ကလေးမြို့တွင် အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေးဟောပြောပွဲကျင်းပ
စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးခရိုင်၊ ကလေးမြို့၌ အဆိုးဝါးဆုံးပုံစံဖြင့် ခိုင်းစေခြင်းခံရသော ကလေးအလုပ်သမားဖယ်ရှားရေးနှင့် ပြန်လည်ကုစားရေး အသိပညာပေးဟောပြောပွဲကို ယနေ့နံနက်ပိုင်းက ဆည်တော်ဦးကျေးရွာ အခြေခံပညာအထက်တန်းကျောင်း နတ်သျှင်နောင် ကျောင်းဆောင်တွင် ကျင်းပခဲ့ကြောင်း သိရသည်။