ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ

ပြည်ကြီးမဏ္ဍိုင်မြို့တွင် (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြိုအထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲဆောင်ရွက်

တနင်္သာရီတိုင်းဒေသကြီး၊ ဘုတ်ပြင်းခရိုင်၊ ပြည်ကြီးမဏ္ဍိုင်မြို့၊ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ (၇၇)နှစ်မြောက် ပြည်ထောင်စုနေ့အကြို အထိမ်းအမှတ် စာအုပ်စာစောင်ပြပွဲကို ယမန်နေ့ ညနေပိုင်းက ကျင်းပသည်။

ကံမမြို့နယ်၌ နွေစပါးစိုက်ပျိုးမည့် ဧရိယာများအား စုပေါင်းလယ်ကြားမြောင်းဖောက်လုပ်ပွဲကျင်းပ

သရက်ခရိုင်၊ ကံမမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့မှ မြို့နယ်အတွင်းရှိ နွေစပါးစိုက်ပျိုးမည့် ဧရိယာများတွင် စုပေါင်းလယ်ကြားမြောင်းဖောက်လုပ်ပွဲကို ယနေ့နံနက်ပိုင်းက ပွတ်စုကျေးရွာအုပ်စု၊ ပွတ်စုကျေးရွာ၊ ကွင်းအမှတ် (၁၆၂-ခ) တွင် ကျင်းပပြုလုပ်ခဲ့သည်။ အခမ်းအနားတွင် သရက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ခရိုင်အုပ်ချုပ်ရေးမှူး ဦးမြတ်ထွန်းဦးက လယ်ကြားမြောင်း ဖောက်လုပ်ရခြင်း ရည်ရွယ်ချက်ကို ဆွေနွေးမှာကြားပြီး မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးအုန်းဌေးနှင့် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူတို့က နွေစပါးလျာထား (၁၈၂၇) ဧက ပြည့်မီအောင် စိုက်ပျိုးရေး၊ တစ်ဧကတင်း(၁၅၀) ထွက်ရှိရန် ရည်မှန်းဆောင်ရွက်လျက်ရှိသည့် ဆာဖိုးသာမျိုး ပြောင်းလဲစိုက်ပျိုးရေး၊ ပျိုးထောင်စိုက်နှင့် Seeder စိုက်အသုံးပြုလျက် စိုက်နည်းစနစ်မှန်ကန်ရေး၊ သွင်းအားစုများထည့်သွင်းရေး၊ လယ်ကြားမြောင်းများ ဖောက်လုပ်ရေး၊ ကွင်းဆင်းပညာပေးရေး၊ Water User Group များဖွဲ့စည်းရေး စသည့် ဆောင်ရွက်ထားရှိသည့် အစီအမံများကို ရှင်းလင်းတင်ပြခဲ့ကြသည်။

မြောင်းမြမြို့တွင် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ ‌တက်ရောက်နိုင်ရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနက ဦးဆောင်၍ အခြေခံပညာကျောင်းများတွင် အလယ်တန်းအဆင့် (Grade 9) အောင်မြင်သော ကျောင်းသားကျောင်းသူများ စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းများ ‌တက်ရောက်နိုင်ရေး အသိပညာပေး ဟောပြောပွဲများ ကျင်းပခဲ့ကြောင်း သိရသည်။

အဆင့်မြင့် ရှာဖွေကယ်ဆယ်ရေး နည်းစနစ်ကျွမ်းကျင်မှု သင်တန်းဆင်းပွဲ အခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် အဆင့်မြင့်ရှာဖွေကယ်ဆယ်ရေး နည်းစနစ်ကျွမ်းကျင်မှု သင်တန်းဆင်းပွဲ အခမ်းအနားကို တိုင်းဒေသကြီး မီးသတ်ဦးစီးမှူးရုံး၌ ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေး ဟောပြောပွဲ အ.ထ.က (၁) မြန်အောင်တွင် ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ မြန်အောင်မြို့ အ.ထ.က(၁)မြန်အောင် ( Assembly Hall)တွင် ယမန်နေ့နံနက်က မူးယစ်ဆေးဝါးနှင့်စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ ပြုလုပ်ခဲ့သည်။

ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ရခိုင်ပြည်နယ်၊ ကျောက်ဖြူခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၏ အပတ်စဉ်ပုံမှန်လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက် ၁၀ နာရီအချိန်က အဆိုပါ ဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ရာ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများတက်ရောက်ကြသည်။

ဒေးဒရဲမြို့နယ်၌ (Grade-9) ဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်တွင် မြို့နယ်ပညာရေးဦးစီးဌာနကကြီးမှူး၍ မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများက ဘာသာရပ်သင် ဆရာ၊ ဆရာမများ စနစ်သစ်စာမေးပွဲတွင် သင်ခန်းစာများ၊ မေးခွန်းပုံစံများကို အသေးစိတ်သိရှိနားလည်စေရန်နှင့် ကျောင်းသား၊ ကျောင်းသူများကို စနစ်တကျ ပြန်လည်ပို့ချပေးနိုင်စေရန် ရည်ရွယ်၍ (Grade-9) ဘာသာရပ်ဆိုင်ရာ မြို့နယ်အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့ နံနက် ၁၀နာရီအချိန်က အမှတ် (၁) အခြေခံပညာ အထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

နေပြည်တော် တပေါင်းကွင်းတွင် ကျင်းပပြုလုပ်မည့် MSME ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသသည့် ပွဲတွင် မန္တလေးတိုင်းဒေသကြီး၏ MSME ကုန်ထုတ်လုပ်ငန်းများမှ ထုတ်ကုန် ပစ္စည်းများနှင့် ဒေသထွက် အစားအစာများ ခင်းကျင်းပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

(၇၇)နှစ်မြောက် ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် နေပြည်တော် တပေါင်းကွင်းတွင် ကျင်းပပြုလုပ်မည့် MSME ကုန်ထုတ် လုပ်ငန်းများမှ ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသသည့်ပွဲတွင် မန္တလေး တိုင်းဒေသကြီး၏ MSME ကုန်ထုတ်လုပ်ငန်းများမှ ထုတ်ကုန် ပစ္စည်းများနှင့် ဒေသထွက်အစားအစာများ ခင်းကျင်းပြသနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို

ရေဦးမြို့ ဗိုလ်အောင်ဇေယျရပ်ကွက်ရှိ ဒေသခံပြည်သူများအား စားအုန်းဆီများ ဈေးနှုန်းသက်သာစွာဖြင့် ရောင်းချပေး

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ အစီအစဉ်ဖြင့် ဇန်နဝါရီ ၈ ရကံနက် ၁၀ နာရီက ရေဦးမြို့ ဗိုလ်အောင်ဇေယျရပ်ကွက်ရှိ ဒေသခံပြည်သူအိမ်ထောင်စုများအား သက်သာသောဈေးနှုန်းဖြင့် စားအုန်းဆီများ ရောင်းချပေးခဲ့သည်။

ဗဟန်းမြို့နယ်တွင် စာပေနှင့်အနုပညာမူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ

ပြန်ကြားရေးဝန်ကြီးဌာန ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မူပိုင်ခွင့်နှင့်မှတ်ပုံတင်ဌာနခွဲမှ ကြီးမှူးကျင်းပသည့် စာပေနှင့်အနုပညာ မူပိုင်ခွင့်ဆိုင်ရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့နံနက်ပိုင်းက ရန်ကုန်မြို့ ဗဟန်းမြို့နယ် အရှေ့ရွှေဂုံတိုင်လမ်းရှိ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန(ဗဟန်း)၌ ကျင်းပပြုလုပ်ခဲ့ရာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦး စီးဌာနမှ တာဝန်ရှိသူများနှင့် အရာထမ်းများ၊ အမှုထမ်းများ တက်ရောက်ခဲ့ကြသည်။
Subscribe to ဦးစီးဌာနရုံးချုပ်၏လှုပ်ရှားမှုများ