ပဲခူးတိုင်းဒေသကြီး

လက်ပံတန်းမြို့ လောကဥသျှောင်မြဘုန်းရောင်စေတီတော်မြတ်ကြီး၏ (၁၂၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ လက်ပံတန်းမြို့ကျက်သရေဆောင် လောကဥသျှောင်မြဘုန်းရောင်စေတီတော်မြတ်ကြီး၏ (၁၂၇)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ကျင်းပခဲ့သည်။

ထန်းတပင်မြို့နယ် အခြေခံပညာအထက်တန်းကျောင်းတွင် မီးဘေးအန္တရာယ် အသိပညာပေး ဟောပြောပွဲနှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ်၌ မြို့နယ်မီးသတ်ဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်း၍ အခြေခံပညာအထက်တန်းကျောင်းတွင် ယမန်နေ့ မွန်းလွဲပိုင်းက မီးဘေးအန္တရာယ် ကာကွယ်ရေးအသိပညာပေးဟောပြောပွဲ့နှင့် မီးငြှိမ်းသတ်ခြင်း လက်တွေ့သရုပ်ပြပွဲကို ပြုလုပ်ခဲ့သည်။

ဇီးကုန်းမြို့နယ်၌ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ဇီးကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးပွားလာစေရန်ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေးနှင့် အသိပညာပေးဟောပြောပွဲ ကွင်းဆင်းဆောင်ရွက်ခြင်းကို ယနေ့နံနက်ပိုင်းက အ.လ.က(ခွဲ) ဝက်ကော်ကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

ပဲခူးတိုင်းဒေသကြီး (အရှေ့) တောင်ငူမြို့နယ် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူ၊ အစားထိုးရွေးချယ်ခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်း အခမ်းအနားကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူမြို့၊ ရှေးဟောင်းသမိုင်းဝင် ရွှေဆံတော်စေတီတော်မြတ်ကြီး၊ ဂန္တဝင်ကိုးခန်းသိမ်တော်ကြီး၌ တောင်ငူမြို့နယ် သံဃာ့အဖွဲ့အစည်းအဆင့်ဆင့် အနားယူ၊ အစားထိုးရွေးချယ်ခြင်းနှင့် ပြန်လည်ရွေးချယ်ခြင်း အခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပသည်။

ကဝမြို့နယ်၌ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အမျိုးသား(ဖူဆယ်)ဘောလုံးပြိုင်ပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပဲခူးခရိုင်၊ ကဝမြို့နယ်တွင် ၂၀၂၅ ခုနှစ်၊ (၇၈)နှစ်မြောက် ပြည်ထောင်စုနေ့အထိမ်းအမှတ်အကြို အမျိုးသား(ဖူဆယ်)ဘောလုံးပြိုင်ပွဲဖွင့်ပွဲကို ယနေ့နံနက်(၈)နာရီက အုန်းနှဲကျေးရွာ၊ (PRO-5)ဖူဆယ် အားကစားကွင်း၌ ကျင်းပခဲ့သည်။

ပန်းတောင်းမြို့နယ် အခြေခံပညာကျောင်းများသို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ ယနေ့ နံနက် (၉) နာရီအချိန်က အ.ထ.က ဥသျှစ်ပင်ကျောင်းနှင့် အ.မ.က ယင်းရွာ ကျောင်းသို့ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲ၊ ဓာတ်ပုံပြပွဲနှင့် အသိပညာပေးဟောပြောပွဲလုပ်ငန်းများ ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ပြည်မြို့ ဆုံစည်းရာစာဖတ်ဝိုင်းအဖွဲ့မှ ပခုက္ကူစာပေဆုနှင့် ၂၀၂၃ ခုနှစ်၊ စာပေဗိမာန်စာမူဆု ရရှိသူများအား ဂုဏ်ပြုပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်မြို့၊ ဆုံစည်းရာစာဖတ်ဝိုင်းအဖွဲ့မှ ပခုက္ကူစာပေဆုနှင့် ၂၀၂၃ ခုနှစ်၊ စာပေဗိမာန်စာမူဆုရရှိသူ စာရေးဆရာများအား ဂုဏ်ပြုသည့် အခမ်းအနားကို ယမန်နေ့က ပြည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး (Community Centre) ခန်းမ၌ ကျင်းပခဲ့ရာ အဆိုပါအဖွဲ့မှ နာယကများနှင့် မြို့နယ်စာရေးဆရာအသင်းအဖွဲ့ဝင် စာရေးဆရာများ တက်ရောက်ကြသည်။

သဲကုန်းမြို့နယ်၌ နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲ၊ နံရံကပ်စာ​စောင်ပြပွဲကွင်းဆင်းဆောင်ရွက်

ပဲခူးတိုင်း​ဒေသ​ကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းအဖြစ် စာဖတ်ရှိန်မြှင့်တင်ရေး၊ နံရံကပ်စာစောင်ပြပွဲနှင့် Mobile စာကြည့်တိုက်လုပ်ငန်းများကို ယနေ့နံနက်(၉)နာရီအချိန်က အခြေခံပညာမူလတန်း(တပ်)ကျောင်း၌ ဆောင်ရွက်ပေးခဲ့ကြောင်းသိရသည်။

ရွှေတောင်မြို့နယ်တွင် အခြေခံကျောင်းများ၌ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်၊ ညောင်ဝိုင်း အခြေခံပညာမူလတန်းလွန်ကျောင်းတွင် ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မြို့နယ်တိုင်းရင်းဆေးကုသရေးဌာန၊ စားသုံးသူရေးရာဦးစီးဌာနတို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်၊ လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲ ကျင်းပခဲ့သည်။

ရွှေကျင်မြို့နယ် ဝဲကြီးကျေးရွာတွင် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ်စာစောင်ပြသခြင်း ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ် ဝဲကြီးကျေးရွာ အခြေခံပညာမူလတန်း(လွန်)ကျောင်းတွင် အသိပညာပေး ဟောပြောပွဲ၊ နံရံကပ်စာစောင်နှင့် စာအုပ် စာစောင်ပြသခြင်းကို ယနေ့ နံနက် (၁၀)နာရီက ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ပဲခူးတိုင်းဒေသကြီး