ပဲခူးတိုင်းဒေသကြီး

 ပေါင်းတည်၌ သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများ အရှိန်အဟုန်မြှင့်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌  သွေးလွန်တုပ်ကွေးရောဂါကာကွယ်ရေးလုပ်ငန်းများကို ရပ်ရွာများအတွင်း အရှိန်အဟုန်မြှင့်ဆောင်ရွက်လျက်ရှိရာ မေလ ၂၃ ရက်နေ့ နံနက်ပိုင်းက မှတ်တိုင်ကျေးရွာအုပ်စုသို့ ကွင်းဆင်းဆောင်ရွက်ကြသည်။

ပဲခူးတိုင်းဒေသကြီး(အနောက်)တွင် တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနား ကျင်းပ

၂၀၂၅ - ၂၀၂၆ ပညာသင်နှစ် ပဲခူးတိုင်းဒေသကြီး(အနောက်) တိုင်းဒေသကြီးအဆင့် ကျောင်းအပ်နှံရေးနေ့အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပြည်မြို့ အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်း သီရိရတနာခန်းမ၌ ကျင်းပရာ ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးမျိုးအောင်နှင့် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ တိုင်း/ခရိုင်/မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊  ပြည်မြို့ရှိ တက္ကသိုလ်/ဒီဂရီကောလိပ်များမှ ပါမောက္ခချုပ်များနှင့် ကျောင်းအုပ်ကြီးများ၊ တိုင်း/ခရိုင်/မြို့နယ်ပညာရေးမှူးများ၊ လူမှုရေးအသင်းအဖွဲ့များ၊ ဆရာ/ဆရာမများနှင့် ကျောင်းသား၊ ကျောင်းသူများ တက်ရောက်ခဲ့ကြသည်။

ပဲခူးမြို့၌ နွေရာသီအနုပညာသင်တန်း အတီးဘာသာရပ် သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

ပဲခူးမြို့၊ မြို့တော်ခန်းမ၌ မေလ (၂၃)ရက်နေ့၊ နံနက်ပိုင်းက နွေရာသီအနုပညာသင်တန်း အတီးဘာသာရပ်သင်တန်းဆင်းပွဲအခမ်းအနား ကျင်းပပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးဆွေဝင်းနှင့် ဇနီး ဒေါ်စိုးစိုးသက်တို့ တက်ရောက်ချီးမြှင့်ခဲ့ကြသည်။

ရွှေတောင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် အခြေခံဂျူဒိုသင်တန်းဆင်းပွဲ ကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Centre) ခန်းမတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ ပူးပေါင်းကျင်းပသည့် အခြေခံဂျူဒိုသင်တန်းဆင်းပွဲကို မေလ ၂၃ ရက်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ပေါင်းတည်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေး သီတင်းပတ်တွင် ကျောင်းအပ်လက်ခံခြင်းလုပ်ငန်း ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ ပေါင်းတည်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ် လှုပ်ရှားဆောင်ရွက်လျက်ရှိရာ မေလ ၂၃ ရက်က ကျောင်းနေအရွယ်ကလေးအားလုံး စဉ်ဆက်မပြတ် ပညာသင်ယူနိုင်ရေးအတွက် စာသင်ကျောင်းအသီးသီးတွင် ကျောင်းအပ်လက်ခံရေးလုပ်ငန်းများ ဆက်လက်ဆောင်ရွက်ခဲ့ကြသည်။

သဲကုန်းမြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (အခမဲ့)ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိ

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ သဲကုန်းမြို့နယ်အတွင်းရှိ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား (အခမဲ့)ကျန်းမာရေး စောင့်ရှောက်မှုများကို မေလ ၂၁ ရက်နေ့ နံနက်(၉) နာရီအချိန်က ပြည်သူ့ကျန်းမာရေးဦးစီးဌာန၌ ဆောင်ရွက်ပေးလျက်ကြောင်း သိရသည်။

ရွှေတောင်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက်  အခြေခံပညာကျောင်းများတွင် ကျောင်းအပ်လက်ခံခြင်း စတင်ဆောင်ရွက်

၂၀၂၅-၂၀၂၆ ပညာသင်နှစ် ကျောင်းအပ်နှံရေးသီတင်းပတ်အဖြစ် တစ်နိုင်ငံလုံးအတိုင်းအတာအရ ၂၀၂၅ ခုနှစ် မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ဆောင်ရွက်မည်ဖြစ်ရာ ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၂ ရက်နေ့ နံနက် ၈ နာရီအချိန်မှစတင်၍ လက်ခံဆောင်ရွက်ပေးလျက်ရှိသည်။

နတ်တလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၂၃၇)ကျောင်းတွင် ယနေ့ နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပေါက်ခေါင်းမြို့နယ်ရှိ အခြေခံပညာကျောင်းများတွင် KG မှ Grade-12 ထိ ကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံ

ပဲခူးတိုင်းဒေသကြီး၊ ပေါက်ခေါင်းမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ၂၀၂၅-၂၀၂၆ ပညာသင်နှစ်အတွက် KG တန်းမှ Grade-12 ထိကျောင်းသား၊ ကျောင်းသူများ ကျောင်းအပ်လက်ခံခြင်းကို မေလ ၂၂ ရက်နေ့နံနက်ပိုင်းကစတင်၍ ကျောင်းအပ်လက်ခံလျက်ရှိရာ ကျောင်းအပ်နှံရေးသီတင်းပတ်ဖြစ်သည့် မေလ ၂၂ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျောင်းအပ်နှံရေးလုပ်ငန်းများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး အခြေခံပညာကျောင်းများကို ဇွန် ၂ ရက်နေ့တွင် ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများတွင် ကျောင်းအပ်နှံရေးလုပ်ငန်းများ စတင်ဆောင်ရွက်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မိုးညိုမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းပေါင်း (၁၆၆)ကျောင်းတွင် ယနေ့နံနက်ပိုင်းမှစ၍ ကျောင်းအပ်နှံခြင်းလုပ်ငန်းများကို စတင်ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to ပဲခူးတိုင်းဒေသကြီး