ဧရာဝတီတိုင်းဒေသကြီး

ဟင်္သာတမြို့နယ်တွင် ကျောင်းအခြေပြု ကာကွယ်ဆေးများ ထိုးနှံလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်၌ ခရိုင်နှင့်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကာကွယ်ဆေးဖြင့် ကာကွယ်၍ရသော ရောဂါများ မဖြစ်ပွားစေရေးအတွက် အရှိန်အဟုန်မြှင့် ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက်ပိုင်းတွင် ကင်းရပ်ကွက်ရှိ အ.မ.က(၂၀)ကျောင်း၌ ဆုံဆို့မေးခိုင်ရောဂါ ကာကွယ်ဆေးနှင့် သားအိမ်ခေါင်း ကင်ဆာရောဂါကာကွယ်ဆေးကို ထိုးနှံပေးခဲ့ကြသည်။

၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲတွင် မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ထူးချွန်ကျောင်းသား/သူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ လေးမျက်နှာမြို့နယ်၊ မြို့နယ်ပညာရေးမှူးရုံး ပညာရတနာခန်းမတွင် ၂၀၂၅ ခုနှစ် တက္ကသိုလ်ဝင်စာ‌မေးပွဲတွင် မြို့နယ်အဆင့် အောင်ချက်အကောင်းဆုံးကျောင်းများနှင့် ထူးချွန်ကျာင်းသား/သူများအား ဆုချီးမြှင့်ခြင်းအခမ်းအနားကို ယမန်နေ့နံနက်ပိုင်းက ကျင်းပခဲ့သည်။

ဇလွန်မြို့ အခြေခံပညာမူလတန်းကျောင်းကမ်းနားတွင် (ဒုတိယအကြိမ်) ကျောင်းတွင်း အာဟာရကျွေးမွေးခြင်း လုပ်ငန်းများ ဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများ၌ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ ကျောင်းကျန်းမာရေး သီတင်းပတ်အဖြစ် ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယအကြိမ်) အာဟာရကျွေးမွေးခြင်းများကို ဆောင်ရွက်လျက်ရှိရာ ယမန်နေ့မွန်းတည့် ၁၂ နာရီတွင် အ.မ.က ကမ်းနားကျောင်း၌ ဆောင်ရွက်ခဲ့သည်။

ဒေးဒရဲမြို့နယ် တော်ကမယ်ကျေးရွာအုပ်စု၌ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းစိစစ်မှုများအား ကြည့်ရှုအားပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် မြေပြင်လူဦးရေစာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီမှ မြို့နယ်အတွင်းရှိ လူဦးရေစာရင်း မှန်ကန်စေရေး၊ မြေပြင်ကွင်းဆင်း စာရင်းစိစစ်မှုများအား တစ်မြို့နယ်လုံးအတိုင်းအတာဖြင့်ဆောက်ရွက်လျက်ရှိရာ ယမန်နေ့နံနက်ပိုင်းက တော်ကမယ်ကျေးရွာ၌ ကွင်းဆင်းဆောင်ရွက်လျက်ရှိသည့် လုပ်ငန်းများအားတာဝန်ရှိသူများ ကြည့်ရှုအားပေးခဲ့ကြောင်း သိရသည်။

ကန်ကြီးထောင့်မြို့နယ်၊ အ.ထ.က-မြင်းကဆိပ်၌ စာဖတ်ရှိန်မြင့်တင်ရေး လူငယ်စကားဝိုင်းကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ကန်ကြီးထောင့်မြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းပြီး ကျောင်းသား၊ ကျောင်းသူများ ဗလငါးတန်တိုးပွားစေ၍ အသိပညာဗဟုသုတများ ဖလှယ်တတ်စေရန်နှင့်စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်စကားဝိုင်းဆွေးနွေးပွဲကို စက်တင်ဘာလ ၂၃ ရက်နေ့ နံနက်ပိုင်းက မြင်းကဆိပ်တိုက်နယ်ရှိ အခြေခံပညာအထက်တန်းကျောင်း (မြင်းကဆိပ်) ၌ ကျင်းပခဲ့သည်။

