ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ

နတ်တလင်းမြို့၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် ၉နာရီက နတ်တလင်းမြို့၊ အ.မ.က အုတ်တွင်းကုန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် နယ်လှည့်စာကြည့်တိုက် စာအုပ်ငှားရမ်းခြင်းတို့ကို ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

လောင်းလုံးမြို့နယ်(Community Centre)ခန်းမတွင် (Book Club)အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ လောင်းလုံးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre)ခန်းမတွင် ယနေ့နံနက် ၁၀ နာရီခွဲအချိန်က (Book Club) အဖွဲ့ဝင်များဖြင့် စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ)ရေးသားထားသော'' အမွေခံတစ်ယောက် အမွေပေးသူတစ်ရာ'' စာအုပ်ဖြင့် စာဖတ်ဝိုင်းဆွေးနွေးပွဲကျင်းပခဲ့သည်။

ပုသိမ်ကြီးမြို့နယ် Community Centre တွင် စာဆိုတော်နေ့အထိမ်းအမှတ် ပြပွဲ၊ ပြိုင်ပွဲများကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ အောင်မြေသာစံခရိုင်၊ ပုသိမ်ကြီးမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရှိ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် စာဆိုတော်နေ့အထိမ်းအမှတ် စာအုပ်ပြပွဲနှင့်ပြိုင်ပွဲများကျင်းပခြင်းကို ယနေ့နံနက် ၉ နာရီအချိန်က အဆိုပါဌာနရှိ ပံသုကျီခန်းမ၌ ကျင်းပသည်။

ပျော်ဘွယ်မြို့ အ-ထ-က-၂(ပန်းစုံ)၌ အသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကျင်းပ

ပျော်ဘွယ်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကျောင်းသား၊ ကျောင်းသူများအသိပညာ ဗဟုသုတရရှိစေရန်ရည်ရွယ် ၍ အသိပညာပေးဟောပြောပွဲနှင့်၊ နံရံကပ်စာစောင်၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီခွဲအချိန်က အမှတ်(၂)အခြေခံပညာ အထက်တန်းကျောင်း(ပန်းစုံ) တွင် ကျင်းပခဲ့ကြောင်းသိရသည်။

ညောင်လေးပင်မြို့ အ.ထ.က(၂)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ညောင်လေးပင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အ​ခြေခံပညာဦးစီးဌာနတို့ ပူးပေါင်းပြီး ဒီဇင်ဘာလ ၁၀ ရက်နေ့ မွန်းလွဲ ၁ နာရီအချိန်က ညောင်လေးပင်မြို့ အ.ထ.က(၂)ကျောင်း၌ လူငယ်စကားဝိုင်း ကျင်းပခဲ့‌ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်တွင် အ.မ.က ကမ်းနားကျောင်း၌ စာဖတ်ရှိန်မြင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ယွန်းတန်းရပ်ကွက်၊ ကမ်းနားအခြေခံပညာမူလတန်းကျောင်းတွင် ယမန်နေ့ နေ့လယ်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ လူမှုဝန်ထမ်းဦးစီးဌာနတို့ပူးပေါင်း၍ မျိုးဆက်သစ်လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတက်စေရန်နှင့် စာဖတ်ရှိန်မြင့်တင်ရေးအတွက် နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့သည်။

ရွှေတောင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌  Microsoft Office Power Point နှင့် Excel အသုံးပြုနည်း ရက်တိုသင်တန်းဆင်းပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(Community Centre )ခန်းမ၌  ဌာနဆိုင်ရာများနှင့် လူငယ်အသင်း (Youth Club)တို့ ပူးပေါင်း၍ Microsoft Office Power Point နှင့် Excel အသုံးပြုနည်း ရက်တိုသင်တန်းဆင်းပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပခဲ့သည်။

ကျောက်ဆည်မြို့နယ်ရုံးတွင် စာအုပ်စာဖတ်ဝိုင်းပြုလုပ်

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနတွင် ယနေ့နံနက်(၁၀) နာရီအချိန်က စာရေးဆရာ မောင်ခင်မင်(ဓနုဖြူ) ရေးသားသည့် အမွေခံတစ်ယောက် အမွေပေးသူတစ်ရာစာအုပ် စာဖတ်ဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မန္တလေးခရိုင် လူထုအခြေပြုဗဟိုဌာနတွင် Book Club အဖွဲ့ဝင်များဖြင့် စာဖတ်ဝိုင်းပြုလုပ်

မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စာအုပ်စာစောင်ချစ်မြတ်နိုးသူများအသင်းတို့ ပူးပေါင်းပြီး ဆရာ‌ချစ်နိုင် (စိတ်ပညာ)၏ လူငယ်နှင့်အောင်မြင်မှု စာအုပ်အား စာဖတ်ဝိုင်းပြုလုပ်ဆွေးနွေးခြင်းကို ယနေ့နံနက် ၁၀ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန သင်တန်းခန်းမ၌ ကျင်းပခဲ့သည်။

ကဝမြို့နယ်တွင် အခြေခံပညာအလယ်တန်းကျောင်း (ချောင်းခွ)၌ လူငယ်စကားဝိုင်း ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်၌ လူငယ်များ အသိပညာပိုမိုတိုးတက်လာစေရန်၊ ပရိသတ်ရှေ့တွင် ပြောရဲဆိုရဲသည့် သတ္တိများ ရှိလာစေရန် ရည်ရွယ်၍ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ယနေ့ နံနက်(၁၀)နာရီအချိန်က အခြေခံပညာအလယ်တန်းကျောင်း(ချောင်းခွ)၌ လူငယ်စကားဝိုင်း ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to ဦးစီးဌာန(တိုင်းဒေသကြီး)လှုပ်ရှားမှုများ