ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

တရုတ်နိုင်ငံသံရုံးမှ ကျွန်းစုမြို့နယ် ပထက်ကျေးရွာ အထကကျောင်းသို့ ကွန်ပျူတာများ၊ သုတရသစာအုပ်များ၊ ဗလာစာအုပ်များနှင့် စာရေးကိရိယာများ၊ အားကစားပစ္စည်းများ လှူဒါန်း

မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံရုံးမှ တနင်္သာရီတိုင်းဒေသကြီး ကျွန်းစုမြို့နယ် မအိုင်ကျေးရွာအုပ်စု ပထက်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်းသို့ ကွန်ပျူတာများ၊ သုတရသစာအုပ်များနှင့် ကျောင်းသား/ သူများအတွက် ဗလာစာအုပ်များ၊ စာရေးကိရိယာများ၊ အားကစားပစ္စည်းများ လှူဒါန်းပွဲကို ယနေ့ နေ့နံနက် (၁၁) နာရီခွဲက အဆိုပါကျောင်း ကျွန်းရွှေဝါခန်းမတွင် ကျင်းပခဲ့ကြသည်။

ဒက္ခိဏသီရိမြို့နယ်တွင် ကျေးလက်ဒေသဖွံ့ဖြိုးရေး ခေါင်းစဉ်ဖြင့် ပြည်သူ့စကားဝိုင်း ကျင်းပ

နေပြည်တော်   ဇန်နဝါရီ   ၁၂

ဒီမိုကရေစီ အင်္ဂါရပ်နှင့်အညီ အများပြည်သူနှင့် အစိုးရတာဝန်ရှိသူများအကြား ဆွေးနွေးတိုင်ပင်ရမည့်အကြောင်းအရာကိစ္စများကို ပွင့်လင်းမြင်သာစွာ ဆွေနွေးတိုင်ပင်နိုင်ရန်၊ မိမိရပ်ရွာဒေသတွင် ဖြစ်ပေါ်နေသည့်အကြောင်းအရာများကို အများပြည်သူအကြားတွင် ဆွေးနွေးသည့် အလေ့အထများရှိလာစေရန်၊ ပြည်သူလူထု၏ စဉ်းစားတွေးခေါ်မှုများ မြင့်မားလာစေရန်နှင့် အများနှင့်ပါဝင်ဆွေးနွေးတတ်လာစေရန် ရည်ရွယ်၍ ယနေ့နံနက် (၁၀)နာရီတွင် ဒက္ခိဏသီရိမြို့နယ်၊ ကြာပင်ကျေးရွာအုပ်စု၊ ထန်းတပင်ကျေးရွာ ဘက်စုံသုံးခန်းမ၌ ကျေးလက်ဒေသဖွံ့ဖြိုးရေး ပြည်သူ့စကားဝိုင်းကို ကျင်းပသည်။

ဗီဒီယိုသတင်းရိုက်ကူးတည်းဖြတ်ပေးပို့ခြင်းသင်တန်းအမှတ်စဉ်(၂)ဆင်းပွဲကျင်းပ

ရန်ကုန် ဇန်နဝါရီလ ၁၂

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားမြို့နယ်၊ ပန်းဆိုးတန်းလမ်း(အောက်ဘလောက်)ရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရန်ကုန်သင်တန်းကျောင်းတွင် ဗီဒီယိုသတင်းရိုက်ကူးတည်းဖြတ်ပေးပို့ခြင်း သင်တန်းအမှတ်စဉ်(၂)ဆင်းပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ(၂)နာရီက ကျင်းပခဲ့သည်။

အခမ်းအနားတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ညွန်ကြားရေးမှူးချုပ် ဦးရဲနိုင်က သင်တန်းဆင်းအမှာစကားပြောကြားသည်။

ထို့နောက် သင်တန်းသားများက လက်တွေ့ရိုက်ကူးထားသည့် video သတင်းများကို အဖွဲ့လိုက်ရှင်းလင်းပြသခဲ့သည်။ 

မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ ဦးဆောင်မှုဖြင့် မိတ္ထီလာခရိုင် မြင်းစီးအားကစားအသင်းက ကြီးမှူး၍ ကျင်းပသည့် မြန်မာရိုးရာ မြင်းစီးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနား ကျင်းပ

မိတ္ထီလာ ဇန်နဝါရီ  ၄

မြန်မာနိုင်ငံ မြင်းစီးအားကစားအဖွဲ့ချုပ်မှ ဦးဆောင်မှုဖြင့် ခရိုင်မြင်းစီးအားကစားအသင်းက ကြီးမှူး၍ ကျင်းပသည့် (၇၂)နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် မြန်မာ့ရိုးရာ မြင်းစီးအားကစားပြိုင်ပွဲ ဗိုလ်လုပွဲနှင့် ဆုချီးမြှင့်ပွဲအခမ်းအနားကို မိတ္ထီလာမြို့နယ် မကျီးချောက်ကျေးရွာတွင် ယနေ့ နေ့လယ်၂ နာရီက ကျင်းပခဲ့ကြောင်း သိရသည်။

မြဝတီ-ကော့ကရိတ်အာရှလမ်းတွင် မှန်လုံယာဉ်နှင့်ပရိုဘောက်ကားတိုက်မိရာမှ လူ ၁၈ ဦးသေဆုံးပြီး ၃၄ ဦး ဒဏ်ရာရခဲ့

 

မြဝတီ   ဇန်နဝါရီ    ၃

 

ကရင်ပြည်နယ်၊ မြဝတီမြို့၊ ကော့ကရိတ်-မြဝတီအာရှလမ်း၊ ကွမ်းခြံကွေ့နေရာတွင် ယနေ့ နံနက် ၁၁ နာရီခန့်က ရန်ကုန်မှ မြဝတီသို့ မောင်းနှင်လာသည့် အလင်းရောင်မိုး မှန်လုံယာဉ်နှင့် မြဝတီမှထွက်ခွာသည့် ပရိုဘောက်ယာဉ်နှင့် ယာဉ်တိုက်မှု ဖြစ်ပွားခဲ့ရာ လူ ၁၈ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူ ၃၄ ဦး အထိ ရှိခဲ့ကြောင်း သိရသည်။

ယာဉ်တိုက်မှုတွင် ပရိုဘောက်ယာဉ်ပေါ်ပါ ၇ ဦးလုံးသေဆုံးခဲ့ပြီး မှန်လုံယာဉ်နှင့် ပရိုဘောက်ယာဉ်မှ သေဆုံးသူ ကျား ၁၂ ၊ မ ၆ ဦး စုစုပေါင်း ၁၈ ဦး သေဆုံးခဲ့ခြင်း ဖြစ်သည်။

Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