ဧရာဝတီတိုင်းဒေသကြီး

ဒေးဒရဲမြို့နယ် ဂုံမင်းကွင်းကျေးရွာ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌  လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူပေါင်း၍ မြို့နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်ပြည့်စုံပြီး အသိပညာဗဟုသုတများ တိုးပွားစေရန်၊ နှုတ်မှုစွမ်းရည်များ ထက်မြက်လာစေရန်၊ စဥ်းစားတွေးခေါ်မှုစွမ်းရည်များ ရင့်သန်လာစေရန်နှင့် ကိုယ်ကျင့်တရားကောင်းမွန်သည့် လူတော်၊ လူကောင်းများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ လူငယ်စကားဝိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၁၀)နာရီက ဂုံမင်းကွင်းကျေးရွာ၊ အခြေခံပညာအလယ်တန်းကျောင်း (ခွဲ)ရှိ  အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

အမာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ ဂျပန်ဦးနှောက်ရောင်ရောဂါကာကွယ်‌ဆေးထိုးနှံပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၌ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ဂျပန်ဦးနှောက်ရောင် ရောဂါကာကွယ်ဆေးများထိုးနှံ‌ပေးခြင်းကို အ‌မာမြို့၊ အခြေခံပညာအထက်တန်းကျောင်း၌ စက်တင်ဘာလ(၃)ရက်နေ့ မွန်းလွဲ(၂)နာရီအချိန်က ထိုးနှံပေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အဖွဲ့သည် ဓနုဖြူမြို့နယ်အတွင်း လူဦးရေစာ​ရင်း တိုက်ဆိုင်စစ်ဆေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးနေမှုများအားကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်နှင့်အဖွဲ့သည် ယနေ့ စက်တင်ဘာလ ၃ ရက်နေ့နံနက်ပိုင်းက ဓနုဖြူမြို့နယ်အတွင်းရှိ လူဦးရေစာ​ရင်း တိုက်ဆိုင်စစ်ဆေးခြင်း၊ အိမ်ထောင်စုလူဦးရေစာရင်းနှင့် နိုင်ငံသားစိစစ်ရေးကတ် မြေပြင်ကွင်းဆင်းဆောင်ရွက်ပေးနေမှုများအား ကြည့်ရှုစစ်ဆေးခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးသယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့် ပန်းတနော်မြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်းစစ်ဆေးခြင်းလုပ်ငန်းများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ သယံဇာတရေးရာဝန်ကြီး ဦးအုန်းမြင့်မှ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်သို့ ရောက်ရှိခဲ့ပြီး  မအူပင်ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်နိုင်၊ မအူပင်ခရိုင် လဝကဉီးစီးမှူး ဒေါ်နွယ်နီစိုး၊ မြို့နယ်မြေပြင် လူဦးရေစာရင်း ကောက်ယူရေး ကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့် အဖွဲ့များအားတွေ့ဆုံ၍ မြို့နယ်အတွင်း မြေပြင် လူဉီးရေစာရင်း တိုက်ဆိုင်စစ်ဆေးမှုအခြေအနေ၊ မြို့နယ်အတွင်း အိမ်ရှိ လူမရှိမှုအခြေအ‌နေ၊ (၂၈-၁၂-၂၀၂၅) ရက်နေ့တွင် အသက် (၁၈)နှစ်ပြည့်မည့်သူများစာရင်းတွင် ပါရှိစေရေးနှင့် မြို့နယ်အတွင်းမှ  ခရီးလွန်နေသူများအား မှတ်ချက်တွင် သွားရောက်သည့်ဒေသများကို စနစ်တကျဖြင့် ‌ရေးသွင်းဖော်ပြပေးရန် စသည့်အချက်များအား ယနေ့နက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး မြို့နယ်အုပ်ချုပ်ရေးမှူးရုံးခန်း၌ ဆွေးနွေးခဲ့သည်။

