ဘိုကလေးမြို့နယ် ကျေးရွာများအရောက် မဲဆန္ဒရှင်များ လွယ်ကူစွာမဲပေးနိုင်ရေး မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းဆောင်ရွက်
ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ သာပေါင်းကျေးရွာအုပ်စု၊ သာပေါင်းကျေးရွာရှိ ဘုန်းတော်ကြီးကျောင်းတွင် ယမန်နေ့နံနက်(၁၀)နာရီအချိန်၌ မဲဆန္ဒရှင်များ လွယ်ကူစွာမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ်မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားကျင်းပဆောင်ရွက်ခဲ့ကြောင်း သိရသည်။