မကွေးတိုင်းဒေသကြီး

မြို့သစ်မြို့၌ ပလတ်စတစ်သုံးစွဲမှုလျော့ချရေး အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းနှင့် အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ မြို့သစ်မြို့နယ်၌ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးနှင့် ပြည်သူများ ပလတ်စတစ်အိတ် လျော့နည်းသုံးစွဲစေရန် ရည်ရွယ်၍ မြို့နယ်စည်ပင်သာယာရေးအဖွဲ့မှ မြို့မဈေးအတွင်း ဈေးရောင်း၊ ဈေးဝယ် ပြည်သူများအား ပလတ်စတစ် ကြွပ်ကြွပ်အိတ်အစား ငှက်ပျောဖက်၊ အင်ဖက် စက္ကူအိတ်များ အသုံးပြုနိုင်ရေး အသိပညာပေးခြင်း Campagin နှင့် အင်ဖက်များ အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့ နံနက် (၈)နာရီ အချိန်က မြို့မဈေးအတွင်း ဆောင်ရွက်ခဲ့သည်။

ချောက်မြို့၌ ဆန်၊ ဆီ၊ များကို‌ ‌သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချရေး ကွင်းဆင်းစစ်ဆေး​

မကွေးတိုင်းဒေသကြီး၊ ချောက်ခရိုင်၊ ချောက်မြို့၌ ဆန်၊ ဆီ များကို‌ ‌သတ်မှတ်ညွှန်ကြားချက်များနှင့်အညီ ရောင်းချမှု ရှိ/မရှိ ကွင်းဆင်းစစ်‌ဆေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်စားသုံးသူရေးရာဦးစီးဌာန မြို့နယ်တာဝန်ခံ ဒေါ်မြတ်မြတ်မိုးက ဆန်၊ ဆီ ရောင်းချသော လုပ်ငန်းရှင်များအား ကွင်းဆင်းစစ်ဆေး​ခဲ့​ပြီး လုပ်ငန်းရှင်များအား အသိပညာပေး ဆွေးနွေးခြင်းများ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ရေစကြိုမြို့နယ်တွင် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်သရုပ်ပြခြင်း ကျင်းပ

ရေစကြိုမြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မီးသတ်ဦးစီးမှူး၊ ဦးညီညီအောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက ကျောင်းသားမိဘများနှင့် မူလတန်းကြို သားငယ်၊ သမီးငယ်များအား ယမန်နေ့ မွန်းလွဲ ၁ နာရီခွဲအချိန်က မီးဘေးကြိုတင်ကာကွယ်ရေးဟောပြောခြင်းနှင့် မီးငြှိမ်းသတ်သရုပ်ပြခြင်းကို ရေစကြိုမြို့မူလတန်းကြိုကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပွင့်ဖြူမြို့နယ်တွင် ဆန်စက်လုပ်ငန်းများ မီးဘေးလုံခြုံရေး ကွင်းဆင်းဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ ပွင့်ဖြူမြို့နယ် မီးသတ်ဦးစီးဌာနက မြို့နယ်အတွင်းရှိ ဆန်စက်လုပ်ငန်းများ မီးဘေးအန္တရာယ်ကင်းဝေးစေရန်ရည်ရွယ်၍ ယမန်နေ့နံနက်ပိုင်းက မြို့နယ်မီးသတ်ဦးစီးမှူး ဦးရဲလင်းနောင်နှင့် မီးသတ်တပ်ဖွဲ့ဝင်များက မီးဘေးလုံခြုံရေး အကြံပြုစစ်ဆေးခြင်များ ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကျင်းပ

မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ၂၀၂၆ ခုနှစ် ဖေဖော်ဝါရီလ (၁၂) ရက်နေ့တွင် ကျရောက်မည့် (၇၉) နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ်အကြို ပန်းချီပြိုင်ပွဲကို ယနေ့နေ့လယ် (၁) နာရီခွဲအချိန်က မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

မကွေးမြို့၊ အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မ‌ကွေးမြို့နယ်တွင် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာန၊ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကာ လူငယ်၊ လူရွယ်‌ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတများဖြင့် ဘက်စုံဖွံ့ဖြိုးတိုးတက်စေရန် ရည်ရွယ်ကာ လူငယ်ရေးရာအသိပညာပေးဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲများကို အမှတ်(၂)အခြေခံပညာအထက်တန်းကျောင်း၌ ယနေ့နံနက် (၁၀)နာရီက ကျင်းပခဲ့သည်။

ပခုက္ကူမြို့၊ သီဟိုဠ် ရှင်မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်နိုင်ရေးလုပ်ငန်းဆောင်ရွက်မှု ၈၃ ရာခိုင်နှုန်းပြီးစီး

မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို၌ ပုဂံပြည့်ရှင် အလောင်းစည်သူမင်းကြီးကိုယ်တိုင် တည်ထားကိုးကွယ်တော်မူခဲ့သော ရှေးဟောင်းသမိုင်းဝင်သီဟိုဠ် ရှင်မြတ်စွာဘုရားစေတီတော်ကြီး လုံးတော်ပြည့် ရွေသင်္ကန်းကပ်လှူပူဇော်နိုင်ရေးလုပ်ငန်းများကို ၂၀၂၅ခုနှစ်၊ အောက်တိုဘာလ ၁၈ ရက်မှ စတင်ဆောင်ရွက်လျက်ရှိရာ ယခုအခါ ၈၃ ရာခိုင်နှုန်းပြီးစီးနေပြီဖြစ်ကြောင်း ဘုရားကြီး၏ ဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ထံက သိရသည်။

တောင်တွင်းကြီးမြို့နယ် ပြည်သူ့စာကြည့်တိုက်တွင် အသိပညာပေး မြေစိုက်နံရံကပ်စာစောင်ပြသ

မကွေးတိုင်းဒေသကြီး၊ မကွေးခရိုင်၊ တောင်တွင်းကြီးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သိကောင်းစရာအကြောင်းနှင့် အသိပညာပေး ကွင်းဆင်းဆောင်ရွက်ထားရှိမှု မှတ်တမ်းများပါဝင်သည့် အသိပညာပေးမြေစိုက်နံရံကပ်စာစောင်အား ဇန်နဝါရီလ ၁၀ ရက်နေ့ နံနက်ပိုင်းမှ စတင်၍ ပြသထားရှိကြောင်း သိရသည်။

စလင်းမြို့နယ်တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲအား အေးချမ်းပျော်ရွှင်စွာဖြင့် အောင်မြင်စွာ ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ ၂၀၂၅ ခုနှစ်၊ ပါတီစုံဒီမိုကရေစီအထွေထွေ ရွေးကောက်ပွဲအပိုင်း (၂) ကို ယမန်နေ့ နံနက် ၆ နာရီမှ စတင်ကျင်းပလျက်ရှိရာ မဲဆန္ဒရှင်ပြည်သူများ အေးချမ်းစွာလာရောက် ဆန္ဒမဲပေးခဲ့ကြောင်း သိရသည်။

တောင်တွင်းကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲများ ကွင်းဆင်းဆောင်ရွက်

ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတတိုးပွားစေရန်၊ ငယ်ရွယ်စဉ်ကလေးဘဝမှစ၍ စာအုပ်စာပေနှင့်ရင်းနှီးစေရန်၊ စာပေလေ့လာဖတ်ရှုမှတ်သားသည့် အလေ့အထဖြစ်ပေါ်စေရန်နှင့် ဗလငါးတန်နှင့် ပြည်စုံသည့်လူငယ်လူရွယ်များပေါ်ထွန်းလာစေရန်ရည်ရွယ်၍  မကွေးတိုင်းဒေသကြီး၊ တောင်တွင်းကြီးမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေးလှုပ်ရှားမှု အသိပညာပေးဟောပြောပွဲကို ဇန်နဝါရီ ၉ ရက်နေ့က အမှတ် (၁၈၁) အခြေခံပညာမူလတန်းကျောင်း(ဇီးတန်)သို့ သွားရောက်၍ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to မကွေးတိုင်းဒေသကြီး