ဖျာပုံမြို့နယ်အတွင်းရှိရပ်ကွက်/ ကျေးရွာများသို့ မြေပြင်လူဦးရေစာရင်း မှန်ကန်စေရေး ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများသို့ ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီမှ မြို့နယ်အတွင်းရှိ လူဦးရေစာရင်း မှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်း စာရင်းစိစစ်မှုများအား တစ်မြို့နယ်လုံးအတိုင်းအတာဖြင့် လိုက်လံစစ်ဆေး ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နေ့လယ်ပိုင်းအချိန်က မြို့ပေါ်ရပ်ကွက်များသို့ လိုက်လံစစ်ဆေးကြသည်။

ဘိုကလေးမြို့နယ်တွင် Green Zone ဖော်ဆောင်နိုင်ရေး ကွင်းဆင်းကြည့်ရှုကြပ်မတ်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နှင့် ဘိုကလေးမြို့နယ် နယ်စပ်၊ ဘိုကလေးမြို့အဝင်နေရာအား Green Zone အဖြစ် ဖော်ဆောင်နိုင်ရေး အဆိုပါနေရာသို့ ယမန်နေ့နေ့လယ်(၂)နာရီအချိန်၌ တာဝန်ရှိသူများ ကွင်းဆင်းကြည့်ရှုကြပ်မတ်ဆောင်ရွက်ခဲ့သည်။

ဟင်္သာတမြို့နယ်တွင် နိုင်ငံ့စီးပွားမြှင့်တင်​ရေးအစီအစဉ်တွင် အကျုံးမဝင်သည့် တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုဓာတ်မြေသြဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ခုနှစ် မိုးစပါး နိုင်ငံ့စီးပွားမြှင့်တင်ရေးအစီအစဥ်ဖြင့် အကျုံးမဝင်သော တောင်သူများအား ပန်းတိုင်အထွက်နှုန်းရရှိရေးအတွက် သွင်းအားစုဓာတ်မြေသြဇာများ တိုက်ရိုက်သက်သာစွာ ဖြန့်ဖြူးပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ ၂ နာရီတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူးရုံးအစည်းဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

ဘိုကလေးမြို့နယ်တွင်  ပန်းခင်းစီမံချက်-၃ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်များ စဉ်ဆက်မပြတ် ကွင်းဆင်းဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်အတွင်းမှ ကျေးရွာအုပ်စုများသို့ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ ဘိုကလေးမြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများသည် ယခုနှစ် ဩဂုတ်လမှစတင်၍ ယနေ့အထိ စဉ်ဆက်မပြတ်ကွင်းဆင်း၍ ပြည်သူများအား ပန်းခင်းစီမံချက်(၃)ဖြင့် နိုင်ငံသားစိစစ်ရေးကဒ်များ ဆောင်ရွက်ပေးလျက်ရှိသည်။

ကျိုက်လတ်မြို့နယ်၌ ဒေသန္တရကျန်းမာရေးဌာန ဆေးခန်းဖွင့်ပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်၊ အမှတ်(၃)ရပ်ကွက်၊ ၅×၆ ဉီးပြုံးချိုလမ်းရှိ မိခင်နှင့်ကလေးကျန်းမာရေးဌာနတွင် ယမန်နေ့နံနက်(၁၀)နာရီက ဒေသန္တရကျန်းမာရေးဌာန ဆေးခန်းဖွင့်ပွဲ ကျင်းပပြုလုပ်ခဲ့သည်။

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ပုသိမ်မြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးမှုအခြေအနေအား လိုက်လံကြည့်ရှုစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် စီးပွားရေးရာဝန်ကြီး ဦးမောင်မောင်ဦးသည် ယမန်နေ့နေ့လည်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ပုသိမ်မြို့နယ်အတွင်း မြေပြင်လူဦးရေစာရင်း ကွင်းဆင်းတိုက်ဆိုင်စစ်ဆေးမှုအခြေအနေများအား လိုက်လံကြည့်ရှုစစ်ဆေးခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး