ဧရာဝတီတိုင်းဒေသကြီး

ဘိုကလေးမြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တွေ့ဆုံမိတ်ဆက်ပွဲနှင့် အကြိုညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်တွင် မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအား ယခုနှစ် ဩဂုတ်လ(၁)ရက်နေ့မှ စတင်ဖွဲ့စည်းခဲ့ပြီး ယနေ့နံနက်(၁၀)နာရီ အချိန်တွင် မြို့နယ်ရွေးကောက်ပွဲ ကော်မရှင်အဖွဲ့ခွဲရုံး၌ ကော်မရှင်အဖွဲ့ခွဲ၏ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ တွေ့ဆုံမိတ်ဆက်ပွဲနှင့်အကြိုညှိနှိုင်းအစည်းအဝေး ကျင်းပဆောင်ရွက်သည်။

ငပုတောမြို့ အခြေခံပညာအလယ်တန်းကျောင်း ရွှေမြကွင်းတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ဟောပြောပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ် အခြေခံပညာအလယ်တန်းကျောင်း ရွှေမြကွင်းတွင် လူကုန်ကူးမှုတိုက်ဖျက်ရေးနေ့ ဟောပြောပွဲအခမ်းအနားကို ယမန်နေ့ညနေပိုင်းက ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ဝါဆိုသင်္ကန်း ဆက်ကပ်လှူဒါန်းပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၊ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၌ ယမန်နေ့နံနက်ပိုင်းက မြို့အုပ်ချုပ်ရေးမှူးနှင့်ဝန်ထမ်းများစုပေါင်း၍ ငွေဆောင်မြို့အတွင်းရှိ ကျောင်းတိုက်အသီးသီး၌ ဝါဆိုဝါကပ်တော်မူကြသော သံဃာတော်အရှင်သူမြတ် (၅) ပါးအား ပင့်ဆောင်ကာဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းခြင်း၊ အရုဏ်ဆွမ်းဆက်ကပ်လှူဒါန်းခြင်းနှင့် တရားနာယူခြင်းတို့ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၌ ပေါင်းလိုက်တမန်းနှိုးခြင်းနှင့် ဓာတ်မြေဩဇာစုပေါင်းကြဲပက်ပွဲ အခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ၂၀၂၅-၂၀၂၆ ခုနှစ်၊ မိုးရာသီပန်းတိုင် အထွက်နှုန်းကျော်လွန်ရရှိရေးအတွက် ပေါင်းလိုက်တမန်းနှိုးခြင်းနှင့် ဓာတ်မြေဩဇာစုပေါင်းကြဲပက်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ကွင်းယားအရှေ့ကျေးရွာအုပ်စု၊ ကွင်းယားကြီးကျေးရွာတွင် ကျင်းပခဲ့သည်။

သာပေါင်းမြို့နယ် မီးသတ်ဦးစီးဌာနမှ သံဃာ့ဒါနအာရုဏ်ဆွမ်းပတ် စုပေါင်းလောင်းလှူပူဇော်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် နှစ်စဉ်‌နှစ်တိုင်း ဝါတွင်းကာလတစ်လျောက်လုံး မြို့ပေါ်၊ နယ်ပေါ်ရှိ ဘုန်းတော်ကြီးကျောင်းများတွင် သတင်းသုံး ဝါဆို၊ ဝါကပ်တော်မူကြသော ရဟန်းသံဃာတော်များကို လောင်းလှူပူဇော်နေကြ သံဃိကသံဃာ့ဒါန အာရုဏ်ဆွမ်း၊ ဆွမ်းဟင်း အာဟာရဒါနများ ဆက်ကပ်လောင်းလှူပူဇော်ပွဲကို ယမန်နေ့ ၁၃၈၇ ခုနှစ်၊ ဝါခေါင်လပြည့်ကျော် (၃) ရက်နေ့နံနက် ၄ နာရီအချိန်မှစတင်၍ မြို့နယ်‌မီးသတ်ဦးစီးဌာနမှ အာရုဏ်ဆွမ်းပါတ် စုပေါင်းလောင်းလှူ ပူဇော်ကြကြောင်း သိရသည်။

ကျိုက်လတ်မြို့နယ်၌ ရပ်ကွက်နှင့်ကျေးရွာအုပ်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်တွင် ရပ်ကွက်နှင့်ကျေးရွာအုပ်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများ ဖွဲ့စည်းတာဝန်ပေးအပ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်(၁၀)နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ ရွှေဝါလတ်ခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

စက္ကော့တောင်ကျေးရွာအုပ်စု၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများနှင့် သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်၊ စက္ကော့တောင်ကျေးရွာအုပ်စု၌ ၂၀၂၅ ခုနှစ်၊ တက္ကသိုလ်ဝင်စာမေးပွဲတွင် ထူးချွန်စွာအောင်မြင်ခဲ့ကြသော ကျောင်းသား/ကျောင်းသူများနှင့် သင်ကြားပေးသော ဆရာ/ဆရာမများအား ဂုဏ်ပြုပွဲအခမ်းအနားကို ယနေ့ နံနက် (၁၀)နာရီ အချိန်က အဆိုပါကျေးရွာအုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ ကျေးရွာစာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်စေရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောခြင်း၊ နံရံကပ်စာစောင်နှင့်စာအုပ်စာစောင်များပြသခြင်းအား ယနေ့နံနက်ပိုင်းက မအူပင်ခရိုင်ပြန်ကြား ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများ နယ်လှည့်ကွင်းဆင်းဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ဟင်္သာတမြို့နယ်၌ ကမ်းပြိုဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ကမ်းပြိုဘေးသင့် ပြည်သူများအား ထောက်ပံ့ငွေပေးအပ်ခြင်း အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ပြုလုပ်ခဲ့သည်။

ဟင်္သာတမြို့နယ်တွင် အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်(ဒုတိယပတ်) အဖြစ် ငါးနှစ်အောက် ကလေးများနှင့် ကျောင်းသားလူငယ်များ အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်လှုပ်ရှားမှုဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅ ခုနှစ်အာဟာရဖွံ့ဖြိုးရေး ရက်သတ္တပတ်(ဒုတိယပတ်) ရက်သတ္တပတ်လှုပ်ရှားမှုအဖြစ် ဩဂုတ် ၁၁ ရက်နေ့ နံနက် ၁၀ နာရီက ဟင်္သာတခရိုင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမနှင့် အခြေခံပညာကျောင်းများတွင် ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး