ဧရာဝတီတိုင်းဒေသကြီး

ကျုံပျော်မြို့ မိုးကြိုးပစ် အ.ထ.က၌ အသိပညာပေး ဟောပြောပွဲပြုလုပ်

ကျောင်းသားလူငယ်များ အသိပညာ ဗဟုသုတတိုးပွားရရှိစေရန်အတွက် ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်  ကျုံပျော်မြို့နယ် ဌာနဆိုင်ရာများ ပူးပေါင်းကာ လူငယ်အသိပညာပေး ဟောပြောပွဲကို ယမန်နေ့‌နံနက် ၁၀ နာရီခွဲအချိန်က ကျုံပျော်မြို့နယ်  မိုးကြိုးပစ်ကျေးရွာ အခြေခံပညာအထက်တန်းကျောင်း၌ ပြုလုပ်သည်။

ဟင်္သာတတက္ကသိုလ်တွင် မြန်မာအီလက်ထရောနစ်မဲပေးစက်(MEVM)အကြောင်း အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းအခမ်းအနားပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်ရှိ ဟင်္သာတတက္ကသိုလ် ပင်မ သုံးထပ်ဆောင်၊ ဘွဲ့နှင်းသဘင်ခန်းမ၌ ယမန်နေ့နံနက် ၁၀ နာရီက မြန်မာအီလက်ထရောနစ် မဲပေးစက်(MEVM)အသုံးပြုပုံ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်း အခမ်းအနားပြုလုပ်ခဲ့သည်။

ငါးသိုင်းချောင်းမြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ကျင်းပဖွင့်လှစ်သည့် အခြေခံဝါးလက်မှုထည်သင်တန်းဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ်၊ ငါးသိုင်းချောင်းမြို့တွင် အသေးစားစက်မှု လက်မှုလုပ်ငန်းဦးစီးဌာနမှကြီးမှူး၍ ကျင်းပဖွင့်လှစ်သည့် လက်မှုရွာစီမံကိန်းလုပ်ငန်းဖြစ်သည့် အခြေခံဝါးလက်မှုထည်သင်တန်းဖွင့်ပွဲအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၁) နာရီခွဲတွင် မအူကုန်ကျေးရွာအုပ်စု စံပြကျေးရွာ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဖျာပုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မြန်မာအီလက်ထရောနစ်မဲပေးစက် (MEVM)ဖြင့်လက်တွေ့စမ်းသပ်မဲပေးခြင်းများဆက်လက်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများ ဆန္ဒမဲပေးရာတွင် အချိန်ကြန့်ကြာမှုမရှိပဲ အဆင်ပြေချောမွေ့စွာ ဆန္ဒမဲပေးနိုင်ရေး မြန်မာအီလက်ထရောနစ် မဲပေးစက်ဆိုင်ရာ သိကောင်းစရာများ အသိပညာပေး ဟောပြောခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းများကို ရပ်ကွက်/ကျေးရွာများတွင် ဆောင်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းအချိန်က ဗျိုင်းကဇီးကျေးရွာနှင့်ဒေါ် ညိမ်းကျေးရွာ အုပ်စုများတွင် ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အမာမြို့၊ မူလတန်းကြိုကျောင်းတွင် ကျောင်းတွင်း ဥာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးပွဲအခမ်းအနား ကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့၊ လူမှုဝန်ထမ်းဦးစီးဌာန၊ အမာမူလတန်းကြိုကျောင်းတွင် ကလေးငယ်များ၏ အသိဉာဏ်ပညာဖွံ့ဖြိုးတိုးတက်စေရေး ဥာဏစွမ်းရည်ပြိုင်ပွဲနှင့် ဆုပေးအပ်ပွဲအခမ်းအနားကို ယမန်နေ့နံနက်(၁၁)နာရီအချိန်က ကျင်းပပြုလုပ်ခဲ့‌ကြောင်း သိရသည်။

ဒေးဒရဲမြို့၌ အွန်လိုင်းလိမ်လည်မှုဖြစ်စဥ်များ မဖြစ်ပွားစေရေး အသိပညာပေးဟောပြော

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရှိ ပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ အွန်လိုင်းလိမ်လည်မှုဖြစ်စဥ်များ မဖြစ်ပွားစေရေးနှင့် ကြိုတင်သတိထားဆောင်ရွက်ရမည့် နည်းလမ်းများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး ကျောင်းအခြေပြုအသိပညာပေး ဟောပြောပွဲကို ယနေ့နံနက်(၁၁)နာရီက အမှတ်(၁) အခြေခံပညာနှင့် စက်မှု၊ စိုက်ပျိုး၊ မွေးမြူရေးအထက်တန်းကျောင်းရှိ ကရဝိက်ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ပန်းတ‌နော်မြို့၌မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ်ပြခြင်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ ကျုံတုံးကြီးကျေးရွာအုပ်စု၊ ရန်ကုန်-ပုသိမ်ကားလမ်းဘေးရှိ FAMOUS (SBP) Energy စက်သုံးဆီအရောင်းဆိုင်တွင် မီးဘေးလုံခြုံရေး စစ်ဆေးခြင်း၊ ဟောပြောခြင်းနှင့် မီးငြှိမ်းသတ်ရေးသရုပ် ပြခြင်းများကို ယနေ့နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မအူပင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ် မဲပေးခြင်းသရုပ်ပြပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်းရှိ မဲဆန္ဒရှင်ပြည်သူများအား မဲပေးစက်ဆိုင်ရာ အသိပညာပေးခြင်းနှင့် လက်တွေ့စမ်းသပ်မဲပေးခြင်းသရုပ်ပြပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၉)ရပ်ကွက်ရှိ အခြေခံပညာအလယ်တန်းကျောင်း(ခွဲ)၌ ကျင်းပပြုလုပ်သည်။

ကန်ကြီးထောင့်မြို့နယ်၌ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းမရှိသူများအား ထုတ်ပေးနိုင်ရေး စိစစ်ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်၌ ကျေးရွာအုပ်စုအတွင်းရှိ မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းမရှိသူများအား မှတ်ပုံတင်၊ အိမ်ထောင်စုစာရင်းထုတ်ပေးနိုင်ရေး စိစစ်ခြင်းအား ယနေ့နံနက်က ဧရာသီရိသုခခန်းမတွင် ဆောင်ရွက်ခဲ့ကြသည်။

ဟင်္သာတမြို့နယ်တွင် အခွန်ဆိုင်ရာ ကိစ္စရပ်များနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ် ပြည်တွင်းအခွန်များဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က အခွန်ဆိုင်ရာ ကိစ္စရပ်များနှင့် ပြေစာများအပေါ် အခွန်အမှတ်တံဆိပ် ကပ်နှိပ်ခြင်းဆိုင်ရာ သိကောင်းစရာများ ရှင်းလင်းဆွေးနွေးပွဲ အခမ်းအနားကျင်းပပြုလုပ်ခဲ့သည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး