ဧရာဝတီတိုင်းဒေသကြီး

ဘိုကလေးမြို့နယ်တွင် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင် ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ဇွန် ၂၄ ရက် နံနက် (၁၁) နာရီ အချိန်တွင် ဘိုကလေးမြို့ပေါ်ရှိ အခြေခံပညာကျောင်းများသို့ ကွင်းဆင်း၍ ကျောင်းသား/သူများအား (၂၀၂၆) ခုနှစ် အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေပေးခဲ့သည်။

ကြံခင်းမြို့၊ အ.ထ.က(၁)၌ အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များကွင်းဆင်း ဆောင်ရွက်ပေးခြင်း အခမ်းအနားကျင်းပ 

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ အမှတ်(၁)အခြေခံပညာအထက်တန်း ကျောင်း၊ အောင်ကျော်ခန်းမ၌ ယမန်နေ့နံနက်ပိုင်းက အစိုးရ၏ ရက် (၁၀၀) လမင်းစီမံချက်ဖြင့် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ ဝန်ထမ်းများက အသက်(၁၀)နှစ်ပြည့်ပြီး၊ နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ မပြုလုပ်ရသေးသူများအား ကွင်းဆင်းဆောင်ရွက်ပေးခြင်း အခမ်းအနားကို အဆိုပါကျောင်းခန်းမ၌ ပြုလုပ်သည်။

ဝါးခယ်မမြို့နယ်၌ မိုးစပါးဆင်းသုခစပါးမျိုးအား လက်ဆွဲမျိုးစေ့ချ (Drum Seeder) ဖြင့်စိုက်ပျိုး

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ် ကြခတ်ကုန်းကျေးရွာအုပ်စု၊ မရမ်းချောင်ကျေးရွာ၌ ဇွန် ၂၄ ရက် နံနက် ၉ နာရီ ၁၅ မိနစ်အချိန်က ကွင်းအမှတ်(၁၀၁၇) ဦးပိုင်အမှတ်(၄၈/၅) တောင်သူ ဒေါ်ဌေးဝင်း၏လယ်မြေတွင် မိုးစပါးဆင်းသုခစပါးမျိုးအား (Drum Seeder)နှင့် (10) Row Drum Seeder မျိုးစေ့ချစက်ကိရိယာတို့ဖြင့် စိုက်ပျိုးခြင်းများ ဆောင်ရွက်ခဲ့ သည်။

ကျုံပျော်မြို့၌ မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲ ပြုလုပ်

ကျောင်းသားကျောင်းသူများ မူးယစ်ဆေးဝါး၏ဆိုးကျိုးကိုသိရှိပြီး ကြိုတင်ရှောင်ရှားနိုင်စေရန် အတွက် အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် မူးယစ်ဆေးဝါးအန္တရာယ် အသိပညာပေးဟောပြောပွဲကို ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျုံပျော်မြို့ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း အောင်ဆန်းခန်းမ၌ ဇွန်လ ၂၄ ရက် နံနက် ၁၀ နာရီက ပြုလုပ်သည်။

ဖျာပုံမြို့၌ အပြည်ပြည်ဆိုင်ရာ မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိနှင့်ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း၌ အပြည်ပြည်ဆိုင်ရာမူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့အထိမ်းအမှတ် ဟောပြောပွဲ နှင့်အသိပညာပေး လက်ကမ်းစာစောင်များ ဖြန့်ဝေပေးခြင်းကို ဇွန်လ ၂၃ ရက်နေ့ နံနက် (၁၁)နာရီ အချိန်ကမြို့ပေါ် အ.ထ.က ကျောင်းများ၌ပြုလုပ်ကြသည်။

ဖျာပုံမြို့နယ်၌ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေး မြေတိုင်းတာလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ကျေးလက်နေပြည်သူများပိုင်ဆိုင်နေထိုင်ကြသည့် အိမ်၊ ခြံမြေများအား မြေငှားဂရန်ထုတ်ပေးနိုင်ရေးအတွက် မြို့နယ်များတွင် မြေယာအရှပ်အရှင်းကင်သည့် ကျေးရွာတစ်ရွာစီအား ရွေးချယ်၍ ကျေးရွာမြေငှားဂရန် ထုတ်ပေးနိုင်ရေးကွင်းဆင်းဆောင်ရွက်ခြင်းကို ဇွန်လ ၂၄ ရက်နေ့ နေလယ်ပိုင်းအချိန်က အဆိုပါမြို့နယ်အတွင်းဆောင်ရွက်ကြသည်။

ဓနုဖြူမြို့နယ်၌ ကျောင်းသား၊ ကျောင်းသူများအား "လမင်းစီမံချက်"ဖြင့် နိုင်ငံသားစိစစ် ရေးကတ်နှင့် UID ကတ်များထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ်တွင် နိုင်ငံတော်အစိုးရ၏ ရက်(၁၀၀) "လမင်းစီမံချက်" ဖြင့် ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်နှင့် UID ကတ်များ ထုတ်ပေးခြင်းကို ယနေ့ ဇွန်လ ၂၄ရက်နေ့ မွန်းလွဲပိုင်းက ကျုံတနီးကျေးရွာရှိ အခြေခံပညာ အထက်တန်းကျောင်း (ကျုံတနီး)၌ ဆောင်ရွက်ခဲ့ကြသည်။

လပွတ္တာမြို့တွင် မှိုစိုက်ပျိုးခြင်းနှင့်မျိုးစေ့ချကိရိယာ Druum Seeder ဖြင့်မျိုးစေ့ချ စိုက်ပျိုးကွင်းသရုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့တွင် ကောက်စိုက်စက်ဖြင့်စိုက်ပျိုးရန် ပျိုးဗန်းဖြင့်ပျိုးထောင်ခြင်း၊ သစ်စိမ်းမြေသြဇာ(ပိုက်ဆံလျှော်) ထည့်သွင်းမြေမြှုပ်ခြင်း၊ ငွေနှင်းမှိုနှင့် ကောက်ရိုးမှိုစိုက်ပျိုးခြင်း၊ မျိုးစေ့ချကိရိယာ Druum Seeder ဖြင့်မျိုးစေ့ချစိုက် ပျိုးကွင်း သရုပ်ပြခြင်းအခမ်းအနားကို ဇွန်လ ၂၄ ရက် နံနက်ပိုင်းကမြွေဟောက် ကျေးရွာအုပ်စုရှိတောင်သူ  ဦးမန်းဖြူ လယ်မြေ၌ကျင်းပခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး