စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၄) ခုတွင် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ် မိုးစပါး စိုက်ပျိုးရာသီတွင် ရွှေဘိုပေါ်ဆန်းစပါး (၁၂၂၈၂) ဧက စိုက်ပျိုးပြီးစီး
၂၀၁၉-၂၀၂၀ ဘဏ္ဍာရေးနှစ်မိုးစပါး စိုက်ပျိုးရာသီ စစ်ကိုင်းတိုင်းဒေသကြီးအတွင်းရှိ ခရိုင် (၄) ခုတွင် ရွှေဘိုပေါ်ဆန်းစပါး (၁၂၂၈၂) ဧကကို စိုက်ပျိုးပြီးစီးခဲ့ပြီဖြစ်ကြောင်း စစ်ကိုင်းတိုင်း ဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဝင်းလှိုင်ဦးထံမှ သိရသည်။