သရက်ချောင်းမြို့နယ်၌ ၂၀၂၆ ခုနှစ်၊ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပ
တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သစ်တောဦးစီးဌာနမှ ပြည်သူများအနေဖြင့် သစ်တော၊ သစ်ပင်၏ တန်ဖိုးကို အလေးထားသိရှိနားလည်နိုင်စေရေးနှင့် သဘာဝပတ်ဝန်းကျင်စိမ်းလန်းစိုပြည်ရေး၊ ရာသီဥတုကောင်းမွန်မျှတရေး၊ အရိပ်အာဝါသနှင့် မျက်စိပသာဒ အကျိုးများရရှိစေရန် ရည်ရွယ်၍ ဇွန်လ ၁၇ ရက်နေ့ နံနက် ၈ နာရီက အမှတ်(၄၀၃)ခြေမြန်တပ်ရင်းဝင်းအတွင်း၌ မိုးရာသီစုပေါင်းသစ်ပင်စိုက်ပျိုးပွဲကျင်းပသည်။