ညောင်ရွှေမြို့ လူထုအခြေပြုဗဟိုဌာန၌ ၂၀၂၄ ခုနှစ် နွေရာသီ အင်္ဂလိပ်စာသင်တန်း အခမဲ့ဖွင့်လှစ်
အခြေခံပညာ ကျောင်းသား၊ ကျောင်းသူလေးများ နွေရာသီ ကျောင်းအားရက်ကို အကျိုးရှိစွာ အသုံးချတတ်စေရန်၊ အင်္ဂလိပ်ဘာသာစကားကို ရင်းနှီးကျွမ်းဝင်မှုရှိလာစေရန်နှင့် အင်္ဂလိပ်စာ အရည်အသွေး တိုးတက်လာစေရန် ရည်ရွယ်ချက်ဖြင့် ဖွင့်လှစ်သည့် နွေရာသီ အင်္ဂလိပ်စာသင်တန်းဖွင့်ပွဲကို ယမန်နေ့ နံနက် (၉) နာရီခွဲက ရှမ်းပြည်နယ် ညောင်ရွေမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ပြုလုပ်ခဲ့သည်။