ဧရာဝတီတိုင်းဒေသကြီး

မြောင်းမြမြို့တွင် လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ မြောင်းမြမြို့တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ အားကစားနှင့်ကာယပညာဦးစီးဌာန၊ စားသုံးသူရေးရာဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ လူငယ်စကားဝိုင်းနှင့် အသိပညာပေးဟောပြောပွဲများကို ယနေ့နံနက် (၁၀) နာရီအချိန်က အ.ထ.က စကမြားကျောင်း၌ ကျင်းပပြုလုပ်ခဲ့သည်။

အစိုးရစက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်)၏ ဆောင်းရာသီအားကစားပွဲတော်နှင့် ဆဋ္ဌမအကြိမ်မေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲ ဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ် ပြည်သူ့အားကစားကွင်းတွင် ယနေ့နံနက် (၈) နာရီက အစိုးရစက်မှုလက်မှုသိပ္ပံ(ကျိုက်လတ်)၏ ဆောင်းရာသီ အားကစားပွဲတော်နှင့် ဆဋ္ဌမအကြိမ် မေဂျာပေါင်းစုံဘောလုံးပြိုင်ပွဲဖွင့်ပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

ငပုတောမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငပုတောမြို့နယ်တွင်ကျင်းပမည့် ပါတီစုံဒီမိုကရေစီအထွထွေရွေးကောက်ပွဲ အပိုင်း(၃)အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

မော်လမြိုင်ကျွန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း (၃)အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင်ကျွန်းမြို့နယ်၌ ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃)ကို ၂၀၂၆ခုနှစ်၊ ဇန်နဝါရီလ (၂၅) ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မော်ဧရာခန်းမ၌ ယမန်နေ့မွန်းလွဲပိုင်းက ကျင်းပခဲ့ကြောင်း သိရသည်။

ဧရာဝတီတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း ပုသိမ်မြို့တွင်ပြုလုပ်သည့် ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများဖွင့်ပွဲ အခမ်းအနားတက်ရောက်

ဟိုတယ်နှင့်ခရီးသွားလာရေးဝန်ကြီးဌာန၏လမ်းညွှန်မှု ဟိုတယ်နှင့်ခရီးသွားညွှန်ကြားမှုဦးစီးဌာန၊ ဧရာဝတီတိုင်းဒေသကြီးရုံး၏စီစဉ်မှုဖြင့်ဖွင့်လှစ်သော ဟိုတယ်ဆိုင်ရာဝန်ဆောင်မှုသင်တန်းများဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ပုသိမ်မြို့၊ ပုသိမ်ဟိုတယ်တွင် ပြုလုပ်ခဲ့ရာ တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင်မောင်ဝင်း၊ အစိုးရအဖွဲ့ဝန်ကြီးများ၊ သင်တန်းသား၊ သင်တန်းသူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။

အင်္ဂပူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲအပိုင်း(၃) အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်း အစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်‌အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ အပိုင်း(၃)ကို ဇန်နဝါရီလ (၂၅)ရက်နေ့တွင် ကျင်းပမည်ဖြစ်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်း‌ဝေးခန်းမ၌ ယနေ့နံနက်ပိုင်းကပြုလုပ်ခဲ့သည်။

ကျောင်းကုန်းမြို့၌ ၂၀၂၅ ခုနှစ်၊ အပိုင်း(၂) ပါတီစုံဒီမိုကရေစီအထွေထွေရွေးကောက်ပွဲ ဆန္ဒမဲရလဒ်များ ရေတွက်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့တွင် ၂၀၂၅ ခုနှစ် ပါတီစုံဒီမိုက ရေစီအထွေထွေရွေးကောက်ပွဲကြီးအား ဇန်နဝါရီလ (၁၁)ရက်နေ့နံနက် (၆) နာရီအချိန်မှ စတင်၍ကျင်းပပြုလုပ်ခဲ့ရာ ည (၁၀) နာရီအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာန ၊အေးချမ်းသာယာခန်းမ၌ ဆန္ဒမဲစာရင်းများ ရေတွက်လျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီးဝန်ကြီးချုပ် ပုသိမ်မြို့၊ တိုက်ကြီးကျောင်းပရိယတ္တိစာသင်တိုက်တွင်ကျင်းပသည့် (၃၉) ကြိမ်မြောက် ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယဝိနယဓမ္မစာဖြေစာပြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားသို့ တက်ရောက်ကြည်ညို

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့၊ တိုက်ကြီးကျောင်းပရိယတ္တိစာသင်တိုက်တွင် (၃၉) ကြိမ်မြောက် ပုသိမ်ခရိုင်လုံးဆိုင်ရာ ရွှေကျင်နိကာယဝိနယဓမ္မစာဖြေစာပြန်ပွဲတော် ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းကပြုလုပ်ခဲ့ရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးတင်‌မောင်ဝင်းနှင့် ဇနီး၊ အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့်ဇနီးများ၊ အလှူရှင်များတက်ရောက်ခဲ့ကြသည်။

မအူပင်မြို့နယ်၊ အောက်ပိုင်းကျရွာ၌ တိုးမြစ်ရေတိုက်စားမှုကြောင့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွား

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်၊ တလုပ်လပ်အနောက်ကျေးရွာအုပ်စု၊ အောက်ပိုင်းကျေးရွာ၌ ယနေ့နံနက်ပိုင်းက တိုးမြစ်ရေတိုက်စားမှုကြောင့် အလျား (၅၀) ပေ၊ အနံ (၂၀)ပေခန့် မြစ်ကမ်းပါးပြိုကျမှုဖြစ်ပွားခဲ့ပြီး မြစ်ကမ်းပါးပြိုကျမှုနှင့်နီးကပ်သည့် ဓနိမျုး၊ ဓနိကာ၊ ပျဉ်ခင်းနေအိမ် (၃)လုံး ကြိုတင်ဖျက်သိမ်းပြောင်းရွှေ့ခဲ့ရကြောင်း သိရသည်။

မြန်အောင်မြို့ဝေဠုဝန်ပရိယတ္တိစာသင်တိုက်   အတုလသယမ္ဘူ မြတ်စွာဘုရားကြီး  ဗုဒ္ဓပူဇနိယ အနေကဇာတင်မင်္ဂလာ၊ ဝေဠုဝန်ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစာရိန္ဒ ၏(၆၁)နှစ်ပြည့် ဝိဇာတမင်္ဂလာအခမ်းအနား (ပထမနေ့)ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊မြန်အောင်မြို့ဝေဠုဝန် ပရိယတ္တိစာသင်တိုက် အတုလသယမ္ဘူ မြတ်စွာဘုရားကြီး  ဗုဒ္ဓပူဇနိယ အနေကဇာတင်မင်္ဂလာနှင့်ဝေဠုဝန်ဆရာတော် မဟာဂန္တဝါစကပဏ္ဍိတ ဘဒ္ဒန္တစာရိန္ဒ၏ (၆၁)နှစ်ပြည့် ဝိဇာတမင်္ဂလာအခမ်းအနားကို ယမန်နေ့ နံနက်က ကျင်းပပြုလုပ်သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး