ကျွန်းလှမြို့နယ်၌ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွင်း မိုးမြေပဲ ဧက ၇၀၀၀ ကျော်စိုက်ပျိုးမည်
စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ပြည်တွင်းစားသုံးဆီဖူလုံပြီး ပြည်ပတင်သွင်းမှုလျော့ချနိုင်ရန်အတွက် ဆီထွက်သီးနှံမျိုးစုံ ရာသီအလိုက်စိုက်ပျိုးကြရာ ယခုနှစ် မိုးသီးနှံစိုက်ပျိုးရာသီအတွင်း မိုးမြေပဲ ဧက ၇၀၀၀ ကျော်စိုက်ပျိုးမည်ဖြစ်ကြောင်း မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။