ငလျင်ဘေးအလွန် ပြည်တွင်းပြည်ပတစ်ပိုင်တစ်နိုင် ထုတ်လုပ်တင်ပိုနိုင်မှု ကုန်ထုတ်လုပ်ငန်းများ အဆင်ပြေချောမွေ့စေရေး စားသုံးသူရေးရာဦးစီးဌာနမှ လုပ်ငန်းရှင်များနှင့် တွေ့ဆုံ
စစ်ကိုင်းတိုင်းဒေသကြီး စားသုံးသူရေးရာဦးစီးဌာနမှ မုံရွာမြို့ပေါ်ရှိ အသေးစားစက်မှုလက်မှုလုပ်ငန်းရှင်များ၊ တစ်ပိုင်တစ်နိုင် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် မန္တလေးငလျင်ကြီးကြောင့် လုပ်ငန်းများထိခိုက်မှု၊ လုပ်ငန်းလည်ပတ်မှုများ နှောင့်နှေးကြန့်ကြာမှုမရှိစေရေးနှင့် ကုန်စည်စီးဆင်းမှု၊ ကုန်စည်ဝင်ထွက်မှုနှင့်ထုတ်ကုန်များ စိတ်ချလုံခြုံမှုရှိစေရေး ရည်ရွယ်လျက် မေလ ၂၃ ရက်နေ့ နံနက်ပိုင်းက မုံရွာမြို့ပေါ်ရှိ လုပ်ငန်းရှင်များနှင့် တွေ့ဆုံဆွေးနွေးခဲ့သည်။