တိုင်းဒေသကြီးလူမှုရေးရာဝန်ကြီးဦးသက်နိုင် အခြေခံမြန်မာ့သိုင်းသင်တန်းဆင်းပွဲနှင့်မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားသို့တက်ရောက်
တနင်္သာရီတိုင်းဒေသကြီးအားကစားနှင့်ကာယပညာကော်မတီမှကြီးမှူးဖွင့်လှစ်သည့် ၂ဝ၂၅ ခုနှစ်၊ ဒီဇင်ဘာအားကစားလအထိမ်းအမှတ် အခြေခံမြန်မာ့သိုင်းသင်တန်းဆင်းပွဲနှင့် မြန်မာ့သိုင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက် ၇ နာရီခွဲက ထားဝယ်မြို့၊ တိုင်းဒေသကြီး မိုးလုံလေလုံ အားကစားခန်းမ၌ ကျင်းပသည်။