ဟင်္သာတမြို့နယ် တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ(၈)ဘီ လီယံမှ မွေးမြူရေးကဏ္ဍချေးငွေအား ဟင်္သာတမြို့နယ်အတွင်းရှိ မွေးမြူသူများသို့  ပေးအပ်ပွဲအခမ်းအနားကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဟင်္သာတခရိုင်၊ ဟင်္သာတမြို့နယ်တွင် ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ နိုင်ငံ့စီးပွားမြှင့်တင်ရေး ရန်ပုံငွေ (၈) ဘီလီယံမှ မွေးမြူရေးကဏ္ဍချေးငွေအား ဟင်္သာတမြို့နယ်အတွင်းရှိ မွေးမြူသူများသို့ ယမန်နေ့ နံနက် ၁၀ နာရီက ခရိုင်မွေးမြူရေးနှင့် ကုသရေးဦးစီးဌာနမှူးရုံး အစည်းဝေးခန်းမ၌ ပေးအပ်ပွဲအခမ်းအနား ကျင်းပခဲ့သည်။

မော်လမြိုင်ကျွန်းမြို့ပေါ်ရှိဆေးဆိုင်များ သတ်မှတ်စည်းကမ်းချက်များနှင့်အညီရောင်းချရန် ကြပ်မတ်စစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ မော်လမြိုင် ကျွန်းမြို့နယ် စားသုံးသူရေးရာဦးစီးဌာနမှဦးစီးမှူး ဦးဆောင်သော ဝန်ထမ်းများအဖွဲ့နှင့်သက်ဆိုင်ရာ ဌာနဆိုင်ရာများနှင့်အတူ ယနေ့မွန်းလွဲ(၁)နာရီက မော်လမြိုင်ကျွန်းမြို့ပေါ်ရှိ ဆေးဝါးပစ္စည်းအရောင်းဆိုင်များသို့ သွားရောက်ပြီး သတ်မှတ်စည်းကမ်းချက်များနှင့်အညီ စနစ်တကျရောင်းချခြင်း ရှိ၊ မရှိ ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လပွတ္တာမြို့၊ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်း ခရိုင်နှင့်မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများနှင့်တွေ့ဆုံ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ပြည်ထောင်စု ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင် ဦးတင်ဆွေဝင်းနှင့် ခရိုင်/မြို့နယ် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ တာဝန်ရှိသူများတွေ့ဆုံ၍ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲ အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ရွေးကောက်ပွဲဆိုင်ရာကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးလျက်ရှိကြောင်း သိရသည်။

ကျိုက်လတ်၌ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ရောဂါ ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများထိုးနှံ

ဧရာ၀တီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ကျိုက်လတ်မြို့နယ်ရှိ အခြေခံပညာကျောင်းများသို့ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနက ယနေ့နံနက်(၉)နာရီအချိန်မှစတင်၍ ကျောင်းအခြေပြု ဆုံဆို့-မေးခိုင်ရောဂါ ကာကွယ်ဆေးနှင့် သားအိမ်ခေါင်းကင်ဆာရောဂါ ကာကွယ်ဆေးများ ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ကြံခင်းမြို့နယ်အတွင်း ဒေသနှင့်ကိုက်ညီသော သုံးစွဲသူတောင်သူများ စိတ်တိုင်းကျလက်ဆွဲ မျိုးစေ့ချကိရိယာ (Drum Seeder)များ  ထုတ်လုပ်နေမှုအား တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှု

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ်၊ ရွာသစ်ရပ်ကွက်ရှိ ယမန်နေ့ညနေ ၄ နာရီခွဲက “ဝင်းကြွယ်” စက်မှု၊ လက်မှုနှင့် လယ်ယာသုံးစက်ကိရိယာထုတ်​ရေးလုပ်ငန်းခွင်သို့ ခရိုင်/ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုခဲ့ကြကြောင်း သိရသည်။
Subscribe to ဧရာဝတီတိုင်းဒေသကြီး