တနင်္သာရီတိုင်းဒေသကြီး

ဘုတ်ပြင်းမြို့၌ ပန်းတိုင်အထွက်နှုန်းသတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုးနှင့်စပ်လျဉ်း၍ စစ်တမ်းကောက်ယူ 

တနင်္သာရီတိုင်းဒေသကြီး ဘုတ်ပြင်းခရိုင်  ဘုတ်ပြင်းမြို့၌ ခရိုင်/မြို့နယ်များ ပန်းတိုင်အထွက်နှုန်း သတ်မှတ်ထားသည့် သီးနှံ(၁၀)မျိုးနှင့်စပ်လျဉ်း၍ စိုက်ပျိုရေးဦးစီးဌာနမှ တာဝန်ရှိသူများက ဒီဇင်ဘာ  ၁၆ ရက်တွင် ကျေးရွာများရှိ တောင်သူများအား စစ်တမ်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်လျက်ရှိကြောင်းသိရသည်။

ကရသူရိမြို့၌ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ကရသူရိမြို့၌ ပူပြင်းသောရာသီသို့ ရောက်ရှိလာပြီဖြစ်သဖြင့် ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လက်ကမ်းစာစောင်များ ဖြန့်ဝေခြင်းကို ဒီဇင်ဘာလ ၁၇ ရက်၊ နံနက် ၈ နာရီက မြို့ပေါ်ရပ်ကွက်များတွင် ဆောင်ရွက်ခဲ့ကြသည်။

ကော့သောင်းခရိုင် ခမောက်ကြီးမြို့၌ မီးဘေးအန္တရာယ်အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ခမောက်ကြီးမြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်က ပူးပေါင်းအဖွဲ့များမှ မြို့မဈေးလမ်းဆုံနှင့်မြို့ အဝင်အထွက်ဂိတ်တို့တွင် မီးဘေးအသိပညာပေး လက်ကမ်း စာစောင်ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ဘုတ်ပြင်းမြို့၌ မီးဘေးအန္တရာယ် အသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ဘုတ်ပြင်းမြို့၌ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်၍ ပြည်သူများ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ယနေ့နံနက်က ပူးပေါင်းအဖွဲ့များမှ မြို့ပေါ်ရပ်ကွက်များ၊ မြန်မာ့စီးပွားရေးဘဏ်လမ်းဆုံ၊ မြို့မဈေးလမ်းဆုံနှင့် မြို့အဝင်အထွက်ဂိတ်တို့တွင် မီးဘေးအသိပညာပေးလက်ကမ်းစာစောင် ဖြန့်ဝေခဲ့ကြောင်း သိရသည်။

ကျွန်းစုမြို့နယ်၌ ပြည်သူအားလုံးဆန္ဒမဲပေးနိုင်ရေးအတွက် အသိပေးနှိုးဆော်သည့် “ဒို့အတူတူမဲပေးကြမယ်” မြေစိုက်ပိုစတာ စိုက်ထူပြီး အသိပညာပေး လက်ကမ်းစာစောင်ဖြန့်ဝေ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်အတွင်းရှိ မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံးသည် ဒီဇင်ဘာ ၂၈ ရက်နေ့၌ ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲတွင် ဆန္ဒမဲပေးနိုင်ရေးအတွက် အသိပေးနှိုးဆော်သည့် “ဒို့အတူတူမဲပေးကြမယ်” မြေစိုက် ပိုစတာကို ဒီဇင်ဘာလ ၁၆ ရက်နေ့ ညနေ ၃ နာရီအချိန်က ကျွန်းစုမြို့၊ အမှတ် (၁) ရပ်ကွက်၌ စိုက်ထူသည်။

ကော့သောင်းမြို့၌ သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှု အခြေခံသင်တန်း (၁/၂ဝ၂၅) ဖွင့်လှစ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် ကော့သောင်းခရိုင်၊ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ကြီးမှူးဖွင့်လှစ်သော သဘာဝဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုအခြေခံသင်တန်း (၁/၂ဝ၂၅)ဖွင့်ပွဲကို ယနေ့နံနက်ပိုင်းက ကော့သောင်းမြို့၊ အေးရိပ်ငြိမ်ရပ်ကွက်ရှိ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာန၊ ကော့သောင်းခရိုင် ဦးစီးမှူးရုံး၌ ကျင်းပခဲ့သည်။

