မင်းဘူး(စကု)မြို့နယ်၌ ဖူးစားပြောင်းများ ဈေးကောင်းရ၍ စိုက်ပျိုးသူများ အဆင်ပြေ
မကွေးတိုင်းဒေသကြီး မင်းဘူး(စကု)မြို့နယ် ကျောက်တန်းကျေးရွာမှ ဖူးစားပြောင်းစိုက် တောင်သူများသည် ပြောင်းဖူးပင်များ အောင်မြင်ဖြစ်ထွန်းပြီး၊ ပြောင်းဖူးဈေးကောင်းသောကြောင့် စိုက်ပျိုးသူများအတွက် တွက်ချေကိုက်ကာ အဆင်ပြေလျက်ရှိကြောင်း ပြောင်းစိုက်ပျိုးသူများထံမှ သိရသည်။