စုံသုံးဆပ်ပြာခဲသင်တန်းကို ယမန်​နေ့နံနက်ပိုင်းက လသာမြို့နယ် လူထုအ​ခြေပြုဗဟိုဌာန၌ ကျင်းပခဲ့သည်။

လှိုင်မြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများအဖွဲ့ (Book Club) နှင့်ပူးပေါင်း၍ ယနေ့နံနက် (၁၀) နာရီအချိန်က စာဖတ်ဝိုင်းကျင်းပခဲ့သည်။

ကော့မှူးမြို့နယ် လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာဖတ်ဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ စာပေချစ်မြတ်နိုးသူများ၊ Book Club အသင်းအဖွဲ့ဝင်များ စာပေဝါသနာရှင်များနှင့် စာဖတ်ဝိုင်းကို ယမန်နေ့ည‌နေ (၄) နာရီအချိန်က ကျင်းပခဲ့ကြောင်း သိရသည်။

တံတားမြို့ လူထုအခြေပြုဗဟိုဌာနခန်းမ၌ စကားပုံဆက်ပြိုင်ပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယနေ့နံနက် (၉) နာရီအချိန်က စကားပုံဆက်ပြိုင်ပွဲကို ကျင်းပခဲ့သည်။

တံတားမြို့တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေး နည်လှည့်စာကြည့်တိုက်ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများရရှိစေရန်ရည်ရွယ်၍ ယမန်နေ့မွန်လွဲ (၁) နာရီအချိန်က တံတားမြို့ တာပကျေးရွာရှိ အ.လ.က (အလယ်တန်း) ကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက်

ကွမ်းခြံကုန်းမြို့နယ်တွင် လူငယ်စကားဝိုင်းကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ကွမ်းခြံကုန်းမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ စာဖတ်ရှိန်မြင့်မားစေရေး၊ အသိပညာဗဟုသုတပြည့်ဝပြီး ဘက်စုံဖွံ့ဖြိုးတိုးတက်စေရေး၊ ဗလငါးတန်ပြည့်စုံ၍ ဘက်စုံထူးချွန်သော အနာဂတ်လူငယ်လူရွယ်များ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသော လူငယ်စကားဝိုင်းကို ယမန်နေ့က ကွမ်းခြံကုန်းမြို့နယ် တော်လန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းခန်းမ၌ ကျင်းပသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