မြိတ်မြို့တွင် မဲဆန္ဒရှင်ပြည်သူအားလုံး ဆန္ဒမဲပေးနိုင်ရေးအတွက်  အသိပေးနှိုးဆော်သည့်  “ဒို့အတူတူမဲပေးကြမယ်” မြေစိုက်ပိုစတာ စိုက်ထူပြီး အသိပညာပေး လက်ကမ်းစာစောင်ဝေငှ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် ဒီဇင်ဘာ(၂၈)ရက်နေ့၌ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲကို မဲပေးပိုင်ခွင့်ရှိသူ မဲဆန္ဒရှင်ပြည်သူများအားလုံး  ဆန္ဒမဲပေးနိုင်ရေးအတွက် အသိပေးနှိုးဆော်သည့် “ဒို့အတူတူမဲပေးကြမယ်” မြေစိုက်ပိုစတာ(၃)ခုကို လူစည်ကားရာ နေရာများဖြစ်သည့် ကမ်းနားလမ်း ပုလဲရတနာခန်းမအရှေ့၊ မြန်မာ့စီးပွားရေး ဘဏ်အရှေ့နှင့် ဂေါက်ကွင်းလမ်းဆုံမီးပွိုင့် ပုလဲမွန်ဟိုတယ်အရှေ့တို့တွင် ယနေ့နံနက်ပိုင်းက စိုက်ထူခဲ့ကြသည်။

မြိတ်မြို့တွင်  သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျှော့ချရေးဆိုင်ရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး မြိတ်မြို့တွင် သစ်တောဦးစီးဌာနမှ သစ်တောထိန်းသိမ်းရေး၊ တောမီးကာကွယ်ရေးနှင့် မီးခိုးမြူငွေ့လျော့ချရေးဆိုင်ရာ (မြို့နယ်အဆင့်) အသိပညာပေးဟောပြောပွဲကို ယမန်နေ့က ကန်စွန်းအင်း ကိုယ်ပိုင်အထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

တနင်္သာရီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို ထိန်သစ်ရပ်ကွက်၊ မဟာရွှေဂုဏ်ထူးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားသို့ တက်ရောက်

၂၀၂၆ ခုနှစ်၊ (၇၈) နှစ်မြောက် လွတ်လပ်ရေးနေ့ကိုကြိုဆိုဂုဏ်ပြုသောအားဖြင့် တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့ ထိန်သစ်ရပ်ကွက်၊ မဟာရွှေဂုဏ်ထူးလမ်း ကွန်ကရစ်လမ်းသစ်ဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက အဆိုပါလမ်း၌ ကျင်းပရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမြတ်ကို၊ တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်ပိုက်ပိုက်အေး၊ တိုင်းဒေသကြီးဝန်ကြီးများ၊ ဌာနဆိုင်ရာများ၊ ကျောင်းသား/ကျောင်းသူများနှင့် ရပ်ကွက်နေပြည်သူများ တက်ရောက်သည်။

မဟာအောင်မြေမြို့နယ်အတွင်း တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများ ကပ်ထားကြေညာရန် တိုက်ဆိုင်စိစစ်

‎မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေခရိုင်၊ မဟာအောင်မြေမြို့နယ်အတွင်းရှိ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံး၌ ၂၀၂၅ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအတွက် တတိယအကြိမ် မဲဆန္ဒရှင်စာရင်းများကပ်ထားကြေညာရာတွင် မဲစာရင်းများမှန်ကန်မှုရှိစေရန် တိုက်ဆိုင်စိစစ်ခြင်းကို ယမန်နေ့နံနက်ပိုင်းက ပြုလုပ်သည်။
Subscribe to တနင်္သာရီတိုင်းဒေသကြီး