စလင်းမြို့နယ်၌ မဲပေးခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီး အသစ်လဲလှယ်သူများအား နေ့ချင်းပြီး ဆောင်ရွက်ပေး
မကွေးတိုင်းဒေသကြီး၊ စလင်းမြို့နယ်အတွင်းရှိ ဆန္ဒမဲပေးပိုင်ခွင့်ရှိသော ပြည်သူများအားလုံး မဲပေးပိုင်ခွင့်မဆုံးရှုံးစေရေး နိုင်ငံသားစိစစ်ရေးကတ်ပြား ပျောက်ဆုံး၊ ပျက်စီးသူများအား ယနေ့ နံနက်ပိုင်းမှ စတင်ပြီး အခမဲ့ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။